Part5

2.2K 82 0
                                    


"မေမေ မကောင်းဘူး..."
ဆူပုတ်ပုတ်လေးပြောကာ ဆိုဖာပေါ်သို့ပစ်ထိုင်လိုက်သည့်ကူး။
"မေမေကဘာမကောင်းလို့လဲ...."
"ဟုတ်တယ်လေ မမကို အမေဘာလို့အဲ့လိုတွေပြောလိုက်ရတာလဲ တစ်ဖက်သားကို အားနာစရာကောင်းအောင်..."
"အို ဘာအားနာရမှာလဲ မှန်တာပြောတာပဲ ပြီးတော့ ငါတစ်ယောက်တည်းပြောတာမဟုတ်ဘူး လူတိုင်းသိတယ်..."
"သူများပြောတာနဲ့ပဲမေမေရယ် ...."
"သူများပြောတာလောက်နဲ့ပြောနေတာမဟုတ်ဘူး အဲ့ကောင်မလေးကိုက အများတကာပြောသလို ပျက်စီးနေတာသိရဲ့လား ဒီမနက်စျေးသွားတော့ သူဆေးလိပ်သောက်နေတာ မေမေကိုယ်တိုင်မြင်ခဲ့တာ အဲ့ဒါကြောင့် ငါ့သမီးကို သူနဲ့မပက်သတ်ဖို့ ပြောနေတာ..."
မေမေကစိုးရိမ်စိတ်ထက် မမကိုမလိုမုန်းတီးစိတ်ကပိုများနေပုံရသည်။
မမနဲ့ခင်မင်ချင်တာတောင် မမကလက်မခံသေးတာ ခုလိုဖြစ်သွားတော့ ကူးကိုမမပိုပြီး မုန်းနေတော့မယ်။ ထိုးအတွေးတစ်စနဲ့ပင် ကူးရင်တွေပူလောင်ရသည်။ တစ်ဦးတည်းသောသမီးမို့ အစ်မလိုချင်ပြီး မမအပေါ်ဒီလောက်ခင်မင်တွယ်တာမိလေသလား ။
"တစ်ခါတည်းပြောထားမယ်နော် သမီး အဲ့ကောင်မလေးနဲ့အရောတဝင်မနေပါနဲ့..."
"ဟာ မေမေကလည်း မမအကြောင်းကို ဘာမှသေသေချာချာမသိပဲနဲ့..."
"သမီးကရောဘယ်လောက်သိနေလို့လဲ.."
ထိုသို့မေမေမေးလိုက်တော့လည်း ကူးမှာဖြေစရာမဲ့နေသည်။ မမနာမည်ကိုတောင် မနေ့တစ်နေ့ကမှသိတဲ့ကူးက မမစိတ်ကိုဘယ်လိုဖတ်နိုင်မှာလဲ? မမအကြောင်းကိုဘယ်လိုနားလည်မှာလဲ? ဒါပေမယ့် မမကိုကူးစိတ်ဝင်စားတယ်။ အေးစက်မာကျောသည့် မျက်နှာထားတည်တည်နဲ့မမ။ မမရဲ့မျက်ဝန်းတွေက တစ်စုံတစ်ခုကိုရှာဖွေနေတယ်လို့ ကူး ခံစားရတယ်။ မမရဲ့မျက်ဝန်းတွေဟာ ကူကယ်ရာမဲ့နေသူပမာ မမနဲ့အကြည့်ချင်းဆုံမိတိုင်း ကူးရင်ထဲမှာ အလိုလိုသနားမိသည်၊။ အလိုလိုမေတ္တာပိုမိသည်။ ဘယ်လောက်ပဲ ကူးကို မမ အပေါင်းအသင်းမလုပ်ဘူးလို့ ငြင်းဆန်နေပါစေ ကူးစိတ်မဆိုးပေ။ မမရဲ့ငြင်းဆန်မှုက ကူးကို လိုအပ်နေတယ်လို့ တောင်းဆိုနေသည့်ပမာ ကူးထင်မိသည်။ မမကိုထွေးပွေ့ယုယချင်သည်။ အို..!မမဟာ ကူးအတွက် စိတ်ဝင်စားစရာအကောင်းဆုံးတိမ်ဆိုင်လေးပါ...။ လေနှင်ရာလွင့်တယ် ဖမ်းဆုပ်ဖို့ခက်တယ် ။
မမနဲ့ပက်သတ်တဲ့ ကူးရင်ထဲက ခံစားချက်အတိမ်အနက်က သာမန်မှ ဟုတ်ပါလေစ...။
☪☪☪☪☪☪☪☪☪☪☪☪
"အဲ့ဒါဆိုလည်း ပြန်မယ်လာ ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့မပက်သတ်နဲ့ ကိုယ့်သိက္ခာကိုဆွဲချမယ့်လူတွေနဲ့ကင်းအောင်နေသမီး.."
