Part16

1.7K 55 0
                                    

ဧည့်ခန်းထဲတွင် တစ်ယောက်တစ်နေရာဆီထိုင်နေကြသော ဦးကျော်အောင်နှင့်ဒေါ်သက်မာ။ နှစ်ယောက်စလုံးရဲ့မျက်နှာတွေမှာလည်း နောင်တရိပ်တို့လွှမ်းမိုးနေ၏။
"သူဒီညတော့ ပြန်လာမှာမဟုတ်ဘူး...."
ဒေါ်သက်မာက နာရီတကြည့်ကြည့် ဖြစ်နေသော ယောကျာ်းဖြစ်သူအား ပြောလိုက်သည့်စကားဖြစ်သည်။
"သူ ဘယ်တွေလျှောက်သွားနေလဲမသိဘူး သူကမိန်းကလေး..."
စိုးရိမ်စိတ်များနှင့်အသံမာနေသည့် ယောကျာ်းဖြစ်သူကို ကြည့်ပြီး ဒေါ်သက်မာ သက်ပြင်းချနေမိသည်။
"သူဘယ်မှမသွားပါဘူး မျက်နှာချင်းဆိုင်ခြံကကောင်မလေးအိမ်မှာ... "
"မင်းကဘယ်လိုလုပ်သိလဲ..?"
"အိမ်နဲ့ရန်ဖြစ်တိုင်း သူ့ကိုအဲ့အိမ်ကကောင်မလေးလာခေါ်သွားတာလေ ရန်နိုင်ဆိုတဲ့သူ့သူငယ်ချင်းကိုလည်း မေးကြည့်ပြီးပြီ အဲ့အိမ်မှာသေချာတယ်..."
ဒေါ်သက်မာ၏ ချက်ကျကျအဖြေကြားမှ ဦးကျော်အောင်သက်ပြင်းချနိုင်တော့သည်။
တမင်စိမ်းခဲ့ရပေမယ့် သူတို့ကသူစိမ်းတွေမှမဟုတ်ဘဲ။ ကိုယ့်သွေးသားရင်းဆိုတော့ သွေးကစကားပြောချေပြီ။ စိုးရိမ်စိတ်ဖြစ်တိုင်း ဖုံးကွယ်ထားသမျှကို အခုမှ လင်မယားနှစ်ယောက်မျက်နှာစုံညီဖြင့် ပူပန်နေကြသည်။
ဦးကျော်အောင်၏ အတွေးတွေကတော့ လွန်ခဲ့သော အတိတ်စာမျက်နှာများဆီသို့.....❄❄❄❄
"ဘာပဲဖြစ်ဖြစ်အားမငယ်နဲ့ ညီလေး မင်းငါ့ဆီမှာနေရင် ဘာမှအားငယ်စရာမလိုဘူး ရော့ဒီမှာ အဖေကမင်းအတွက်ခွဲပေးခဲ့တဲ့ အမွေစာချုပ်စာတမ်းတွေ...."
သူ့ရှေ့သို့ စာရွက်စာတမ်းတွေတွန်းပေးတော့ ဦးကျော်အောင်တစ်ယောက်အလိုရမ္မက်ကြီးစွာဖြင့် လှန်လှောကြည့်နေလေသည်။ ဒေါ်သက်မာကလည်း ထိုနည်းလည်းကောင်းပင်။ ရှိစုမဲ့စုလေးတွေနှင့်ရပ်တည်လို့မဖြစ်နိုင်၍ မိဘအရိပ်ကိုပြန်ခိုလှုံလာပါသော်လည်း မိဘတွေကဆုံးပါးသွားပြီဖြစ်သည်။ အမွေတွေမနည်းဘူးဆိုတာကို သိထားကြသည့် ဦးကျော်အောင်နှင့်ဒေါ်သက်မာတို့လင်မယားဟာ အမွေတွေကိုမပေးလျှင်  မရရတဲ့နည်းဖြင့်ယူမည်ဟုလည်း စိတ်ပိုင်းဖြတ်ထားကြ၏။
စာချုပ်ကိုကြည့်နေသည့် ဦးကျော်အောင်၏ မျက်ခုံးတွေတွန့်ကျုံ့့သွားသည်။ အကြောင်းမှာ မိသားစုပိုင်ပတ္တာမြားဟာ စာချုပ်ထဲမှာပါမလာလို့ပင်။
"အစ်ကို့ မိသားစုပိုင်ပတ္တမြားကော.."
