Part7

1.9K 78 0
                                    

"ခါး ဘဝကသနားစရာပါဟာ...."
"အင်း ဟုတ်ပါ့နော် မမရဲ့မိဘတွေက အရမ်းရက်စက်ကြတာပဲနော် ကူးမိဘတွေနဲ့ကွာလိုက်တာ မမအရမ်းခံစားနေရမှာပဲ သနားပါတယ်..."
အစ်ကိုရန်နိုင်ပြောပြသည့် မမအကြောင်းတစ်စိတ်တပိုင်းများစွာကြောင့် မမကို ကူးပိုပြီးသနားဂရုဏာသက်နေမိသည်။
"သူ့ရှေ့မှာတော့ သူ့ကိုသနားကြောင်းသွားမပြောမိစေနဲ့ဦး..."
"ဟမ် ဘာလို့လဲ အစ်ကိုရန်နိုင်ရဲ့..."
"ဘာရမွာလဲ ခါးက မာနကြီးတယ်ပြောရမလားပဲ သူ့ကိုသနားတာမကြိုက်ဘူးဟ နောက်ပြီး သူ့စိတ်က ခန့်မှန်းရခက်တယ် ငယ်ပေါင်းသူငယ်ချင်းဖြစ်တဲ့ငါတောင်မှ တစ်ခါတလေသူ့ကိုနားမလည်ဘူး ပြီးတော့ သူကအရမ်း လျို့ဝှက်တတ်တာ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် တစ်ယောက်တည်းခံတာ သူများကိုပြောမပြဘူး ပြီးတော့သူကအသည်းမာတယ် မငိုတတ္ဘူး သံယောဇဉ်လဲသိပ်မထားတတ်ဘူးဟ..."
ရန်နိုင်ကတွေးဆဆဖြင့် ခါးအကြောင်းကို ကူးထံဖောက်သည်ချနေလေသည်။
"မမ မာနကြီးတာတော့ ဟုတ်လောက်တယ် ဘာလို့ဆို သူ့ကိုခခယယခင်ချင်နေတဲ့ ကူးကိုသူငယ်ချင်းအဖြစ်လက်မခံတာပဲ ကြည့်လေ ဒါပေမယ့် မမက အစ်ကိုရန်နိုင်ပြောသလို အသည်းမာတာ သံယောဇဉ်မထားတတ်တာမျိုးတော့ မဟုတ်လောက်ပါဘူး..."
"မသိတော့ဘူးဟာ ခါးစိတ္ကို ငါသိတာတော့ အဲ့လောက်ပဲ သူ့စိတ်ကိုသာနားလည်အောင်ဖတ်ကြည့်ရမယ်ဆိုရင် ရူးသွားလိမ့်မယ် ကူးရေ..."
"မမကိုမွ စိတ်ဝင်စားပြီး ပက်သက်ချင်နေမိတာ မမရဲ့မျက်လုံးထဲက အဓိပ္ပါယ်တွေကို ကူး နားလည်အောင်ဖတ်ကြည့်ချင်တယ် မမကို သနားတယ် ပြီးတော့ မမကို..."
စကားကိုဆက်မပြောဘဲ သက်ပြင်းလေးရှိုက်ကာ ကောင်းကင်သို့ မော့ငေးကြည့်နေသည့် ကူးကို ရန်နိုင်ကြည့်မိသည်။
"ဘာဖြစ်လဲ နင် ခါးကိုကြိုက်နေမိပြီလား..."
ကူးမဆက်ဖြစ်တဲ့စကားကို ဆက်ပြောရင်း ကူးလိုပဲကောင်းကင်ကြီးကို မော့ကြည့်နေသည့် အစ်ကိုရန်နိုင်။
"ဟာ အစ်ကိုရန်နိုင်ကလည်း ဘာတွေလျှောက်ပြောနေမှန်းမသိဘူး..."
ပြုံးစိစိဖြင့် ကူးကိုစနောက်နေသည့် အစ်ကိုရန်နိုင်။
"အဲ မေ့နေတာ..."
ခါးလေးမတ်သွားပြီး တစ်ခုခုကိုသတိရသွားသည့် ကူးက ရန်နိုင့်ကိုကြည့်လိုက်သည်။
"ဘာလဲဟ အလန့်တကြား..."
"သတင်းပါးခိုင်းလိုက်လို့ပါ အစ်ကိုဝေယံနောက်တစ်ပက်ထဲမှာ မန္တလေးကိုလာမယ်တဲ့လေ..."