"သမီးဘာမှမသိရင်အသာနေပါ ဒီကောင်မလေးက အကျင့်ပျက်နေတာ...."
"ငါကနိုင့်ထက်စီးနင်းပြောနေတာမဟုတ်ဘူး ဒါကအများသိတွေ မဟုတ်ရင်မနာနဲ့လေ အေးပေါ့လေ မင်းလည်းသူ့ဘက်ကနာမှာပေါ့ မင်တို့ကမရှင်းမရှင်းတွေဆိုတော့..လာ သမီး အိမ်ပြန်မယ် ဒီလိုဟာမျိုးတွေနဲ့ မပက်သက်နဲ့..."
စန္ဒကူးအမေရဲ့စကားတွေက ခါးရဲ့နားထဲမှာ အခုချိန်ထိလှိုင်းခက်နေတုန်းပင်။ စိတ်တိုမိတာမှန်သော်လည်း လက်တုန့်မပြန်မိသည်က ခါးထက်အသက်ကြီးနေလို့လား။ ကိုယ့်ထက်အသက်ကြီးလို့ ပြန်မလုပ်တဲ့အထဲမှာ မုန်းခါးဆိုတဲ့သူမ မပါတာကို ခါး၇တန်းလောက်က အဖြစ်အပျက်တစ်ခုကသက်သေပြနေသည်။ ထိုအဖြစ်အပျက်က....~~~~~
ခါး ၇တန်းအရွယ်...ကျောင်းဆင်းချိန်ရောက်လို့ အသီးသီးကျောင်းခန်းထဲမှထွက်သောအခါ...
"အားး...ဘာလုပ်တာလဲ..."
ခါးရဲ့ခြေထောက်ကို လာကြိတ်မိသော ဒေါက်ဖိနပ်မာမာတစ်စုံကြောင့် ခါးအစမတန်အော်လိုက်ပြီး ခါးကိုတက်နင်းသည့် ကောင်မလေးကိုကြည့်မိသည်။ ခါးတို့တစ်တန်းလုံးမှာ အချမ်းသာဆုံးကောင်မလေး။
ခါးကိုတစ်ချက်သာကြည့်သည်။ အကြည့်တွေက အထင်သေးအမြင်သေးနှင့်ဖြစ်သည်။
"sorry..."
သူ့ဖိနပ်ကိုဖယ်ပြီး အလွယ်တကူပြောကာ ကျောခိုင်းသွားသည်။ သူနင်းလိုက်သည့် ခါး ခြေထောက်လေးမှာ ပွန်းပဲ့ပြီးသွေးစို့ကျန်ခဲ့သည်။ မျက်ရည်မထွက်ဘဲ ဒေါသထွက်သွားသည့် ခါးက ထိုကလေးမကို နောက်ကနေပခုံးဆွဲလှည့်လိုက်သည်။ ထိုအခါ သူမက မသတီသည့်ပုံစံဖြင့်နှာခေါင်းရှုံ့ကာ ခါးလက်ကိုပုတ်ထုတ်သည်။
"ငါ့အင်္ကျီပေကုန်တော့မှာဘဲ မိဘမဲ့မရဲ့ ..."
