Part 10

1.9K 67 0
                                    


"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ...."
ခြံရှေ့တွင်ကားရပ်ကာ ကားထဲကယောကျာ်းတစ်ယောက် ခါးတို့ခြံထဲသို့ကြည့်နေသည်ကို ခါး အပေါ်ထပ်ဝရန်တာမှ လှမ်းမြင်လိုက်တာကြောင့် ဆင်းလာ၍မေးခြင်းဖြစ်သည်။
"ကျွန်တော် ဦးကျော်အောင်နဲ့တွေ့ချင်လို့ပါ...."
ပုံစံက ရုံးဝန်ထမ်းတစ်ဦးနှင့်တူသည်။ ခါး ခြံတံခါးကိုဖွင့်ပေးလိုက်သည်။
"အဖေမရှိသေးဘူးဗျ..."
ထိုသို့ပြောနေသည့် ခါးကို စစ်ဆေးသလိုလာကြည့်နေသည့်ထိုလူကြောင့် ခါး ခပ်ချဉ်ချဉ်ဖြစ်သွားရသည်။
"ဒီက ငါ့ညီမက ဦးကျော်အောင်ရဲ့ သမီးလား..."
ထိုလူ၏ အူကြောင်ကြောင်နိုင်သည့် အမေးကြောင့်  ခါးပင်ကြောင်အမ်းအမ်းဖြစ်သွားသည်။
"ဟုတ်တယ် ဘာလဲ သန်းခေါင်စာရင်းပါပြရဦးမှာလား..."
ထို့သို့ခပ်ရွဲ့ရွဲ့မေးလိုက်တော့မှ ထိုလူကအားနာပြုံး ပြုံးပြလေသည်။
"ဦးကျော်အောင်မှာ သမီးရှိတယ်လို့မကြားဖူးလို့ပါ ကျွန်တော်တောင်းပန်ပါတယ် "
"ထားပါတော့ ခင်ဗျားလာရင်းကိစ္စက..."
ထိုလူက ခါး ကိုထပ်မံပြီးစစ်ဆေးသလိုကြည့်လေသည်။ ထိုအကြည့်က ခါးက စိတ်တိုစေသည်။ အဖေက သူ့မှာသမီးတစ်ယောက်ရှိတယ်ဆိုတာ ဘာကြောင့်ပြောပြမထားတာပါလိမ့်။
"ဒီစာရွက်စာတမ်းတွေကို ကျွန်တော့်သူဋ္ဌေးဦးမြတ်ပိုင်က ဦးကျော်အောင်ဆီပေးခိုင်းလို့ပါ..."
သူက လက်ထဲတွင် အသင့်ကိုင်လာသော အကြည်အိတ်လေးဖြင့်စနစ်တကျထည့်ထားသော စာရွက်စာတမ်းများကိုပေးလေသည်။ ခါးက ဒီတိုင်းပဲယူကြည့်မယ်လုပ်တော့
"ဟို...ကျွန်တော့်သူဋ္ဌေးက ဦးကျော်အောင်လက်ထဲကိုပဲတိုက်ရိုက်ရောက်စေချင်တာဗျ တခြားဘယ်သူ့မှမသိစေချင်ဘူး..."
အလောတကြီးဟန့်တားလိုက်သည့် ထိုလူ။
ဘာလို့လဲ?ဟူသည့် အတွေးပေါ်သွားပေမယ့် သူများရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို မစပ်စုသင့်ဘူး ဟူ၍သာ ဖြည့်တွေးလိုက်ရသည်။
"ဟုတ်ကဲ့ ကျွန်တော် အဖေ့ကိုသေချာပေးလိုက်ပါ့မယ်..."
"ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး "
ထိုသို့ပြောပြီးသည်နှင့် ခြံရှေ့မှကားမောင်းပြီး ထွက်သွားတော့သည်။
ထိုလူပေးခဲ့သည့် စာရွက်စာတမ်းဖိုင်ကိုကိုင်လျှက် ဝမ်းနည်းစိတ်လေး ဝင်နေမိသည်။
အဖေက သူမကို သမီးတစ်ယောက်အဖြစ်တောင် အသိအမှတ်မပြုခဲ့ဘူးလား?
