Part6

2K 78 0
                                    

နုညံ့နွေးထွေးသည့် မမရဲ့နှုတ်ခမ်းတစ်လွှာအား ကူး ပြန်လည်နမ်းရှိုက်နေမိသည်။ ရင်ခုန်သံတွေ ကခုန်နေသည့်အပြင် ကူးရဲ့ ပထမဆုံးအနမ်းကို သိမ်းပိုက်စိုးမိုးသွားသည့် မမအပေါ်မှာ ကူး မုန်းတီးစိတ်ဖြစ်မလာပေ။ အခိုက်အတန့်တစ်ခုအကြာ နမ်းရှိုက်နေကြသည့် သူမတို့နှစ်ဦးတွင် အနမ်းတွေကို ရပ်တန့်လိုက်သူက မမ...။
"ငါ...ငါတောင်းပန်ပါတယ်.."
မျက်နှာမထားတတ်သလိုဖြစ်ကာ ကူးမျက်နှာကိုပင် မော်မကြည့်တော့ဘဲ ခေါင်းငုံ့ထားမိသည့် ခါး။
< ကျစ်..!!! ငါဘာလို့ မိန်းကလေးချင်းသွားနမ်းနေရတာလဲ..မုန်းခါး နင်ရူးသွားပြီလား...>
ခါး စိတ်ထဲမှကိုယ့်ကိုယ်ကို ပြန်ပြီး ဆူနေမိသည်။
ကိုယ့်နှုတ်ခမ်းကိုလက်ချောင်းထိပ်လေးတွေဖြင့် ထိတို့ရင်း သူမတို့ရဲ့အဖြစ်အပျက်ကို အံသြလို့မဆုံးနိုင်ဖြစ်နေသည့်ကူးက ခါးရဲ့မျက်နှာကိုသာ လိုက်ကြည့်နေမိသည်။
"ကူး မမနဲ့သူငယ်ချင်းဖြစ်လို့ရမလားဟင်..."
အခွင့်အရေးဆိုတာ နှစ်ခါရတာမျိုးမဟုတ်သည်မို့ အခွင့်အရေးပေးတုန်း မမနှင့်သူငယ်ချင်းဖြစ်ခွင့်တောင်းလိုက်မိသည်။
ကူးရဲ့စကားကြောင့် ခါးတစ်ယောက် ကူးကိုမော့ကြည့်မိသည်။ သူ့ကိုစိတ်မဆိုးတဲ့အပြင် သူငယ်ချင်းဖြစ်ခွင့်ပါ တောင်းနေသည့် သူမလေးကြောင့် ခါး အံသြသွားမိသည်။ ဒါပေမယ့် ခါး စန္ဒကူးဆိုသည့်သူမလေးနှင့် သူငယ်ချင်းမဖြစ်ချင်ပေ။ ကူးနဲ့သူမကြားမှာ ခြားသွားမည့် သူငယ်ချင်းဆိုတဲ့စည်းတစ်ခုကို သူမ မလိုချင်ပေ။ အဲ့လိုဖြစ်နေရတာဘာကြောင့်လဲ....?သူမက normal မဟုတ်ဘူးလား?
"မင်းနဲ့ငါသူငယ်ချင်းမဖြစ်ချင်ဘူး စန္ဒကူး...."
"ဘာလို့လဲဟင် ကူးကိုမုန်းလို့လား..."
မမရဲ့စိတ်ကို နားမလည်နိုင်ဖြစ်နေသည့်ကူးက ဝမ်းနည်းသံလေးဖြင့်မေးလိုက်သည်။
"မင်းအမေကရော ငါနဲ့သူငယ်ချင်းဖြစ်ခွင့်ပြုလို့လား..."ထိုသို့မေးလိုက်တော့ ကူး ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
"မင်းငါနဲ့ဝေးဝေးမှာနေပါ စန္ဒကူး ငါ့စိတ်တွေက ပုံမှန်မဟုတ်ဘူး မိန်းကလေးချင်းလည်း နမ်းမိသွားနိုင်တယ် ငါ့ကိုလာမပက်သက်နဲ့.."
သူမလေးရဲ့ ကလေးဆန်ဆန်မျက်နှာလေးကို သေချာစိုက်ရင်းပြောလိုက်သည်။
ကူးကိုတွန်းထုတ်နေသည့် မမဆီကိုမှ ကူးဘာကြောင့်အတင်းသွားချင်နေရတာလဲ..?
"ဘယ်သူတွေဘာပြောပြော ကူး မမကိုနားလည်တယ်..."
မျက်နှာလေးမော့ချီကာ ရဲရဲကြီးပြောလိုက်သည်။ ကူးနှလုံးသားက အလိုလိုနားလည်နေခဲ့တာပါ။
"မင်းက ငါ့ကိုနားလည်တယ် ဟုတ်လား အဟွန်း မင်းကအပြောတော့ကောင်းသား..."