ဦးကျော်အောင်၏အမေးကို ဦးကျော်လင်းက နားမလည်သလိုကြည့်လိုက်ကာ ပြီးမှ ရယ်လေ၏။ ဦကျော်လင်းကရယ်နေတော့ ဒေါ်သက်မာအပါအဝင် ဦးကျော်အောင်ပါ ကြောင်အမ်းအမ်းဖြစ်သွားသည်။
ဦးကျော်လင်း အရယ်ရပ်ကာ
"အဟင်း ငါ့ညီကတော့လေ အဲ့ပစ္စည်းကညီ့ထဲမှာ မပါဘူးလေ...."
"ဗျာ....."
"ဘယ်လို..."
လင်မယားနှစ်ယောက်စလုံးတစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ဒီပစ္စည်းကအဖိုးတန်ရတနာ...။ဒါကဘာလို့ သူတို့ကိုလွှဲပေးတဲ့ထဲမပါတာလဲ။ သူတို့အတွေးတွေမဆုံးသေးခင် ဦးကျော်လင်းကစကားဖြတ်ပြောသည်။
"ဒီလိုပါ အခုအဖေမင်းကိုလွှဲပေးခဲ့တာက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့တိုက်တစ်လုံးကားတစ်စီးလေ အစ်ကို့အတွက်က အဲ့ဒီပတ္တမြားနဲ့ခုနေတဲ့တိုက်နဲ့ခြံ..."
ဦးကျော်လင်း၏ပြောပြချက်ကို ဦးကျော်အောင်သိပ်မကျေနပ်။ လက်မခံချင်ပေ။ မိသားစုပတ္တမြားကိုလည်း မက်မောသလို ထိုပတ္တမြားနှင့်ညီမျှသည့် အဖေ့ရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကိုလည်း ပိုင်ဆိုင်ချင်သည်။ ဒေါ်သက်မာကလည်း အားလုံးကိုယူချင်သည့် လောဘစိတ်များဖြစ်နေသည်။
ညီ ဖြစ်သူမကျေနပ်တာကို ဦးကျော်လင်းရိပ်စားမိသည်။ စီးပွားရေးကိုစိတ်မဝင်စားဘဲ အသုံးအဖြုန်းကြီးလွန်းသည့် ညီဖြစ်သူကို မိသားစုပိုင်ပတ္တမြားပေးလိုက်လျှင် ဖြုန်းတာနဲ့မတိုးပွားပဲတန်းကုန်သွားမည်ဆိုတာ အဖေသိသလို သူလည်းသဘောပေါက်သည်။
အဖေမသေခင်မှာခဲ့တာက ညီလေးကိုစီးပွားရေးလုပ်ငန်းတွေမှာ စိတ်ပါလာအောင် ဆွဲဆောင်ပြီး ထိန်းကျောင်းလမ်းပြပေးရမည်ဖြစ်သည်။ ဒါကြောင့်လည်း စီးပွားရေးစိတ်မဝင်စားခဲ့သည့် ညီလေးကို စီးပွားရေးလုပ်ငန်းတွေ အကုန်အပ်ခဲ့တာဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရရင် သူ့ကိုယုံပြီး ညီလေးလက်မှာ စီးပွားရေးလုပ်ငန်းတွေအပ်ခဲု့ခြင်းပင်။
ဦးကျော်အောင် မကျေနပ်သော်လည်း ငြိမ်နေလိုက်သည်။ တစ်နေ့နေ့မှာ သူအဲ့ပစ္စည်းကိုရအောင်ယူမည်ဟု လင်မယားနှစ်ယောက်ပေါင်းပြီး ကြံစည်ထားလို့ပင်။
ဦးကျော်လင်း၏ နည်းညွှန်လမ်းပြမှုတွေကြောင့် စိတ်မပါ့တပါဖြင့် အလုပ်လုပ်နေသော ဦးကျော်အောင်တစ်ယောက် အလုပ်မှာပျော်လာသည်။ အောင်မြင်လာသည်။ တိုးတက်လာသည်။ သူ့အတွက်ဆရာတစ်ဆူ၊ အစ်ကိုကောင်းတစ်ယောက် ဖြစ်သည့် သူ့အစ်ကိုကို ဦးကျော်အောင် အမြင်မကြည်လင်မှုတွေနည်းပါးလာခဲ့သည်။