ခုလို ခံစားခဲ့ရတာတွေဟာ ငယ်စဉ်ကတည်းက ဖြစ်သော်လည်း ခုချိန်ထိ မရိုးနိုင်သေးပေ။ ခါး ခံစားချက်တွေကိုဖျောက်ပစ်ကာ အဖေ့ရဲ့ဖိုင်ကိုထားပေးဖို့ အိမ်ထဲသို့ဝင်လာခဲ့သည်။
အဖေက သူ့အခန်းထဲသို့ဝင်တာကို မကြိုက်တာမို့ ခါး စားကြည့်ခန်းထဲသို့သာသွားထားဖို့ စာကြည့်ခန်းထဲသို့ဝင်လာခဲ့သည်။ စာကြည့်ခန်းထဲကလည်း အဖေတစ်ယောက်တည်းဝင်တာဖြစ်သည်။ စာအုပ်စင်နဲ့အပြည့်စာအုပ်တွေရှိနေသည်။ အဖေစာကြည့်သည့် စားပွဲပေါ်သို့ဖိုင်လေးတင်ပြီး လှည့်အထွက် အစွန်းတွင်ရောက်နေသော စာအုပ်အမဲရောင်လေးက ခါးကြောင့်ပြုတ်ကျသွားလေသည်။
"ဟင်...!!?"
ထိုစာအုပ်လေးထဲမှ ထွက်ကျသွားသည့် ဓာတ်ပုံတစ်ပုံကြောင့် ခါး အံသြမှင်သက်သွားရသည်။ ဓာတ်ပုံလေးကိုကောက်ယူကြည့်မိသည်။
ဓာတ်ပုံထဲမှာ အဖေနှင့်အတူပခုံးဖက်ပြီး တွဲရိုက်ထားသည့် လူတစ်ယောက်။ ထိုလူကအဖေနှင့်ရုပ်ချင်း အလွန်ဆင်တူလှသော ဦးလေးကြီးတစ်ယောက်။ အဖေ့ရဲ့ ညီတို့အစ်ကိုတို့များလား။ အဖေ့မှာ ညီကိုရှိတယ်လို့ မကြားဖူးပါဘူး။ ဓာတ်ပုံလေးကိုကိုင်ကြည့်ရင်း တွေးဆဆဖြစ်နေသည့် ခါး။ ကျနေသည့် Diaryစာအုပ်လေးကိုပါ ကောက်ယူလိုက်သည်။
ဓာတ်ပုံက ဒီစာအုပ်ထဲကထွက်လာတာဆိုတော့ ဓာတ်ပုံနဲ့ပတ်သတ်တဲ့အကြောင်းအရာက ဒီစာအုပ်ထဲမှာများလား။ ငါဖွင့်ဖတ်လို့ သင့်တော်ပါ့မလား။ အဖေ့ရဲ့ကိုယ်ရေးကိုယ်တာကို ငါစည်းမစောင့်ဘဲဖတ်မိလိုက်ရင်....။
အတွေးများစွာဖြင့် လက်ထဲကစာအုပ်နှင့်ဓာတ်ပုံကို တစ်ပြန်စီကြည့်နေမိသည်။ သိချင်စိတ်ကလည်း ထိန်းမရ။
"မဖြစ်ပါဘူးလေ...."
