Part8

1.9K 72 0
                                    

ကူးရဲ့အမေ ဒေါ်သီသီချိုတစ်ယောက် စျေးမှအပြန်....
"တီ....🔈🔊🔊"
အနားကပ်မောင်းကာ ဟွန်းတီးသွားသည့်ကားကြောင့် ဒေါ်သီသီချိုတစ်ယောက် ကြောက်အားလန့်အားဖြင့် ရှောင်လိုက်ရာ ခဲလုံးနင်းမိပြီး ကပိုကရိုလဲသွားတော့သည်။
"အမယ်လေး သေပါပြီ အား ကျွတ် ကျွတ်..."
ကားသမားကတော့ မောင်းထွက်သွားပြီဖြစ်သည်။ ဒေါ်သီသီချိုတစ်ယောက် ကားသမားကိုပြောဆိုရင်း ဖိတ်ကျကုန်သည့် စျေးခြင်းတောင်းထဲမှ ဟင်းချက်စရာများကို နှမြောတသဖြင့် ပြန်ကောက်နေမိသည်။
သူမနှင့်ခပ်လှမ်းလှမ်းသို့ လွင့်ကျဲသွားသော ခရမ်းချဉ်သီးထုပ်အား ထပြီးယူမည်အလုပ် သူမခြေဆစ်လွဲသွားတာကိုသိလိုက်ရသည်။
"ခြေထောက်ကနာလိုက်တာ ကျိုးတော့မကျိုးလောက်ပါဘူး အမယ်လေး ကျွတ် ကျွတ်..."
ထိုစဉ် ဒေါ်သီသီချို၏ရှေ့သို့ လက်ဖြူဖြူသွယ်သွယ်လေးပေါ်လာသည်။ မော့ကြည့်လိုက်တော့ သူကြည့်မရသည့် မုန်းခါးဆိုသော နာမည်ဆန်းနှင့်ကောင်မလေးဖြစ်နေသည်။ ထိုကလေးမက ပျံ့ကြဲနေသော ဟင်းချက်စရာများကို ကောက်ကူနေသည်။
"အန်တီအဆင်ပြေရဲ့လား...."
ဒေါ်သီသီချို့ဘေးက စျေးခြင်းတောင်းထဲသို့ သူကောက်ကူထားသော ဟင်းချက်စရာတချို့ကို ပြန်ထည့်ပေးရင်းမေးလိုက်သည်။
ကူး အမေက ခါးကို စိမ်းသပ်ပြူးကျယ်သော မျက်လုံးများဖြင့်ငေးနေ၏။ ခါးရဲ့စိတ်ထဲမှာ ခါးကိုအိမ်ထဲထိဝင်ပြောဆိုသွားသည့်အမျိုးသမီးကြီးလို့ မမြင်ပါဘဲ စန္ဒကူးဆိုသည့်ကောင်မလေး၏ အမေဟုသာမြင်နေမိကာ ကူညီချင်စိတ်တွေဖြစ်နေခဲ့သည်။
"ခြေထောက်အဆစ်လွဲသွားတယ်ထင်တယ်..."
အကူညီမဲ့ပြီး ခုလိုလမ်းဘေးမှာ ငုတ်တုတ်ဖြစ်နေတာထက်စာရင် ဒီကောင်မလေးရောက်လာတာ တော်သေးရဲ့ဟု ဒေါ်သီသီချိုတွေးနေမိသည်။
ဒီကောင်မလေးက နည်းနည်းရိုင်းပြီး ဗရုတ်ကျပေမယ့် ဒီလိုတော့လည်း စိတ်ကောင်းရှိသား။
ခါးက ဂရုတစိုက်ဖြင့် ကူးအမေရဲ့ခြေထောက်ကိုကြည့်မိသည်။
"အန်တီခြေထောက်က နည်းနည်းယောင်နေသလိုပဲ အန်တီ့ကို ကျွန်တော်ဆေးခန်းလိုက်ပို့ပေးမယ် "
"ရပါတယ် ဒဏ်ရာရတာမှမဟုတ်တာ ဆေးခန်းတော့မသွားချင်ဘူး..."