သူ့အင်္ကျီကိုခါနေရင်းဖြင့် ခါးကိုစကားလုံးဖြင့်စော်ကားလေသည်။
"နင်ငါ့ကိုပြန်တောင်းပန် ရှင်းသန့်မေ..."
သူ့နာမည်ကိုခေါ်ပြီး မာမာတင်းတင်းပြောလိုက်သည့် ခါးရဲ့စကားကို သူကရယ်လေသည်။
"မတောင်းပန်တော့ဘာလုပ်ချင်လဲ ဘောပြားမရဲ့ ခစ်ခစ်..."
လှောင်ပြောင်သရော်နေသော ရှင်းသန့်မေ။
သူ့ကိုယ်သူ ကမ္ဘာ့ထိပ်တန်းသူဋ္ဌေးသမီးပမာ မာနထောင်လွှာပြီး ဂုဏ်မောက်လှသည့် ရှင်းသန့်မေကို ခါးကြည့်မရတာအရင်ကတည်းကဖြစ်သော်လည်း ခါး ကိုယ့်ဇယားနဲ့ကိုယ်သာနေခဲ့သည်။ အခုတော့ ကိုယ့်ဇယားနဲ့ကိုယ် နေမရအောင် ဇယားလာရှုပ်တဲ့ ရှင်းသန့်မေကြောင့် ခါးရဲ့ဒေါသက အထွဋ်အထိပ်သို့ရောက်နေချေပြီ။ အံကိုတင်းတင်းကြိတ်ထားကာ သူ့ကိုခပ်စူးစူးကြည့်လိုက်တော့ သူကလည်း လှောင်ပြောင်ရိပ်မကင်းသည့် အကြည့်ဖြင့်ကြည့်နေသည်။
"ထပ်ပြောမယ် နင်ငါ့ကိုတောင်းပန်မှာလား မတောင်းပန်ဘူးလား..."
"ဟွန့် ဆုတောင်းနေလိုက်လေ နင့်ကိုဘယ်တော့မှ မတောင်းပန်ဘူး..."
ပိုင်နိုင်စွာပြောပြီး ခါးကိုထပ်မံကျောခိုင်းလှည့်ထွက်သွားသည့် ရှင်းသန့်မေကို ပခုံးကနေလှည့်ဆွဲလိုက်ကာ...
"ဖြောင်း......!!!"
လက်ဝါးဖြူဖြူနုနုက မိတ်ကပ်အပြည့်နဲ့ပါးပြင်သို့ ခပ်ကြမ်းကြမ်းရိုက်ချလိုက်တော့ ထင်မထားတဲ့ခါးရဲ့အပြုအမူကြောင့် ရှင်းသန့်မေ အငိုက်မိပြီး ခံလိုက်ရသည်။ ဘေးနားက ကျောင်းပြင်မရောက်တရောက် ကျောင်းသူလေးတွေလည်း အံသြတကြီးဝိုင်းကြည့်ကြသည်။
"နင် နင်ငါ့ကိုပါးရိုက်တယ် ဟုတ်လား အီးဟီးဟီး မာမီနဲ့တိုင်ပြောမယ် အီး ဟီး အဟင့်"
ရှင်းသန့်မေထိုင်ငိုနေတော့သည်။ သူ့ဖိနပ်ရာက ခါးခြေထောက်ပေါ်မှာမပျောက်သေးသလို ပွန်းပဲ့ပြီးသွေးထွက်နေသည်ကလည်းမတိတ်သေး။ အချိန်ကိုက်ဆိုသလို ရှင်းသန့်မေကိုလာကြိုတဲ့ကားရောက်လာသည်။ ကားပေါ်မှ သူ့အမေက သူငိုနေတာကြောင့် အပြေးအလွှားဆင်းလာလေသည်။ ခါးကလည်း ထိုနေရာမှာ ရပ်နေမြဲဖြစ်သည်။
"ဟယ် သမီးလေး မာမီ့သမီးလေးငိုနေတယ် သမီးကိုဘယ်သူကအနိုင်ကျင့်လို့လဲပြော ထပါဦးကွယ် ဟိုမှာသူများတွေလဲဝိုင်းကြည့်ကုန်ပြီ...."သူ့သမီးကိုဆွဲထူးရင်းပြာယာခက်နေသည့် မိန်းမကြီး။
"ဟင်!!သမီး ပါးကလည်းရဲလို့ပါလား မာမီရင်ထိတ်လိုက်တာကွယ် ပြောစမ်းပါဘယ်သူကဘာလုပ်တာလဲလို့...."