အားရဝမ်းသာဖြင့်ပြောလိုက်သည့် ကူးရဲ့စကားအဆုံးမှာ ရန်နိုင့်မျက်လုံးတွေ အရောင်လက်လာသလို နှုတ်ခမ်းတွေလည်းပြုံးလာသည်။ အပျော်လွန်သွားသည့် မျက်နှာထားဖြင့် ဘာစကားမှမဆိုနိုင်ဖြစ်နေသည့် အစ်ကိုရန်နိုင့်ကိုကြည့်ပြီး ကူးလည်း အပျော်တွေကူးဆက်နေတော့သည်။
"အမယ်လေး စကားလေးလည်းပြန်ပါဦး အပျော်လွန်ပြီး အစ်ကိုကြီးနဲ့မတွေ့ရဘဲလဲနေဦးမယ်..."
"နင်ကလည်း မဦးမချွတ်နဲ့ အစ်ကိုကငါ့ကိုလည်း ဘာမှမပြောဘူး..."
"အစ်ကိုဝေယံက အလုပ်များနေလို့တဲ့ ကူးတောင်မှ မေမေ့ဆီကသိရတာ..."
"ဟွန်း..."
မကျေမနပ်ပုံစံဖြင့်နှာခေါင်းရှုံ့့နေသည့် ရန်နိုင်။
တကယ်တော့ ကူးရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်သည့် အစ်ကိုဝေယံနှင့် အစ်ကိုရန်နိုင်က ချစ်သူတွေဖြစ်သည်။ အောင်သွယ်တော်မြှားနတ်မောင်ကတော့ ကူး ပဲဖြစ်သည်။ ရန်ကုန်ကိုကျောင်းလာတတ်တဲ့အစ်ကိုရန်နိုင်နဲ့ အရင်ဆုံးစပြီး ခင်မင်ခဲ့သည်မှာ ကူးဖြစ်သည်။
(#Edit-#ရန်နိုင်နဲ့ခါးကငယ်သူငယ်ချင်းဖြစ်သော်လည်း၁၀တန်းမှာကွဲကွာသွားကြသည်။#နှစ်ချင်းပေါက်အောင်သည့်ရန်နိုင်ကရန်ကုန်တွင်ကျောင်းသွားတတ်ခြင်းဖြစ်သည်။#ကျောင်းအားရက်တွေမှသာခါးနှင့်တွေ့ဆုံဖြစ်ကြသည်။#နောက်ပြီးရန်နိုင်ဟာကျောင်းပြီးသွား၍#မိဘလုပ်ငန်းတွေမှာဝင်ကူရန်မွေးရပ်ဖြစ်သည့်မန္တလေးတွင်ပြန်လာနေခြင်းဖြစ်သည်။)
ကူးကနေတစ်ဆင့် အစ်ကိုဝေယံနဲ့အစ်ကိုရန်နိုင်တို့နှစ်ယောက် သိကြခြင်းဖြစ်သည်။ အောင်သွယ်တော်ဆိုသော်လည်း များများစားစားတော့ မအောင်သွယ်လိုက်ရပေ။ အစ်ကိုဝေယံက စပြီး အစ်ကိုရန်နိုင့်ကို ချစ်နေမိကြောင်း ကူးဆီမွာ အကြံဥာဏ်တောင်းရင်း ရင်လာဖွင့်သည်။ ကူးက လက်ခံပေးကာ အောင်သွယ်တော်ကြီးဝင်လုပ်လိုက်သည်။ သိပ်မကြာခင်မှာပဲ သူတို့ချစ်သူဖြစ်သွားကြသည်။
အခုဆို အစ်ကိုဝေယံက မိဘလုပ်ငန်းတွေမှာဦးစီးနေသလို အစ်ကိုရန်နိုင်ကလည်း ကျောင်းပြီးသည်နှင့်မိဘလုပ်ငန်းတွေမှာ ဝင်ကူနေတော့သည်။ ကျောင်းတုန်းကလို ကူးကိုအကြောင်းပြုပြီး လူချင်းမတွေ့ရသော်လည်း အဆက်အသွယ်မပြက်ကြပေ။ LGBT supporter ဖြစ်သည့် ကူးအတွက် supportချင်စရာအကောင်းဆုံးနဲ့ ချစ်စရာအကောင်းဆုံးအတွဲကတော့ အစ်ကိုတို့အတွဲပင်ဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက်အားပေးရင်း တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းဖြင့် သစ္စာရှိရှိလက်တွဲကြသည့် ချစ်စရာစုံတွဲလေးပင်။ မမကေရာ LGBTအသိုင်းအဝိုင်းကိုလက်ခံရဲ့လား?