"အော် အန်တီရယ် သွေးထွက်သံယိုမဖြစ်ပေမယ့် အတွင်းကျေသွားလားဘာလား မသိနိုင်ဘူးလေ ဒီထက်သွေးအေးသွားရင် အန်တီဆေးကုတဲ့အခါ ခြေထောက်ကတအားနာနေလိမ့်မယ် လာပါ ကျွန်တော်ကူတွဲပေးမယ်..."
ခါးက ပြောပြောဆိုဆိုဖြင့် ကူးအမေကို ထူမကူတွဲလိုက်သည်။ အားနာနေသည့် မျက်နှာထားနှင့် ခါးကို အားပြုပြီး ထော့နဲ့နဲ့ရပ်နေသော ဒေါ်သီသီချို။ ခါးလည်း Taxiတစ်စီးကိုတားကာ အနီးဆုံးဆေးခန်းသို့ မောင်းခိုင်းလိုက်တော့သည်။
ခါးရင်ထဲမှာ ဒီအန်တီကြီးနဲ့အမုန်းမပွားရပဲ မိတ်ဆွေတွေလိုဖြစ်သွားမှာကို တွေးပြီးပျော်မိသည်။ ဒါဟာ ကူးရဲ့အမေဆိုတဲ့စိတ်နဲ့လား..?
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
"မင်းကိုပြောထားရဦးမယ်..."
အရင်းမရှိအဖျားမရှိ ထပြောသည့် ဦးကျော်အောင်၏ စကားကြောင့် ဒေါ်သက်မာ မေးဆတ်ပြလိုက်သည်။
"ဘာကိုလဲ..."
"ဘာရမှာလဲ မုန်းခါးနဲ့ပတ်သတ်ပြီး စကားပြောရင် အရှေ့အနောက်ကြည့်ပြီး သတိထားပြောပါ အထူးသဖြင့် အိမ်မှာဆိုရင်ပေါ့..."
"ကျွန်မဘာပြောမိလို့လဲ..."
"ဘာပြောမိရမှာလည်း မင်းအရင်နေ့က ခါးကို အိမ်ပေါ်ကနှင်ချမယ့်အကြောင်းပြောတာလေ..."
"ဪ ဘာများလဲလို့ အဲ့ဒါဘယ်သူမှမကြားပါဘူး အိမ်ပေါ်မှာ ရှင်နဲ့ကျွန်မ နှစ်ယောက်တည်းရှိတာကို ဘယ်သူသိမှာမှတ်လို့..."
"အေး အဲ့ဒါတွေကြောင့်ပဲ မင်းပါးစပ်ကို ဆင်ခြင်ခိုင်းနေတာ အဲ့နေ့က အ်ိမ်ပေါ်ထပ်မှာရှိတာ မင်းနဲ့ငါနှစ်ယောက်ထဲတင်မဟုတ်ဘူး သမီးလည်းရှိတယ်ကွ..."
"ဟမ်!?"
ဒေါ်သက်မာမျက်လုံးပြူးသွားရသည်။ သူအကုန်ကြားသွားပြီပေါ့။
"ဟုတ်တယ် သူဘေးအခန်းထဲမှာရှိနေတာ..."
အထဲသို့အလောတကြီးဝင်ပုန်းနေသည့် ခါးရဲ့အင်္ကျီစဟာ တံခါးမှာညှပ်မိပြီး ပေါ်နေခြင်းဖြစ်သည်။ ဒါကိုမြင်သွားသည်မို့ ဦးကျော်အောင်က ဒေါ်သက်မာ၏ တရားလက်လွှတ်စကားများကို တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်သည်။
"ကျွန်မတို့ကို သံသယဝင်သွားပြီလား မသိဘူး ကျွန်မတို့ဘယ်လိုလုပ်မလဲ...."
"သူဘာမှသေချာသိမှာမဟုတ်ဘူး ဘာလို့ဆို ငါတို့စကားတွေက အစပ်အဆက်မှမရှိဘဲ ငါကြည့်ဖြေရှင်းမယ် မင်းသာစိတ်ထင်ရာလျှောက်မလုပ်နဲ့...."