"အီး ဟင့် ဟင့် သူသမီးကို ပါးရိုက်တာ ဟီး ဟီး..."
"ဘာပြောတယ် ပါးရိုက်တာ ဟုတ်လား..."
ဒေါသတကြီးမျက်နှာထားနှင့်သူ့အမေက ခါးကိုလာကြည့်လေသည်။ ခါးကိုလက်ညှိုးထိုးပြရင်း ငိုယိုတိုင်ပြောနေသည့် ရှင်းသန့်မေအား ခါးက ရှုတည်တည်ပြန်ကြည့်ပေးလိုက်တော့ သူ့အမေနောက်ကို ကွယ်သွားသည်။
"မင်းလား ငါ့သမီးကိုပါးရိုက်တာ... "
"သူကမိန်းကလေးမာမီ ရွှတ်... "
နှပ်သုတ်ရင်း သူ့အမေကို စကားဝင်ထောက်နေသည့် ရှင်းသန့်မေ။
"သူမိန်းကလေးမှန်းမာမီသိပါတယ် ဒီလောက် ဖြူဖွေးနုဖက်ပြီး မိန်းကလေးဆန်ဆန်မျက်လုံးမျက်ခုံးရှိတာကို အရပ်ကလည်းခပ်ထွားထွား ဖရိုဖရဲချထားတဲ့ဆံပင်ကိုက ခေတ်မှီနေသလို..."
"မာမီးးး..."
စောင့်ကြီးအောင့်ကြီးအော်ခံသံကြောင့် စကားတစ်ဂက်တပျက်ရပ်သွားသည့် ရှင်းသန့်မေရဲ့အမေ။
"မာမီခေါ်ပါ သမီးရယ် ဘယ်နှယ့်မာမီးလဲ .."
"မာမီကသူ့ကို ချီးမွမ်းခန်းထုတ်နေတာကိုးလို့ အဟင့် မာမီ့သမီးနုနုထွဋ်ထွဋ်လေးကို သူကပါးရိုက်ထားတာနော် အီးဟင့် ဟီးး"
"ဟုတ်သားပဲ သူ့ရုပ်လေးကြည့်ပြီးမေ့သွားလို့ပါသမီးရယ်...."
သူတို့ကိစ္စနဲ့သူတို့ တိုင်ပက်နေတဲ့ သားမိကိုကြည့်ပြီး ခါး စိတ်ပျက်နေမိသည်။ လာကြိုသူမရှိတဲ့ခါးက ရန်နိုင့်ကိုအဖော်လုပ်ပြန်ရမှာဖြစ်တာကြောင့် ရန်နိုင် ခါးကိုမစောင့်မှာကို တွေးပူနေသည်။
"ဘာကိစ္စ ငါ့သမီးကို ပါးရိုက်တာလဲဟမ်..."
ဒေါသတွေတဖန်မောင်းတင်ပြီး မေးသည့် အဒေါ်ကြီးရဲ့ အမေးကို
"အန်တီ့သမီးအရင်စတာ..."ဟု ခပ်တည်တည်ဖြေလိုက်သည်။
"သမီးကမတော်တဆနင်းမိတာ သူကတမင်ပါးရိုက်တာမာမီ ..."
မုန်းခါးဆိုတဲ့ အပေအတေမကိုအမြင်ကပ်ကပ်ဖြင့် တက်နင်းလိုက်တာ ခြေလွန်လက်လွန်ဖြစ်သွားသည်ဆိုတာကိုတော့့ာမီ့ကိုပြောမပြဖြစ်ပေ။
ခါးကိုပြောဆိုကြိမ်းမောင်းကာ ကျောင်းအုပ်ရုံးခန်းဆီသို့ အတင်းချုပ်ပြီးဆွဲလေသည်။
"လူကြီးဖြစ်ပြီး လက်မပါနဲ့နော် ကျွန်တော်သည်းခံမှာမဟုတ်ဘူး...."