ကူးရဲ့အတွေးထဲကို မမရောက်လာသည်။
"အစ်ကိုရန်နိုင်... "
"အင်း ပြောလေ..."
"မမက LGBTတွေကိုလက်ခံရဲ့လားဟင်...?"
ကိုယ်လည်းLGBTမဟုတ်ပါဘဲ မမလက်မခံမှာကို စိုးရိမ်စိတ်ကြီးစွာမေးလိုက်မိသည်။ အစ်ကိုရန်နိုင်လည်း ယောင်နနတွေးဆဆဖြစ်နေသည်။ ပြီးမှ
"ငါလည်းမသိဘူးဟ ငါ့တော့ လက်မခံလောက်ဘူးထင်တာပဲ ခါးပုံစံကသာ က်ားလိုလို မ လိုလိုဖြစ်နေတာ သူအဲ့ဒါတွေတော့လက်မခံလောက်ဘူး ဟူးး ငါ့ကိစ္စတောင် ခါးကိုပြောမပြရသေးဘူး သူသာသိရင်ငါ့ကိုစိတ်ဆိုးနေတော့မယ်..."
ရန်နိုင်က သက်ပြင်းချပြီး စိတ်ပူနေမိသည်။ အစ်ကိုရန်နိုင့်လိုပဲ သက်ပြင်းချရင်း စိတ်ပူနေသော်လည်း ကူးက Lesbian(မိန်းကလေးပုံစံနေထိုင်၍ပုံစံတူ(လိင်တူ)မိန်းကလေးအားချစ်ခင်နှစ်သက်သူ)မှမဟုတ်ဘဲ။ ဒါမှမဟုတ် ငါတကယ်ပဲ မိန်းကလေးချင်းချစ်မိနေတာလား...?
ဇဝေဇဝါအတွေးတွေကြားမှာ ကူးကို ပြုံးပြနေသည့် မမပုံရိပ်တွေသာ ဝဲချာလည်နေတော့သည်။
☸☸☸☸☸☸☸☸☸☸
"ငါ တကယ်အဆင်မပြေသေးလို့ပါကွာ ငါ့ကိုနောက်ထပ်အချိန်၂ပတ်လောက်ပေးပါလားကွာ..."
အဖေ့ဆီသို့လာရင်း ဝရန်တာတွင် ကြားနေရသည့် အဖေ့အသံကြောင့် ခါး ရပ်ပြီးနားထောင်လိုက်မိသည်။ အေဖ့မွာ အကြွေးတွေရှိနေတာလား။
"ကျေးဇူးပါပဲကွာ ငါ မင်းငွေကိုရအောင်ပြန်ဆပ်မှာပါ... "
အဖေ့ရဲ့ ပျော့ပြောင်းညှင်သာနေသည့်အသံကြောင့် ခါး အံသြနေမိသည်။
"ဟုတ်ပါပြီ ဒီ၂ပတ်အတွင်းမှ ငါမဆပ်နိုင်ရင် ကတိအတိုင်း ငါ့ကုမ္ပဏီကို သိမ်းလိုက်ပါ မောင်မြတ်ပိုင်...."
"မြတ်ပိုင်...."
ခါးနှုတ်မှ တိုးဖွဖွလိုက်ပြီး ရေရွတ်မိသည်။
ခါးရှိသည့်အရပ်သို့ အဖေလှည့်လာသည့် ခြေသံကြောင့် ခါးဘယ်ပြေးရမည်မသိဖြစ်သွားသည်။ ပြီးမှ သော့ခတ်မထားသည့် အခန်းတစ်ခန်းထဲသို့ အမြန်ဝင်ပုန်းလိုက်ရသည်။ ခါး အခန်းထဲအရောက် အေဖ ခါးအခန်းရှေ့ရောက်လာသည်။ ထိုစဉ် အိမ်အောက်မှ အပေါ်သို့တက်လာသည့် ခြေသံကြားရသည်။
"အစ်ကိုနဲ့ကျွန်မတိုင်ပင်စရာရှိတယ်..."
ဦးကျော်အောင်ကိုမြင်သည်နှင့် တန်းပြောလိုက်သည့် ဒေါ်သက်မာ၏စကားကြောင့် စိတ်ရှုပ်နေသည့် ဦးကျော်အောင် နဖူးကြောတွေတွန့်သွားသည်။
"ဘာလဲ ပြော..."