သို့သော်လည်း မိန်းမဖျက်လျှင်ပြည်ပျက်တယ် ဆိုတဲ့စကားအတိုင်း အသုံးအဖြုန်းကြီးလွန်းသည့် ဒေါ်သက်မာက မကျေနပ်နိုင်။ မရောင့်ရဲနိုင်ပေ။ ဒါကြောင့်လဲ ညီအစ်ကိုနှစ်ယောက်ကြား ကတောက်ကဆတွေဖြစ်အောင်ဖန်တီးကာ ပတ္တမြားကိုပါ အပိုင်ကြံခိုင်းခဲ့သည်။
"အလိုကြီးလျှင်အရနည်း "သည်ဆိုတဲ့စကားအတိုင်း ဦးကျော်လင်းဆီက သူတို့ခိုးယူလို့ရခဲ့တာဟာ ဦးကျော်လင်း၏ ဒိုင်ယာရီစာအုပ်လေးနှင့်သူတို့ညီအစ်ကိုနှစ်ယောက်ဓာတ်ပုံလေးပင်။
အတိတ်ကိုပြန်တွေးရင်း နောင်တမျက်ရည်တွေက ဦးကျော်အောင်၏ မျက်ဝန်းမှာပြည့်နေတော့သည်။
❄❄❄❄❄❄❄❄❄
အိမ်ကိုမပြန်ချင်သေးသည့် ခါးအတွက် ကူးရှိနေသည့် ကူးတို့အိမ်လေးဟာခိုလှုံရာဖြစ်နေခဲ့သည်။ နောက်ပြီး ရန်နိုင်ကလည်း ကူးရဲ့အိမ်မှာလာပြီး Guideလုပ်ပေးတာကြောင့် ခါး၏အပြင်မထွက်ချင်သည့် ဆန္ဒပြည့်ရလေသည်။
"ကလေးတို့ ခဏနားလိုက်ကြဦးလေ...."
ဒေါ်သီသီချိုက ခါးတို့သုံးယောက်အနားသို့လာပြီး စားစရာတွေလာချပေးသည်။
ရန်နိုင်ရဲ့ အားပါးတရဖောက်သည်ချမှုတွေကြောင့် ဒေါ်သီသီချိုတစ်ယောက် ခါးကိုသနားဂရုဏာသက်နေသည်။ ကူးရဲ့ဖခင်ကလည်း ထိုနည်းတူစွာပင်။
"သမီးခါး အားမနာနဲ့နော် ကိုယ့်အိမ်လိုသဘောထား သားလည်းစားနော်..."
တကယ်တမ်းပြောရရင် ကူးအမေနှင့် ရန်နိုင်တို့ဟာ ခုလိုပြေပြေလည်လည်သိကျွမ်းတာမကြာသေးတော့ ရန်နိုင်ကရှိန်နေခြင်းပင်။
"ဟ အပိုင်ပဲကွာ ကျောင်းသားတွေရဲ့မုန့်စားဆင်းချိန်နဲ့တိုးတာ...."
လူမလာခင် အသံအရင်ရောက်လာသည့်လူအား အားလုံးလှည့်ကြည့်လိုက်တော့ ဝေယံဖြစ်နေသည်။
"ငါတူ ခုကော အလည်လာတာဆိုပြီး တန်းပြန်ဦးမလို့လား...."
(**အလုပ်ကိစ္စပေါ်လာလို့ ဝေယံက ခါးတို့နဲ့တွေ့ပြီး နောက်ရက်မှာပြန်သွားခဲ့သည်။**)
"အာ မဟုတ်ပါဘူး ဒီတစ်ခါကိစ္စကဒီမှာ ခပ်ကြာကြာနေမှရမှာ ဟီး..."
ရန်နိုင့်မျက်လုံးတွေကတော့ သူ့ရှေ့ကဝေယံဆီသာရောက်နေသည်။ဝေယံ့အကြည့်တွေကလည်း ရန်နိုင့်ဆီမှာ။ အကြောင်းသိတွေဖြစ်သည့် ကူးနှင့်ခါးက ပြုံးစိစိဖြစ်နေကြသော်လည်း ဒေါ်သီသီချိုကတော့မရိပ်ချေ။
"ဘာကိစ္စလဲ ငါ့တူရဲ့..."