ရှေ့နောက်မစဉ်းစားဘဲ လုပ်ချင်ရာဇွတ်လုပ်တတ်သည့် ဇနီးဖြစ်သူအကျင့်ကို သိတာကြောင့် ဦးကျော်အောင်တားနေမိခြင်းပင်။
"ရှင်လုပ်နေတာက တစ်သက်လုံးဖုံးကွယ်ထားဖို့ပဲလား ကျွန်မကတော့ စိတ်မရှည်ဘူး သူ့ကိုလည်းမမြင်ချင်ဘူး..."
"ခက်တာပဲကွာ...သူကလည်းဒို့သွေးသားပဲ မင်းသူ့အပေါ်နည်းနည်းလေးမှ သံယောဇဉ်မဖြစ်ဘူးလား..."
ထိုသို့ပြောလေတော့ ဒေါ်သက်မာ ခဏညိမ်သွားသည်။ သံယောဇဉ်....။ စိတ်ထဲတွင် သံယောင်လိုက်နေမိသည်။ မုန်းခါးဆိုသည့် ထိုကလေးမလေးအပေါ်မှာ သူမသံယောဇဉ်ရှိခဲ့ဖူးလား။
သူမဟာ သူတို့ရဲ့သွေးသားရင်းချာတစ်ယောက်.....ဆိုပြီး ဘာကြောင့် သူ့ကို အမေနေရာရောက်နေတဲ့ငါက မုန်းနေရတာလဲ...?
ဒေါ်သက်မာ အတွေးထဲမှာ မုန်းခါးရဲ့မျက်နှာဖြူလွှလွှလေး အထင်းသားပေါ်လာသည်။
☸☸☸☸☸☸☸☸☸☸☸☸
"ဟယ် မေမေရယ် ဘယ်လိုဖြစ်လာရတာလဲ..."
ခြေထောက်မှာဆေးပက်တီဖြင့် ခါးကိုတွဲရင်း ခြံထဲသို့ဝင်လာသော အမေဖြစ်သူအား ကူးအပြေးကလေးသွားကူတွဲလိုက်သည်။
"မပြောချင်ပါဘူး သမီးရယ် ကားတစ်စီးပေါ့ လူခြေကပ်မောင်းပြီး ဟွန်းတီးသွားတာ အမေလည်းလန့်ပြီးရှောင်လိုက်တော့ ခဲကိုတက်နင်းမိပြီးချော်လဲလို့ ခြေဆစ်လွဲသွားတာ..."
အိမ်ထဲထိတွဲခေါ်ပြီး ထိုင်ခုံပေါ်တွင်ထိုင်လေသည်။
"ဒါနဲ့ မမက..."
ခါးနှင့်သူ့အမေတွဲလျှက်မြင်ရသည်ကို အံသြနေသည့်ကူးက ခါကိုလက်ညှိုးလေးထိုးပြီး မေးလိုက်သည်။
"မေမေချော်လဲတော့ သူရောက်လာတာ သူပဲအမေ့ကိုဆေးခန်းထိလိုက်ပို့ပေးတာ ...."
ဒေါ်သီသီချို၏မျက်နှာမှာ ခါးအပေါ်အမြင်မကြည်လင်မှုတွေမရှိပဲ ကြည်လင်နေ၏။ အမေဖြစ်သူ၏ ပြောင်းလဲမှုကြောင့် ကူး ထပ်ပြီးအံသြနေမိသည်။
"တကူးတကကြီးမှမဟုတ်တာအန်တီရယ် တစ်လမ်းထဲနေကြတဲ့သူတွေပဲ... "
"သမီးစိတ်ဓာတ်ကိုတော့ အန်တီချီုးကျူးပါတယ်ကွယ် ကိုယ့်ကိုတစ်ဖက်အမြင်နဲ့ ဝေဖန်ပုတ်ခတ်ထားတဲ့သူကို ခုလိုအငြိုးအတေးမထားပဲကူညီတတ်တာ..."