ကူးကို ခနဲ့တာလိုလိုနှင့်မထိတထိရယ်လိုက်သည့် မမရဲ့အပြုံးက စွဲမက်ဖွယ်ရာကောင်းသည့်အပြင် ညှို့ငင်အားလည်းရှိလှသည်။
"မင်းငါ့အကြောင်းတွေဘာမှမသိပါဘူး သိဖို့လည်းမကြိုးစားနဲ့ နားလည်ဖို့လည်းမစဉ်းစားနဲ့ ငါဘယ်သူနဲ့မှ ရှုပ်ရှုပ်ယှက်ယှက်လုပ်ရတာမကြိုက်ဘူး..."
"ဒါဆို ကူးကိုနမ်းတာကကော..."
ကူးရဲ့လျှပ်တပြက်အမေးကြောင့် ခါးမျက်နှာရဲသွားရသည်။ ကိုယ်တိုင်တောင်မသိလိုက်တဲ့မေးခွန်း။
"မင်းအမေကြောင့်..."
ထိုသို့ဖြေပြီး မျက်နှာကိုခပ်လွှဲလွှဲလုပ်လိုက်သည့် ခါး။ ခါးမျက်နှာကိုပဲ အမိအရလိုက်ကြည့်နေသည့် ကူး။
"မေမေ မမကိုပြောခဲ့တာကြောင့် ကူးကိုနမ်းတာပေါ့..."
"အင်း..."
မမ တမင်လျှောက်ပြောတာလို့ ကူး သိနေသည်။ မမရဲ့အနမ်းတွေမှာ မကျေနပ်ခြင်းတွေ မုန်းတီးခြင်းတွေမပါဘူးဆိုတာ ကူးသိသည်။ လွမ်းဆွတ်တပ်မက်စွာ နမ်းရှိုက်ခဲ့တာကို ဘာကြောင့် ခုလိုဗြောင်ငြင်းတာလဲ...။
ကူး မကျေမနပ်ဖြစ်ကာ မျက်နှာလေးဆူပုတ်မိတော့သည်။
"ဒါဆို မမ မတရားဘူး..."
"ငါက ဘာမတရားလို့လဲ.."
"ဟုတ်တယ်လေ ကူးကမေမေ့အစားလာတောင်းပန်တာလေ ဒါကို မေမေ့ကိုမကျေနပ်လို့ ကူးကိုနမ်းပြီးအပြစ်ပေးတာဆိုတော့..."
နမ်းတဲ့ကိစ္စကိုပဲ ထည့်ထည့်ပြောနေသည့် ကူးကြောင့် ခါးမျက်နှာတစ်ခုလုံးနီးရဲနေရသည်။
"မင်း အဲ့ကိစ္စထည့်မပြောလို့မရဘူးလား..."
"မပြောလို့မရပါဘူး အဲ့ဒါအမှန်တရားပဲကို...ကူးတောင်းပန်တာတောင်မမကနမ်းတာလေ.. "
"မင်းတောင်းပန်တာကိုလက်မခံချင်လို့ ဟုတ်ပြီလား.."
တကယ့် ပြဿနာအိုးလေး။ နမ်းတဲ့ကိစ္စကို သူမတားလေ ဆက်ပြောလေဖြစ်နေမှာဆိုးတာကြောင့် ဂျစ်တိုက်ပြီးသာပြန်ဖြေနေမိသည်။
"ဘာပဲဖြစ်ဖြစ်လေ မမ မတရားဘူး နောက်ပြီး အဲ့ဒါ ကူးရဲ့ First kissသိရဲ့လား..."
ထိုစကားကြားတော့ မယုံသင်္ကာသည့်မျက်လုံးနှင့် လာကြည့်သည့် မမ။
"ဘာလဲ မမကမယုံလို့လား..."
"ဘာမှမပြောမိပါဘူး.."
လက်တွေဖြန့်ရင်း ပခုံးနှစ်ဖက်တွန့်ပြသည့်မမ။
"ကူးရဲ့ ပထမဆုံးအနမ်းပေးလိုက်ရတာတောင်မှ မမက သူငယ်ချင်းဖြစ်ခွင့်မပေးဘူး အဲ့အတွက် မမဆီကအလျော်ပြန်တောင်းမယ်.."
ညစ်ကျယ်ကျယ်လေးပြုံးရင်း ပြောသည့် ကူးရဲ့စကားကို ခါး နားမလည်ပေ။
"အလျော် ဟုတ်လား.."
"အွန်း ခုနက ကူးဆီကခွင့်ပြုချက်မပါဘဲ  မမဘက်ကအရင်စနမ်းတာလေ အဲ့ဒါကို အလျော်ပြန်ယူမှာ.."