ခါး ခေါင်းတွေရမ်းပြီး ကိုယ့်ရဲ့သိချင်စိတ်ကို ချိုးနှိမ်လိုက်သည်။ ဓာတ်ပုံလေးကို စာအုပ်ကြားခပ်သွက်သွက်လေးညှပ်ပြီး စာအုပ်ကိုခြေရာလက်ရာမပျက် ပြန်တင်ထားလိုက်သည်။ ထို့နောက်အခန်းထဲမှ အမြန်ဆုံးထွက်လာခဲ့တော့သည်။
သားအဖပဲဖြစ်နေပါစေ ကိုယ်ရေးကိုယ်တာကိုတော့ ဝင်မစွက်ဖက်သင့်ဘူးလို့ ခါး ခံယူထားသည်။ ခါးရဲ့မျက်လုံးထဲမှာတော့ အဖေနဲ့တွဲရိုက်ထားတဲ့ ဦးလေးကြီးရဲ့ရုပ်သွင်က ထင်ဟပ်နေဆဲပင်။
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
"ဟယ်...သမီး အိမ်အလည်လာတာလား..."
ကူးအမေ ဒေါ်သီသီချို၏ တရင်းတနှီးနှုတ်ဆတ်သံအား အံ့သြနေသည်က ဒေါ်သီသီချို၏ယောကျာ်းဦးခန့်မောင်ဖြစ်သည်။
"ဟုတ်ကဲ့အန်တီ ကူးရှိလား..."
ခါး မဝံမရဲလေးမေးလိုက်သည်။ ကူးနဲ့သူမက ချစ်သူတွေဆိုတာသာသိရင် ကြည်လင်ရွှင်ပျနေသည့် အန်တီရဲ့မျက်နှာက အခုလိုမျိုးပဲဆက်ရှိနေပါ့မလား။
"သမီး ဘာရပ်လုပ်နေတာလဲ အပေါ်ထပ်ကိုလိုက်သွားလေ သမီးညီမလေးကဝရန်တာမှာ..."
အတွေးလွန်နေသည့်ခါးက အန်တီ့အပြောကြောင့်သတိပြန်ဝင်လာသည်။
"အော် ဟုတ် ဟုတ်ကဲ့... "
"အေးအေး သမီးညီမလေးကို အဖော်လုပ်ပေးလိုက်ပါဦးကွယ် အန်တီတို့ကအပြင်ခဏသွားမလို့..."
"ဟုတ်ကဲ့ စိတ်ချပါအန်တီ ကျွန်တော်ကူးနဲ့အဖော်အဖြစ်နေပေးလိုက်ပါ့မယ်...."
ဦးခန့်မောင်ကတော့ သူ့မိန်းမကို တအံ့တသြကြည့်လိုက် ခါးပြုံးပြလိုက်နှင့်ပင်။ဦးခန့်မောင်တို့၏ ကားလေးအိမ်ထဲမှ ထွက်သွားသည်နှင့် ခါးလည်း အိမ်ပေါ်ထက်သို့တက်လာခဲ့တော့သည်။
ဝရန်တာတွင်ရပ်နေသော သူမရဲ့ကောက်တေးလေး။
"ကူး...."
ခါး ကူးရဲ့ဘေးနားသို့သွားရပ်လိုက်တော့ အံသြဟန်လေးဖြင့် မော်ကြည့်သည့်သူမလေး။
"ဟယ် မမ..."
"အင်ဟင် ဟုတ်တယ် မမ..."
ပြုံးရွှင်ရွှင်လေးဖြစ်နေသည့် ခါး။
"မမက ကူးဆီအလည်လာတော့ အံသြသွားတာ ..."
"အံသြတာပဲလား ပျော်ရောမပျော်ဘူးလား ဟင်..."
ခါးက ကူးရဲ့ပခုံးလေးကိုတိုက်ပြီးမေးလိုက်သည်။
"ဟွန်း ပျော်ပါဘူး..."
ကူးက တမင်နှုတ်ခမ်းလေးဆူပုတ်ကာ ခါးကိုစနောက်နေသည်။ ခါးက သူမလေးကို အနောက်မှသိုင်းဖက်လိုက်ပြီး ဆံနွယ်အိအိလေးတွေအား တိုးတိုက်နမ်းရှိုက်လိုက်သည်။
"တကယ် မပျော်ဘူးလား ဟင် ပြောပါဦး..."
"ခစ်ခစ်...."