ဟောတော့...မေမေ့ရဲ့ပြောင်းလဲမှုကြီးက ချက်ချင်းပါလား။ မမကိုတောင်မှ ချီးကျူးခန်းဖွင့်နေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မမနဲ့ကူးတို့ရဲ့ မိတ်ဆွေဖြစ်ဖို့အရေးမှာ မေမေကအဟန့်အတားမလုပ်မှာတော့သေချာသွားပြီ။ နေစမ်ပါဦး မမနဲ့မေမေသင့်မြတ်သွားတာကို ငါကဘာလို့ဒီလောက်ပျော်နေရတာလဲ။ မမက ငါ့ကောင်လေးလဲမဟုတ်။ ပြီးတော့ မေမေ့သမက်လောင်းလဲမဟုတ်။
"သမီး...ဟဲ့ သမီး စန္ဒကူး..."
အတွေးလွန်ပြီး ပြုံးဖြီးဖြီးကြီးရပ်ကာ သတိလက်လွတ်ဖြစ်နေသည့် ကူးကို ဒေါ်သီသီချို အသံခပ်ကျယ်ကျယ်ဖြင့်ခေါ်လိုက်သည်။
"ရှင်...ရှင် မေမေ ဘာ ဘာပြောတာလဲဟင်.."
အခုမှသတိဝင်လာသည့်ကူးက အထစ်ထစ်အငေါ့ငေါ်ဖြင့် သူ့အမေကို ပြန်ထူးနေမိသည်။
"မေမေ့ကို အခန်းထဲတွဲပို့ပေးဖို့ပြောနေတာလေ အော် သမီးကလည်း ဘယ်တွေစိတ်ရောက်နေပါလိမ့်..."
ကူးရဲ့မျက်လုံးတွေက မမဆီသို့ရောက်သွားတော့ ကူးကိုစူးရှသည့်မျက်လုံးတွေနှင့်ကြည့်နေသည့်မမ။ အဓိပ္ပါယ်နက်နဲ့လွန်းသည့် မမရဲ့စူးရှရှ မျက်ဝန်းနက်တွေမှ ကူးအကြည့်လွှဲလိုက်မိသည်။
"မေမေထ..."
ရှက်ကို့ရှက်ကန်းဖြင့် မေမေ့ကို အတင်းဆွဲထူလိုက်သည်။
"ဟဲ့ အော် ဖြေးဖြေးထူးပါသမီးငယ်ရဲ့ မထနိုင်လို့ကူတွဲခိုင်းကာမှ စောင့်ဆွဲနေတယ်...".
"ကန်တော့မေမေ ကန်တော့..."
"ကျွန်တော်လည်း ကူတွဲပေးမယ်အန်တီ..."
ကူးနှင့်ခါး၏ နှစ်ယောက်ပေါင်းအကူအညီဖြင့် ဒေါ်သီသီချို သူ့အခန်းထဲသို့ ရောက်သွားသည်။
ခါးကိုခြံအပြင်သို့ ကူး လိုက်ပို့ပေးလေသည်။
"ကျေးဇူးတင်ပါတယ်နော် မမ.."
ကူးရဲ့အပြောကို ခါးကခေါင်းဆတ်ပြလေသည်။ ခါး လှည့်ထွက်သွားဖို့ပြင်တော့
"မမ..."
ကူးရဲ့ခေါ်သံလေးကြောင့် ခါး ပြန်လှည့်လာသည်။
"ပြော...."
အေးစက်ပြက်သားလှသည့် မမကြောင့် ကူးရင်ထဲမှာ ဝမ်းနည်းစိတ်လေးဝင်သွားမိသည်။
"ကူး စဉ်းစားခိုင်းထားတာ ဘယ်တော့စဉ်းစားပေးမှာလဲ..."
နှုတ်ခမ်းစူပုတ်ပုတ်လေးဖြင့် သူမအားမေးနေသည့် ကူးအမေးကို ခါးနားမလည်သလိုကြည့်ကာ
"ဘာလဲ...?"
"ဟာ မမကလည်း ကူးနဲ့သူငယ်ချင်းလုပ်ဖို့စဉ်းစားခိုင်းထားတာလေ..."