ခါး နားမလည်နိုင်သေးခင်မှာပဲ ခါးရဲ့နှုတ်ခမ်းပါးလေးဆီသို့ ထိကပ်လာသည့် နှုတ်ခမ်းသားဖူးဖူးလေးတစ်စုံ။  စွဲမက်ဖွယ်ရာအထိအတွေ့လေးတချို့က စက္ကန့်ပိုင်းလောက်သာ ။
"ကျေပြီ...သူငယ်ချင်းဖြစ်ဖို့စဉ်းစားပေးပါ မဟုတ်ရင်တော့ နမ်းတဲ့ကိစ္စကို လျှောက်ဖွပစ်မယ်..."
ပြောချင်တာပြောပြီးသည်နှင့် ပိုင်နိုင်သူအပြုံးလေးဖြင့် ပြုံးရင်း သူမရှေ့မှ ထွက်ခွာသွားတော့သည်။ ခါးမှာသာ ကိုယ့်ရင်ခုန်သံတွေ ကိုယ်နားထောင်ရင်း ကျောက်ရုပ်ပမာ ငူငူကြီးရပ်ကျန်နေခဲ့တော့သည်။
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
"သမီးငယ် ခဏလာဦး..."
အပြင်မှ ပြန်လာသည့် ကူးက မေမေ့ရဲ့ခေါ်ဆိုမှုကြောင့် ဧည့်ခန်းထဲကမေမေ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဖေဖေလည်းရှိနေသည်မို့ သူမကို တစ်ခုခုတားမြစ်သတိပေးတော့မည်ဆိုတာ ရိပ်စားမိတာကြောင့် မျက်နှာကအလိုလို ဆူပုတ်ပုတ်လေးလုပ်ထားမိသည်။
"ဖေဖေကဘာမှတောင်မပြောရသေးဘူး ငါ့သမီးမျက်နှာက ဆူပုတ်နေပြီလား..."
ခပ်ပြုံးပြုံးမေးလိုက်သည့် ဖေဖေ့ရဲ့အမေးကြောင့် ကူး ခေါင်းညိမ့်လိုက်သည်။
"ဟုတ်တယ်လေ ဖေဖေက ကူးကို ဘယ်မသွားရ ဘာမလုပ်ရ ဘာညာဆိုပြီး တားတော့မှာမဟုတ်လား..."
"ဟား ဟား ငါ့သမီးကတော့ကွာ ကွက်ကျော်တွေမြင်တတ်နေတာ အင်း အဲ့လိုကွက်ကျော်အမြင်တွေကို စီးပွားရေးမှာသာသုံးတတ်ရင်တော့ ကဲ ထားပါ.."
မေမေကတော့ အားပေးပရိတ်သတ်ပမာ ဘာမှဝင်မပြောချေ။ ရယ်ရယ်မောမောပြောနေသည်မှ ဖေဖေ ရုပ်တည်သွားသည်မို့ ကူးလည်း မျက်နှာထားပြေပြေပစ်ပစ်လေး ပြောင်းလိုက်သည်။ ကူးက ကလေးလိုနွဲ့ဆိုးပဲဆိုးရဲတာ ဖေဖေတည်တည်တံ့တံ့ပြောဆို ဆုံးမချိန်တွေမှာတော့ ကူး မဆိုးရဲ မချွဲရဲပေ။
"အင်း ဖေဖေပြောချင်တာကတော့ တခြားမဟုတ်ပါဘူး ဖေဖေတို့ ဒီကိုအလုပ်ကိစ္စနဲ့လာတယ်ဆိုတာ သမီးသိတယ်မလား...."
"ဟုတ်..."
"ဖေဖေတို့ ခဏလာကြတဲ့ အတောအတွင်းမှာ သမီးလေးကို လူပေါင်းမမှားစေချင်ဘူး ပျော်တာကလည်းပျော်တာပေါ့ ဒါပေမယ့် အပျော်ကနေ အပျက်မဖြစ်စေချင်ဘူး "
ထိုစကားတွေကြားတော့ ကူးမျက်လုံးက မေမေ့ဆီရောက်သွားသည်။ မေမေကတော့ သူမဟုတ်သလိုပင်။ ကူးကိုတိုင်ထားတာ မေမေပေါ့။
"သမီးလေး အခု အပေါင်းအသင်းလုပ်နေတဲ့ ကောင်မလေး ဘယ်သူပါလိမ့် နာမည်ကတမျိုးလေးနဲ့လေ..."
"မုန်းခါးလေ ရှင်ကလည်း..."