"နောက်တော့သိရမှာပေါ့အန်တီချိုရယ် ဟင်း ဟင်း"
"ကဲဟုတ်ပါပြီကွယ် မပြောချင်လည်းနေပါ ကလေးတွေလွတ်လွတ်လပ်လပ်သာနေကြ အန်တီအောက်ဆင်းလိုက်ဦးမယ်..."
"ဟုတ်ကဲ့ဒေါ်လေး..."
"ဟုတ်ကဲ့ အန်တီ..."
ဒီလိုနှင့်ဒေါ်သီသီချို အိမ်အောက်ဆင်းသွားတော့ ကူးအကြည့်တွေက ဝေယံ့ဆီသို့ရောက်လေသည်။
"အစ်ကိုဝေယံ ဘာတွေလျှို့ဝှက်ထားတာလဲ..."
တရားခံစစ်သလိုလုပ်နေသည့်ကူး။
ဝေယံက ရှိသမျှသွားတွေအကုန်ပေါ်အောင်ဖြီးလျှက်။
"မင်္ဂလာသတင်းပါ ဟီး..."
အပျော်လုံးစို့နေသည့် ဝေယံအသံနှင့်စကားကြောင့် ရန်နိုင် ရင်ခုန်သံတွေမြန်လာသည်။
ကူးနှင့်ခါးကတော့ နားမလည်နိုင်သေးသည့်မျက်ဝန်းတွေဖြင့်ကြည့်နေကြသည်။
ဝေယံက ရန်နိင့်အားရွှန်းစားစားကြည့်ကာ
"ကိုယ့်မိဘတွေက ညီနဲ့လက်ထပ်ဖို့သဘောတူလိုက်ပြီ...."
"ဗျာ...."
"ဘယ်လို..."
သုံးယေါက်စလုံးအံသြဝမ်းသာဖြစ်သွားကြသည်။
"တ တကယ်ပြောနေတာလား အစ်ကို..."
ရန်နိုင့်မှာ ဝမ်းသာလွန်းလို့မျက်ရည်များပင် ဝဲနေသည်။ ဝေယံက ရန်နိုင့်လက်သွယ်သွယ်လေးတွေကို ဆုပ်ကိုင်လိုက်ပြီး နုညံ့ညှင်သာစွာ ခေါင်းညိမ့်ပြလေသည်။
"အစ်ကိုတို့ကအဆင်ပြေသွားပြီပေါ့ အားကျလိုက်တာနော်...."
ကူး ရဲ့စကားကြောင့် ဝေယံက ကူးကိုမျက်လုံးအပြူးသားဖြင့် သေချာကြည့်လေသည်။ ခါးကလည်း ကူးရဲ့စကားကဘာအဓိပ္ပါယ်ဆိုတာ သိနေတဲ့အတွက်ကြောင့် ရင်ထိတ်သွားသည်။ ရန်နိုင်ကလည်း အံသြစွာကြည်ြနေ၏။ အားလုံးကဝိုင်းကြည့်နေတော့မှ ကူး သူ့စကားကို သူသတိထားမိလိုက်သည်။
"အော် ဟို အစ်ကိုတို့လက်ထပ်ပွဲအတွက် ဂုဏ်ယူပါတယ်လို့ပြောတာ..."
"ဒါနဲ့ ခါး နင့်မျက်နှာကဘာလို့နီနေတာလဲ...."
ခါး တစ်ယောက်အတွေးပေါက်ချင်တာပေါက်ပြီး ရှက်နေသည်ကို ရန်နိုင်ကမေးလိုက်တော့ ခါး ခေါင်းမော့လာကာ
"ဘာမှမဖြစ်ပါဘူး နည်းနည်းအိုက်နေလို့ပါ ငါ ခဏအပြင်သွားလိုက်ဦးမယ်..."
မနေတတ်မထိုင်ဖြစ်နေသည့် ခါးကိုကူးကကြည့်ပြီး ခိုးပြုံးနေသည်။ ခါးကတော့ ထိုနေရာမှ အောက်သို့ဆင်းသွားလေသည်။ ကူးကလည်း ညာတာပါတေးဖြင့် ခါးနောက်သို့လိုက်ဆင်းလာသည်။
ရန်နိုင်တို့လည်း ဆက်ပြီးသံငယဝင်မနေဘဲ လွတ်လပ်သည့်အချိန်လေးမှာ နှစ်ယောက်သား စကားတွတ်ထိုးနေကြတော့သည်။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now