"ဪ....."
"ဘာဪလဲ စဉ်းစားပြီးပြီလား..."
မျက်မှုန်လေးကုပ်ပြီး မေးနေသည်က တကယ့်ကို အသည်းယားစရာလေးပင်။ ခါး နှုတ်ခမ်းတွေပြုံးမိမလိုဖြစ်သွားတာကြောင့် တစ်ဖက်သို့မျက်နှာလှည့်လိုက်ရသည်။ ကူးနဲ့တွေ့ရင် အလိုလိုပျော်နေမိသည်။ သို့သော်လည်း သူငယ်ချင်းတော့မဖြစ်ချင်ပေ။
"ငါ မင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး စန္ဒကူး..."
ဒီစကားကိုကြားရတိုင်း ကူးရင်ထဲနာကျင်ရသည်။ ဘာကြောင့်လဲလို့ မေးရင်တော့ ကူးမဖြေတတ်ပေ။ သေချာတစ်ခုကတော့ မမအပေါ်မှာထားတဲ့ ကူးရဲ့သံယောဇဉ်က တော်ရုံအတိမ်အနက်မဟုတ်ဘူးဆိုတာပင်။ ရင်ထဲမှဝမ်းနည်းစိတ်ကြောင့် ကူး မျက်ရည်တွေဝဲလာရသည်။ ကူးကဘာဖြစ်နေလို့လဲ။ မမအတွက် ကူးက စိတ်ပျက်စရာကောင်းတဲ့သူဖြစ်နေတာလား။
"ဟာ ဟေ့ မင်းငိုနေတာလား..."
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေသည့် ကူးကိုကြည့်ပြီး ခါး အံသြမှင်သက်နေမိသည်။ သူမလေးက ဘာကြောင့် သူ့လိုပေပေတေတေလူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်နေရတာလဲ။ တရှုံရှုံ့ငိုနေသည့် သူမလေးကိုကြည့်ပြီး ခါး ရင်ထဲဗလောင်ဆူသွားသည်။ နောက်ပြီး သနားသွားရသည်။ ခါးကို အငိုမျက်ဝန်းလေးဖြင့် ဘောက်ဆတ်ဆတ်လေးကြည့်နေသည့် ကူး။
"ကူး ကဘာဖြစ်နေလို့လဲ မမက ကူးနဲ့အပေါင်းအသင်းမဖြစ်ချင်လောက်အောင်ကို မုန်းနေတာလား အင့် ဟင့် ကူးက ကူးက မမအတွက် အရှုပ်အထုပ်လား..."
ရင်ထဲကစကားတွေကို ငိုရှိုက်သံလေးတွေဖြင့်ထုတ်ပြောနေမိသည်။
"မင်းကငါ့အတွက် အရှုပ်ထုပ်မဟုတ်ပါဘူး ကူးရယ်..."
ကူးရဲ့အရပ်က မမရဲ့ပခုံးတောင်မထိတထိဖြစ်နေသည်မို့ မမက ခါးလေးကိုင်းပြီး ကူးရဲ့မျက်ရည်တွေကို တယုတယသုတ်ပေးလေသည်။ မျက်ရည်သုတ်ပေးရင်းပြောသည့် မမရဲ့အသံက နုညံ့ချိုသာလှသည်။ မယုံနိုင်သလို မျက်လုံးဝိုင်းလေးတွေဖြင့်ကြည့်နေသော သူမရဲ့ရှေ့က ကူးရဲ့ခေါင်းကို ဖွဖွလေးပုတ်လိုက်သည်။
"မငိုနဲ့တော့နော်..."
ကလေးတစ်ယောက်ကို ချော့မြူသလို ခေါင်းလေးကိုဖွဖွလေးပုတ်ပြီး ညှင်သာစွာပြောသည့် မမရဲ့အသံရှရှလေးက ကူးအတွက် ရင်ခုန်လှိုက်ဖိုစေတာအမှန်ပင်။
"မငိုစေချင်ရင် ကူးကိုသူငယ်ချင်းအဖြစ်လက်ခံလေ..."