"အောင်မာ နင့်ကိုပဲငါကကြောက်နေရဦးမယ် နင်လိုက်ခဲ့ရုံးခန်းကို ငါ့သမီးကိုပါးရိုက်ရအောင် နင့်အဆင့်ကဘာမို့လို့လဲ အပေအတေကလေးမ မိမရှိဖမရှိမ ..."
ထိုစကားက ခါးကို နာကျင်စေသည်။ ခါးမှာမိဘတွေရှိတယ် သူတို့အလုပ်မအားလို့ ခါးကိုဂရုမစိုက်နိုင်ကြတာ။
"ကျွန်တော်မှာမိဘရှိတယ် အန်တီအဲ့လိုမပြောနဲ့..."
"မိဘရှိရင် နင့်ကိုဆုံးမကြမှာပေါ့ နင်ကမိမရှိဖမရှိမို့ ခုလိုမိုက်ရိုင်းနေတာ အပေအတေရဲ့ လာခဲ့ အခုလိုက်ခဲ့..."
ခါး လက်မောင်းကို အတင်းစောင့်ဆွဲ့ခေါ်နေသည့် အန်တီကြီး၏ လက်မောင်းကို စိတ်ဆိုးဆိုးဖြင့် ခါး ကုန်းကိုက်လိုက်သည်။
"အား ခွေးမလေး နာတယ် ငါ့ကိုလွှတ်စမ်း..."
ခါးရဲ့ခေါင်းကို ကျန်လက်တစ်ဖက်ဖြင့် တွန်းထုတ်ရိုက်နှက်နေသလို သူ့သမီးကလည်း ခါးနောက်ကျောကို ထုနှက်ရိုက်ပုတ်လေ၏။ ခါးကတော့ အဲ့မိန်းမကြီးရဲ့လက်ကိုမလွှတ်တမ်းကိုက်ထားသလို နောက်ကနေရိုက်နေသည့်သူ့သမီးကိုလည်း ခြေထောက်နဲ့နောက်ပြန်ကန်လိုက် လက်ဖြင့်မှီရာဆွဲလုပ်လိုက်နှင့် အများအမြင်မှာ သြံးယောက် အတွဲလိုက်ကြီးဖြစ်နေတော့သည်။ ခါးရဲ့နားထဲမှာ အန်တီကြီးရဲ့ နင့်နင့်သီးသီးစကားသံတွေက ထပ်ခါထပ်ခါကြားနေရသည်။
နောက်ဆုံးတော့ ထိုအဖြစ်အပျက်ကြောင့်ပဲ ကျောင်းအုပ်ရုံးခန်းရောက်ကာ အိမ်ကိုဆင့်ခေါ်ခံရသည်။ ကျောင်းထုတ်မခံရသော်လည်း ခါးတစ်ယောက်တည်းကိုပဲ ကျောင်းတစ်ပက်နားခိုင်းလေသည်။ အိမ်ရောက်တော့လဲ အဖေနဲ့အမေရဲ့ ဆူငေါက်ရိုက်နှက်ခြင်းခံရလေသည်။ ဒေါက်ဖိနပ်နှင့်သွေးထွက်အောင် အနင်းခံရသည့် ခါးခြေထောက်ကဒဏ်ရာကို ဘယ်သူမှမမေးကြသလို ခါးဆီက ဘာကြောင့်ပါဆိုတဲ့ ဖြေရှင်းချက်ကိုလည်းမယူ "အသံမထွက်နဲ့ပြန်ဖြေ"ဆိုသလို ခါးကိုဖြေရှင်းခွင့်မပေးပဲ စီရင်ချက်ချသည့် ဒီအမှုကိစ္စမှာ မုန်းခါးဆိုသည့်သူမကပဲ "အရိုင်းအစိုင်းအပေအတေမ..."ဟူသည့် ဂုဏ်ပုဒ်တွေနှင့် စိတ်အကျဉ်းချခံလိုက်ရသည်။
သေချာတာတစ်ခုကတော့ ကူးရဲ့မျက်နှာကိုသာ ခါးမကြည့်မိရင် ကူးရဲ့အမေနဲ့သူမ ရန်ပွဲတစ်ခုစတင်နေရမည်သာ။
တောင်းပန်သည့်အကြည့်လေးတစ်ခုက ဒေါသတွေကို ပေါက်ကွဲချင်တိုင်း အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲပစ်တတ်သည့် ခါးဆိုသည့်သူမအား ကိုယ့်ဒေါသကိုယ်ထိန်းချုပ်နေစေခဲ့၏။ နွေးထွေးကြင်နာသည့်အကြည့်လေးတွေမှာ ခါး ရှာဖွေနေခဲ့သည့် မေတ္တာဆိုသည့်အရာ ပါနေလေမလား?