ခါးရဲ့အမေးကို ကူးက သဘောတကျရယ်လိုက်သည်။
"ဘာရယ်တာလဲ ကူးရဲ့ ဒီက အဟုတ်မေးနေတာကို..."
ကူးရဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကို မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်စေလိုက်သည့်ခါးကြောင့် ကူးဟာခါးနှင့်မျက်နှာချင်းဆိုင်လျှက်။
"မမနဲ့ချစ်ရတာ တကယ်မပျော်ဘူးလား တကယ်ပင်ပန်းနေပြီလား ဟင်"
ခါးက ကူးရဲ့ခေါင်းကဆံပင်လေးတွေအား လက်ဖြင့်ဆော့ကစားရင်း ခပ်ဆွေးဆွေးလေးကြည့်ပြီးမေးလိုက်သည်။ ကူးက ခါးရဲ့ပါးလေးနှစ်ဖက်ကိုလက်လေးဖြင့်ကိုင်ကာ
"ပျော်တာပေါ့  မမနဲ့ရှိတဲ့အချိန်တိုင်းက ကူးအတွက်ပျော်စရာတွေချည်းပဲ လေတိုက်တာ သစ်ရွက်ကြွေတာကအစ မမနဲ့ဆိုကြည်နူးစရာတွေလို့ ခံစားရတယ် ပင်ပန်းတယ်ဆိုတာလည်း တစ်ခါမှမခံစားရဖူးဘူး အဲ့ဒါဘာလို့လဲသိလား..မမကိုချစ်လို့...."
သူမပါးလေးကိုကိုင်ပြီး မျက်နှာကိုမော့ကြည့်ရင်း ချစ်စကားတွေပြောနေသည့် သူ့ရှေ့က ပူတူးလေးကို ချစ်စနိုးစိတ်ဖြင့် အသည်းတွေယားနေမိသည့်ခါး။
"ချစ်လိုက်တာ ခလေးလေးရယ် ..."
အသည်းယားစွာဖြင့်ဘဲ ကူးမျက်နှာတစ်လုံးကိုအနမ်းမိုးတွေရွာနေသည့်မမ။
"လူမြင်ကွင်းကြီးမှာနော် မမ..."
ခါးရဲ့နှုတ်ခမ်းလေးတွေကို လက်ဝါးလေးဖြင့်ကာတားရင်း ပြောလိုက်သည့် ကူးရဲ့စကားကြောင့် ခါး ပတ်ဝန်းကျင်ဆိုတဲ့ဟာကြီးကို သတိရသွားသည်။
"ဟုတ်သားပဲ ဒါဆို ပတ်ဝန်းကျင်မရှိတဲ့နေရာဆိုရင်ရော..."
"ဟွန့် မမသိပ်တတ်တယ်..."
"အချစ်ကသင်ပေးတဲ့ ကြင်နာခြင်းသင်ခန်းစာတွေပါ ပူတူးလေးရယ်..."
"အိုး ဘာလုပ်တာလဲမမရဲ့..."
ပွေ့ချီလိုက်တာကြောင့် အလန့်တကြားဖြစ်သွားသည့် ကူး။
"ချစ်မေတ္တာပုစ္ဆာတွေနဲ့ ကြင်နာခြင်းသင်ခန်းစာတွေကို သင်ပြမလို့လေ..."
ခါးရဲ့ ညစ်ကျယ်ကျယ်အပြုံးလေးကို ကူးက အကြင်နာမျက်စောင်းလေးတစ်ပွင့်ဆုချလိုက်သည်။
အချစ်နှင့်ရှိနေသမျှ ပန်းတွေဝေနေသည်။🌼🌼🌼🌼
☸☸☸☸☸☸☸☸☸☸☸☸
"ဒေါ်စိုး ဒေါ်စိုး....တစ်ယောက်မှမကြားကြဘူးလား ငါခေါ်နေတာ ဒေါ်စိုး...."