မျက်စောင်းလေးရွယ်ရင်းပြောလိုက်သည့် ကူးစကားကြောင့် ခါး ထပ်မံအကြံအိုက်သွားရသည်။  သူမရဲ့စိတ်ကို အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ပြီးပြီ။ သူမ ကူးနဲ့သူငယ်ချင်းမဖြစ်ချင်တာ အမှန်ပင်။
ကူးရဲ့ခေါင်းပေါ်က ခါး လက်ကိုဖယ်လိုက်ပြီး ကူးရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်သည်။
"ပြောမယ် သေချာနားထောင်နော်ကူး... "
ကူး ခေါင်းကိုအမြန်ညိမ့်ပြလေသည်။ချိုသာလွန်းသည့် မမရဲ့အသံက ကူးကိုဆွဲဆောင်လွန်းလှသည်။
"ငါပြောပြီးရင် မင်းငါနဲ့သူငယ်ချင်းဖြစ်ချင်စိတ်ရှိမှာမဟုတ်တော့ဘူး ဟူးး..."
စိတ်ရှုပ်သည့်ဟန်မူရာဖြင့် ဆံပင်တွေကိုလက်ဖြင့်ထိုးဖွပြီးသပ်တင်လိုက်သည်။ အလယ်ခွဲထားသည့်မမရဲ့ ဆံပင်တွေက ကပိုကယိုပြန်ကျလာသည်။ မမလုပ်သမျှကို တမေ့တမောငေးနေမိသည့် ကူး။
"ငါ မင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူးဆိုတာ မင်းနဲ့ငါ့ရဲ့ကြားမှာ စည်းတစ်ခုမခြားစေချင်လို့ တကယ်တော့ တကယ်တော့ငါက...ယောကျာ်းလေးတွေကို စိတ်မဝင်စားဘဲ မိန်းကလေးချင်းကိုကြိုက်တဲ့ Lasbian တစ်ယောက်ပါ....."
ကူးရဲ့နားထဲဝင်လာတဲ့ မမရဲ့စကားတွေက ကူးကိုအံသြမှင်သက်စေသည်။
"ပြီးတော့ မင်းကိုချစ်တယ် စန္ဒကူး..."
ကူးမျက်နှာလေးကို မရဲတရဲကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည့်မမ။ ကူးရဲ့ နှလုံးခုန်သံတွေက ဆူညံနေသည်။
"တကယ်တော့ ငါကမင်းနဲ့မတန်ပါဘူး ငါကအပေအတေတစ်ယောက် မင်းထက် ပညာရော ဥစ္စာရော  အဘက်ဘက်မှာနိမ်ကျသူရယ်ပါ....နောက်ပြီး မိန်းမတစ်ယောက်...LGBTဖြစ်တဲ့ငါ့ကို မင်းသူငယ်ချင်းအဖြစ်လက်ခံချင်မှာမဟုတ်သလို ချစ်သူအဖြစ်လည်း...."
ကူးက မမရဲ့နှုတ်ခမ်းကို လက်ညှိုးလေးထောင်ပြီး ပိတ်ထားလိုက်သည်။ မမရဲ့ ဝမ်းနည်းရိပ်လွှမ်းသည့်မျက်ဝန်းနက်နက်တွေက ကူးကို ပိုပြီးဂရုဏာသက်စေသည်။
"ကူး မမကိုချစ်တယ်..."
ထိုသို့ပြောပြီး လက်ညှိုးလေးဖယ်ကာ မမှီ့တမှီအရပ်ကလေးဖြင့် ခြေဖျားထောက်ကာ မမရဲ့နှုတ်ခမ်းလေးသို့ အနမ်းခြွေလိုက်တော့သည်။
စက္ကန့်အလီလီရွေ့လျားပြီးသည့်တိုင်အောင် ချိမြိန်တဲ့အနမ်းတွေဖြင့် အပြန်အလှန်ခရီးဆက်နေမိသည်။
❤❤ချစ်လိုက်တာ ခလေးရယ်.....❤❤

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now