စိတ်မရှည်စွာဖြင့် တုံးတိမေးလိုက်သည်။
ဒေါ်သက်မာက ပတ်ဝန်းကျင်သို့ ဟိုရှာသည်ရှာပုံစံဖြင့်ကြည့်လိုက်သည်။
အပြင်မှာ အမေလည်းရောက်နေတာပဲ။ ငါ အခုလိုခိုးနားထောင်နေလို့ ဖြစ်ပါ့မလား။ တော်ကြာအမေသိသွားလို့ ငါ့ကို စည်းမရှိတဲ့မိန်းမဆိုပြီး ဆူနေဦးမှာ။ ခါး အပြင်ကိုထွက်သွားဖို့ ဟန်ပြင်နေစဉ်
"ရှင် မုန်းခါးကို ဘယ်လိုလုပ်မှာလဲ.."
အမေ့ရဲ့အမေးကြောင့် ခါး စိတ်ဝင်တစားရပ်နားထောင်နေမိသည်။
"ဘာကိုလဲဟ...."
"ရှင်ကလည်း သူကကျောင်းပြန်တတ်ချင်နေတာလေ ပြီးတော့လုပ်ငန်းတွေကိုလည်း နားလည်အောင်လုပ်ချင်နေတာ နောက်ပြီး..."
ဒေါ်သက်မာကိုစကားမဆက်ရန် ဦးကျော်အောင် လက်ဟန့်ပြီး တားလိုက်သည်။
"စကားကိုသတိလက်လွတ်တွေမပြောစမ်းပါနဲ့ သက်မာရာ နံရံတိုင်းမှာနားတွေရှိတယ်ကွ မပြောသင့်တဲ့စကားကို ဘယ်လိုနေရာမှာမှမပြောတာအကောင်းဆုံးပဲ..."
"ကျွန်မတို့ ဒီပုံစံတိုင်းဆက်လုပ်နေရင် သူတစ်နေ့သိမှာပဲ သူမသိခင် သူဒီအိမ်ပေါ်ကဆင်းအောင်လုပ်ရမယ်..."
"တောက်စ်!! တော်စမ်း မင်းပါးစပ်ကိုပိတ်ထား ခါးက မင်းသွေးသားမဟုတ်ဘူးလား နောက်တစ်ခါ ဒီလိုစကားမျိုးထပ်မပြောမိစေနဲ့ ခါးကငါတို့သမီးပဲ..."
ဦးကျော်အောင်ရဲ့ မာမာထန်ထန်အပြောကြောင့် ဒေါ်သက်မာတစ်ယောက် ပါးစပ်ပိတ်သွားရသည်။
အခန်းထဲတွင်နားထောင်နေသည့် ခါးသာ ဘာမှနားမလည်နိုင်ဖြစ်နေသည်။
"အမေတို့ ငါ့ကိုဘာဖုံးကွယ်ထားတာလဲ? အမေကဘာကြောင့် ငါ့ကိုဒီအိမ်မှာမနေစေချင်တာလဲ? အဖေ့လုပ်ငန်းတွေကရော ဘာကြောင့်အရှုံးပေါ်နေရတာလဲ? လုပ်ငန်းကြောင်းတွေကို ငါနားလည်သွားမှာဘာလို့ စိုးရိမ်နေရတာလဲ? ငါ့ကိုစာမေးပွဲမဖြေစေချင်တာ ဘာကြောင့်လဲ?"
လဲ ပေါင်းများစွာနှင့်ပဟေဠိဆန်သည့် မေးခွန်းများ ခါးရဲ့ခေါင်းထဲသို့ ရောက်လာတော့သည်။
✴✴✴✴✴✴✴✴✴✴✴✴
"ဒါကြီး လွင့်ပစ်လိုက်စမ်းပါဟာ..."
ခါး အင်္ကျီအိပ်ကပ်ထဲမှဆေးလိပ်ဘူးကို ရန်နိုင်ယူလိုက်သည်။ ဆေးလိပ်ဘူးကိုဖွင့်ကြည့်လိုက်တော့ သုံးလိပ်သာကျန်သည်။
"ကျန်တဲ့ဆေးလိပ်တွေကို တစ်နေ့တစ်လိပ်နှုန်းနဲ့ ဘယ်မြောင်းမှာ လွှင့်ခဲ့လဲ..နင်ဟာ ကိုယ်လဲတကယ်မသောက်တတ်ဘဲနဲ့ အလကားသပ်သပ် ကိုယ့်သိက္ခာကိုယ်ချလို့ နင်အခုလိုတွေလုပ်နေလို့ရော နင်လိုချင်တောင်းတနေတဲ့ နင့်မိဘရဲ့ဂရုစိုက်မှုတွေရလား..."