အတော်ကြာကြာအော်ခေါ်လိုက်မှ အိမ်ပေါ်သို့အပြေးအလွှားရောက်လာသည့် ဒေါ်စိုး ဦးကျော်အောင်ရှေ့တွင် ခေါင်းမဖော်ရဲပေ။
"ကျွန်တော် ဒီလောက်အော်ခေါ်နေတာကို ခင်ဗျားမကြားဘူးလား..."
ဒေါသကြီးနေသည့်အိမ်ကြီးရှင်ကြောင့် ဒေါ်စိုးစကားပင်မဟရဲ။
"ကျ ကျမ မီးဖိုချောင်ထဲရောက် ရောက် နေလို့ပါ သ သူဋ္ဌေး"
အထစ်ထစ်အငေါ့ငေါ့ဖြေနေသည့် ဒေါ်စိုး။
"ဒီစာရွက်စာတမ်းတွေကို စာကြည့်ခန်းထဲဘယ်သူလာထားတာလဲ..."
ဒေါသသံမပြေသေးသည့် သူဋ္ဌေးရဲ့အမေးကြောင့် သူ့လက်ထဲက ဖိုင်တွေကိုကြည့်လိုက်မိသည်။
"ကျွန်မ မသိလိုက်ဘူး သူဋ္ဌေး..."
"တောက်....!!"
သူဋ္ဌေးရဲ့တောက်ခေါက်သံကြောင့် ဒေါ်စိုးကိုယ်လေးကျုံ့သွားမိသည်။မသိတာကို မသိဘူး မပြောလို့ ဘယ်လိုပြောရပါ့မလဲ။
"ကျစ်..!တော်ဗျာ ခင်ဗျားသွားတော့...."
နှင်ထုတ်လိုက်တော့ ဒေါ်စိုးအိမ်ပေါ်မှ ဆင်းသွားသည်။
စာချုပ်တွေကိုနောက်တစ်ကြိမ်ထပ်ကြည့်မိသည်။ ထိုအကြည့်တွေမှာလည်း စိတ်ပျက်ခြင်း များစွာဖြင့်။
"မြတ်ပိုင်က ငါ့ကုမ္ပဏီတွေကိုအကြွေးနဲ့သိမ်းတော့မယ် ငါဘယ်လိုလုပ်ရမလဲ ရှာနေတဲ့ပစ္စည်းကလည်း အခုချိန်ထိမတွေ့သေးဘူး ဟူး...."
ဦးကျော်အောင်တစ်ယောက် စိတ်ပျက်စွာညည်းညူနေရင်းမှ တစ်ခုခုကိုသတိရသွားကာ စာကြည့်ခန်းထဲသို့ ခပ်သွက်သွက်ဝင်လာသည်။ ထို့နောက် လွှင့်ပစ်ဖို့စီစဉ်ပြီးပေါ်ပေါ်ထင်ထင် တင်ထားခဲ့သည့် စာအုပ်လေးကိုကောက်ယူလိုက်သည်။
"ဒီစာချုပ်ကို ဒီအခန်းထဲလာထားတာ ဘယ်သူလဲ? သက်မာလား သူမဟုတ်ရင် ခါးပဲရှိတယ် ဒါဆို သူဒီစာအုပ်ကိုမြင်သွားမှာပဲ ဖွင့်ကြည့်လား မကြည့်ဘူးလား....ကျစ် ဟာကွာ..."
မရေမရာမေးခွန်းတွေနှင့်ဒေါင်ချာစိုင်းပြီး စိတ်မရှည်ဖြစ်နေသည့် ဦးကျော်အောင်။ စာအုပ်ကြားထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူကြည့်လိုက်သည်။
အရောင်မျိုးစုံထင်ဟပ်နေသည့် မျက်လုံးမှာ မျက်ရည်တွေဝေ့နေသည့်နောက် မချိတင်ကဲနှုတ်မှရေရွတ်လိုက်သည်က..
"မင်းကွာ....."
ပဟေဠိများစွာဖြင့် နေ့ရက်များစွာအား........

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now