ခက်တာက မေတ္တာတရာဆိုတာကို ခါးအသေအချာမသိတာပဲ...။
✡✡✡✡✡✡✡✡✡✡✡✡
ဝရန်တာကိုထိုင်မိတော့ ခါးအကြည့်တွေရောက်သွားသည့် တစ်ဖက်ခြံက ဝရန်တာလေးမှာ သူမကိုမေးထောက်ပြီး ငေးနေခဲ့သည့် ကောင်မလေးရှိမနေပေ။ ရင်ထဲမှာ ဟာတာတာဖြစ်သွားမိသလို တစ်စုံတစ်ယောက်ကို တမ်းတနေမိသည်။ သူမတမ်းတနေမိသည့်သူက သူမ သူငယ်ချင်းမလုပ်ချင်ခဲ့သည့် ကူးဆိုတဲ့ စန္ဒကူးရယ်ပါ...။ ဝမ်းနည်းသလိုလို အထီးကျန်သလိုလိုစိတ်နဲ့ပဲ ခါး ခြံထဲသို့ဆင်းလာခဲ့တော့သည်။ ခြံထဲက ဒါန်းလေးပေါ်ကို ခါးထိုင်ဖို့ဟန်ပြင်နေတုန်း ခါးနောက်မှအသံတစ်ခုကြားရသည်။
"မမ....."
ခါး ဆက်ကနဲလှည့်ကြည့်လိုက်သည်။ ရင်ခုန်သံတွေမြန်ဆန်လာသလို ဝမ်းသာပျော်ရွှင်သွားမိသည်။
"ကူး မမကိုလာတောင်းပန်တာပါ အရင်နေ့က မေမေပြောခဲ့တာတွေအတွက်..."
သူမသတိရနေမိသည့် အသံချိုမြမြလေးအား နားထောင်ပြီး နှစ်သိမ့်ကြည်နူးနေမိသည်။ ခါး ပြုံးနေမိသလား မသိသော်လည်း ကူးဆီသို့ ခြေလှမ်းတွေရွေ့လိုက်မိသည်။
"ကူး မမကိုတောင်းပန်ပါတယ်နော်..ကူးကလေ..."
သူမလေး စကားဆုံးသည်ကိုမစောင့်ပဲ နီရဲရဲနှုတ်ခမ်းလွှာလေးအား ဆွဲမက်စွာနမ်းရှိုက်လိုက်မိသည်။ အံသြထိန့်လန့်ဟန်ဖြင့်မျက်လုံး အဝိုင်းသားဖြစ်နေသော ကူးဆီက ပြန်လည်တုံ့ပြန်နမ်းမလာပေ။ အခိုက်အတန့်တစ်ခုအရောက်မှ ပြန်လည်တုံ့ပြန်နမ်းရှိုက်လေသည့် ကူး။
အနမ်းတွေဖလှယ်ရင်း ရင်ခုန်သံတွေ စည်းချက်လိုက်နေသည်မှာ
"ကူ ကူး ကူ ကူး...."ဟူ၍ပင်။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now