အလကားသပ်သပ် ပတ်ဝန်းကျင်က ပုတ္ခတ္တာကို ခံချင်နေသလိုဖြစ်နေသည့် ခါးကို ရန်နိုင် ဂရုဏာဒေါသနှင့်ပြောမိသည်။
ခါးက ရန်နိုင့်လက်ထဲမှ ဆေးလိပ်ဘူးကိုပြန်ယူလိုက်သည်။
"ပေးစမ်းပါဟာ.... "
ရန်နိုင်က ခါးလက်ထဲမှ ဆေးလိပ်ဘူးကိုပြန်ယူပြီး ဆေးလိပ်တွေကိုချိုးချေလိုက်တော့သည်။
"နင်အဲ့လို ရူးရူးမိုက်မိုက်လုပ်နေတာတွေတော်ပါတော့ ..."
မေတ္တာဆိုတာကို တလွဲနည်းလမ်းနဲ့ရယူချင်နေသည့် သူ့သူငယ်ချင်းအပေါ်မှာ သနားလည်းသနား စိတ်လဲတိုမိသည်။
"ငါ ဆယ်တန်းပြန်ဖြေတော့မယ်..."
ကြားလိုက်ရသည့် စကားက ခါးနှုတ်ဖျားကမို့ ရန်နိုင်အံ့သြစွာဖြင့် ခါးကို ကြည့်မိသည်။
"နင့်မိဘတွေက ခွင့်ပြုလိုက်ပြီပေါ့ ဟုတ္လား...."
ရန်နိုင်၏ ဝမ်းသာအားရအမေးကို ခါးက ခေါင်းရမ်းပြလေသည်။
"မဟုတ္ဘူး ငါခိုးဖြေမှာ..."
"ဟူး နင့်မိဘကလည်းဟာ ကိုယ့်သမီးတက်လမ်းပဲကို ဘာလို့တားမြစ်နေရတာလဲမသိဘူး ငါတော့ နင့်မိဘတွေကိုနားမလည်ဘူး "
"အင်းနော် ငါ့တက်လမ်းကိုဘာလို့ တားမြစ်နေတာလဲ..."
ခါးက မထိတထိလေးပြုံးရင်းပြောသည်။
"သူတို့မှာ အကျိုးအကြောင်းရှိလို့ဖြစ်မှာပါ ကိုယ့်မိဘကိုယ်လည်းပြစ်မှား မနေနဲ့ဦး နင်ကသူတို့သားသမီးပဲ သူတို့နင့်ကိုတော့ချစ်မှာပါ ဖော်မပြတတ်လို့နေမှာ..."
ရန်နိုင်က ဖေးဖေးမမလေး ဝင်ပြောပေးသည်။
"ဘာပဲဖြစ်ဖြစ်ပါ ငါဒီနှစ်ဆယ်တန်းပြန်ဖြေမယ်..."
"ကောင်းတယ် အဲ့လိုဖြစ်သင့်နေတာကြာပြီ နင့်ရဲ့လုပ်နိုင်စွမ်းကိုသာနင့်မိဘတွေမြင်သွားရင် အရင်ကထက်တော့ နင့်အပေါ်ပုံစံပြောင်းသွားမှာသေချာတယ်...ဒါနဲ့ စာကျတ်တော့ နင့်အိမ်မှာအဆင်ပြေပါ့မလား..."
"အဲ့တစ်ချက်တော့ စဉ်းစားနေတုန်းဟ...."
"ဒီလိုလုပ်လေ ငါ့အိမ်မှာလာကျတ်လေ... "
"အင်း အဲ့အစီစဉ်ကောင်းတယ်..."
"ငါနင့်ကို Guide လုပ်ပေးလို့လည်းရတယ်နော် နင်အဆင်ပြေရင်ပြောတာပါ..."
"သိပ်ကောင်း သိပ်goodတာပေါ့ နင်သာအချိန်ရရင်ငါ့ကို guide လုပ်ပေးတော့ ..."
ပြုံးရွှင်ပျော်မြူးနေသည့် ခါးကိုကြည့်ပြီး ရန်နိုင့်ရင်ထဲကိုလည်း အပျော်တွေကူးဆက်လာရသည်။ သူငယ်ချင်းနှစ်ယောက် မနက်ဖြန်အတွက် Planတွေချပြီး ပျော်ရွှင်နေကြတော့သည်။
ဆယ်တန်းပြန်ဖြေဖို့အတွက် အရင်ကတည်းက စိတ်အားသန်နေခဲ့သည်မို့ စာမေးပွဲပြန်ဖြေရမည်ဟူသည့် အတွေးတစ်ခုနှင့်ပင် ခါးရင်ထဲမှာ အတိုင်းမသိဝမ်းသာနေမိတော့သည်။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now