ဖေဖေကနာမည် မေ့နေသည်ကို မေမေကအလျှင်အမြန်ပင်ဝင်ထောက်ပေးလိုက်သည်။ ကူး မျက်နှာလေးက တစ်ဖန်ဆူပုတ်လာရတော့သည်။ မမ မကောင်းကြောင်းကို ဘာတွေများလျှောက်ပြောထားပါလိမ့်။
"အင်း အဲ့ကောင်မလေးရဲ့အကြောင်း သမီးမေမေဆီက ကြားရတယ် သမီးမေမေကလည်း ဒီကိုရောက်တာမကြာသေးတော့ သူပြောသမျှမှန်တယ်လို့ ဖေဖေတစ်ထစ်ချမပြောပါဘူး သူနဲ့အပေါင်းအသင်းမလုပ်ရဘူးလို့လည်း ဖေဖေအတင်းအကြပ်မပြောဘူး ဖေဖေကသမီးကို သတိပေးချင်ရုံပါ အပေါင်းအသင်းကိုရွေးချယ်ပေါင်းသင်းတတ်ဖို့ အပေါင်းအသင်းကြောင့် ဂုဏ်တက်သလို အပေါင်းအသင်းကြောင့်ဂုဏ်ပျက်တတ်တယ် ကိုယ်သေချာမသိတဲ့လူတစ်ယောက်ကို ဖေဖေမဝေဖန်ချင်ပါဘူး ဖေဖေပြောချင်တာကတော့ သမီးလေး အပေါင်းအသင်းမမှားအောင် ဂရုစိုက်ဖို့ပါပဲ..."
ထိုသို့ရှည်လျားစွာဆုံးမသည့် ဖေဖေ့စကားတွေက လက်ခံချင်စရာတွေပင်ဖြစ်သည်။ မမက ကူးအတွက်အပေါင်းအသင်းကောင်းပါပဲ။
"ဟုတ်ကဲ့ သမီးဂရုစိုက်ပါ့မယ် ဒါပေမယ့် အဲ့မမက အများအမြင်မှာသာဆိုးသလိုထင်နေရတာပါ တကယ်တော့ မမကစိတ်ရင်းကောင်းပါတယ် နောက်ပြီးမေတ္တာငတ်နေရှာတာပါ..."
"သမီးငယ်ကလေ ကိုယ်ဖြူစင်တာနဲ့ လူတိုင်းကို ကိုယ့်လိုမှတ်နေတယ် အဲ့ကလေးမက ခပ်ဆိုးဆိုးရယ် ..."
"ကဲ မိန်းမရယ် မင်းကလည်း စကားပြောရင် သားသမီးချင်းစာနာပြီးပြောစမ်းပါ ကိုယ်သေချာမသိတဲ့ကိစ္စကို..."
"ဘာလို့မသိရမှာလည်း သူကမိန်းကလေးဖြစ်ပြီး ဆေးလိပ်တောင်သောက်တာ...."
"မမက သူ့မိဘကိုဂျစ်တိုက်နေတာပါ သူတကယ်ဆေးလိပ်မသောက်တတ်ဘူး..."
မေမေ့ရဲ့တစ်ဖက်သတ်အမြင်နှင့်အပြောကို ကူးက မမဘက်မှရပ်တည်ပြောပေးလိုက်သည်။ မမအကြောင်းတချို့ကို အစ်ကိုရန်နိုင့်ဆီမှ တစ်စွန်းတစ်စကြားသိရသည်။ မမအကြောင်းတွေသိလာလေ မမကို ကြင်နာသနားမိလေဖြစ်သည်။
"သမီးက အဲ့မိန်းကလေးနဲ့အတော်ရင်းနှီးသလား..."
ဖေဖေ့ရဲ့ အမေးကို ကူးက ခေါင်းရမ်းပြလေသည်။
"ဟင့်အင်း မမက ကူးကိုသူငယ်ချင်းအဖြစ်တောင်လက်မခံသေးဘူး..."
"အမယ်လေးတော် ရာရာစစ ငါ့သမီးလေးကဘာဖြစ်နေလို့ သူကအပေါင်းအသင်းတောင် မလုပ်ချင်ရတာလဲ..."
ရှင်းပြခါမှ စိတ်တိုလာသည့် မေမေ့ကြောင့် ကူး ခေါင်းကိုက်သွားရသည်။
"အဲ့လိုတော့မဟုတ်ပါဘူးမေမေကလည်း..."
"ဘာမဟုတ်တာလဲ..."
"တော်ပါတော့ကွာ ကလေးက သူ့အပေါင်းအသင်းမဟုတ်ကြောင်း ပြောပြနေတာပဲ ကဲ သမီးလေးသွားနားတော့သွား ဖေဖေသတိပေးသလို အပေါင်းအသင်းမမှားဖို့ပဲ ဂရုစိုက်နော်... "
"ဟုတ်..."
မမနဲ့သူငယ်ချင်းဖြစ်ချင်နေတာ ကူးမှားသလား..?

&quot;မမကိုချစ်တယ်....&quot;(GL Fic Complete)Where stories live. Discover now