Part11

1.7K 64 0
                                    

"မုန်းခါး....."
ဧည့်ခန်းထဲမှ အမေ့ရဲ့ခပ်မာမာခေါ်သံကြောင့် ခါး အမေ့ဘေးတွင်သွားထိုင်လိုက်သည်။
"နင် စာမေးပွဲပြန်ဖြေမလို့ဆို...."
ရန်နိုင်တို့အိမ်မှ စာလုပ်ပြီးပြန်လာသည့်ခါးက ဒေါ်သက်မာ၏အမေးကြောင့် ဘာပြန်ပြောရမည်မသိဖြစ်သွားသည်။ အတိအကျရသည့် သတင်းမို့ အမေခုလိုမေးတာမှန်း ခါးရိပ်မိတာကြောင့် ဝန်ခံဖို့သာ ဆုံးဖြတ်လိုက်သည်။
"ဟုတ်တယ် အေမ ..."
"အံမာ နင်ကဘယ်သူ့ခွင့်ပြုချက်နဲ့ စာမေးပွဲပြန်ဖြေမယ်ပြောနေတာလဲ ဟင်....."
"အမေဘာကြောင့်တားနေတာလဲလို့ကော ကျွန်တော်မေးခွင့်ရှိမလားအမေ..."
ခါးရဲ့အမေးကြောင့် အေမ မျက်ခုံးတွေကျုံပြီးအလိုမကျစွာကြည့်လေသည်။
ခါး ရဲ့ရင်တွင်းမှပြောချင်ခဲ့သည့် စကားသံဖြစ်သည်။ ဒေါ်သက်မာရဲ့ စိမ်းသက်သောအကြည့်တွေက ခါးကို ဝမ်းနည်းစိတ်ဝင်စေသည်။
"ဟဲ့ နင်စာတွေနဲ့ဝေးနေတာဘယ်လောက်ကြာပြီလဲ အဲ့ဒါကို..."
"စာတွေနဲ့ဝေးအောင်လုပ်တာ အမေတို့မလား ကျွန်တော်စာမေးပွဲပြန်ဖြေဖို့ အမေတို့ဆီကအကြိမ်ကြိမ်ခွင့်တောင်းခဲ့တာပဲ...."
ဒေါ်သက်မာက သူ့စကားကိုဖျတ်ပြောလိုက်သည့် ခါးရဲ့စကားတွေကြောင့် ဘာဆက်ပြောရမယ်မသိဖြစ်သွားသည်။
ဒီကောင်မလေး အရင်ကခုလိုပြန်မပြောတတ်ပါဘူး။ သူမတို့ပြောသမျှကို လက်ခံပြီး နေချင်သလိုနေ ဆိုးချင်သလိုဆိုးမိုက်နေခဲ့တာ အခုမှဘာလို့ မေးခွန်းတွေလာထုတ်နေရတာလဲ မုန်းခါး။
"နင်ငါ့ကို ပြန်အော်နေတာလား မုန်းခါး..."
"ကျွန်တော်ပြန်အော်နေတာမဟုတ်ဘူးအမေ ကျွန်တော်သိချင်တာ ကျွန်တော် အမေတို့ကိုဘယ်တော့မှမမေးဘဲနေခဲ့တဲ့ မေးခွန်းတွေ.... "
နှစ်အတော်ကြာ သိမ်းဆည်းမြိုသိပ်လာခဲ့ရသည့် ခါးရင်ထဲက နာကြင်ကြေကွဲမှုတွေဟာ အလိုလိုထွက်ကျလာရသည်။ တစ်ခါမှမျက်ရည်မကျဖူးတဲ့ခါး အခုတော့ မျက်ရည်တွေရွှဲနေခဲ့သည်။
ခါးရဲ့မေးခွန်းတွေကို ဖြေဖို့ဒေါ်သက်မာဆွံ့အနေသည်။
"နင် မှတ်ဥာဏ်မကောင်းလို့ စာမေးပွဲကျတာလေ ငါတို့ပြန်မထားဘူးလားပြော နင်ထပ်ကျတာပဲလေ တစ်ခါကနှစ်ခါ နှစ်ခါကသုံးခါမြောက်အောင်ထိ စည်းစိမ်ဖြုန်းနေရအောင် ငါတို့မိဘတွေကအရူးမဟုတ်ဘူး မိခါး....ခုမွ မိဘေတြကပဲ တမင်ကျောင်းမတတ်ခိုင်းသလို လူကြားကောင်းအောင် အသံကောင်းဟစ်မနေနဲ့..."
ခါး အသံထက်ကျယ်လောင်နေသည်က ဒေါ်သက်မာ၏ အသံဖြစ်သည်။
"ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေ ဂလေရိုက်ချင်တိုင်းရိုက်ပြီးမှ..."
"ကျွန်တော် ဘယ်တုန်းကမှ မဆိုးခဲ့ဘူးအေမ ကျွန်တော်ဘယ်တုန်းကမှလည်း ဆေးလိပ်မသောက်ခဲ့သလို ကျွန်တော်အမြဲရန်ဖြစ်မနေဘူး...."
ဒေါ်သက်မာ ခါးရဲ့စကားကြောင့် ခေတ္တမျှကြောင်အမ်းနေမိသည်။ ဒါဆို သူမတို့ရှေ့မှာ ဆေးလိပ်သောက်ပြ၊ ရန်ဖြစ်ပြတာတွေက တမင်အရွဲ့တိုက်နေတာတွေပေါ့။
ဂရုစိုက်ခံချင်ခဲ့ရုံပါ...။ထိုစကားကိုတော့ ခါး ထုတ်မပြောမိချေ။
"ဒါဆို ငါတို့ကိုတမင်အရွဲ့တိုက်ပြီး အဲ့လိုနေပြတာပေါ့ ဟုတ္လား ငါတို့သိက္ခာကျအောင်တမင်လုပ်တာပေါ့လေ ဟုတ္လား.."
ဒေါ်သက်မာ၏ ဒေါသသံကနဂိုထက်ပိုပြီး ကျယ်လောင်လာသည်။ ခါးရဲ့မျက်ဝန်းမှာတော့ နာကြင်မှုအရိပ်အယောင်တွေသာ ပြည့်နှက်နေသည်။ ဒီနေ့တော့ သူမထိန်းချုပ်ထားရသမျှ ပြိုလဲပစ်ချင်စိတ်တွေပေါက်နေသည်။ အမေ့ကိုမေးချင်သမျှလည်းမေးပစ်တော့မည်ဟု ဆုံးဖြတ်ထားသည်။ မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်သည့် ခါးကို ဒေါ်သက်မာကတော့ ဒေါသအခိုးလျှံနေသည့် မျက်လုံးတွေနှင့်ကြည့်နေသည်။
"အမေတို့သိက္ခာကျအောင်လုပ်တာမဟုတ်ပါဘူး...."
"သိက္ခာကျအောင်မဟုတ်ရင် ဘာလဲ ဟမ် နင့်ကိုတစ်သက်လုံးငါတို့ကျွေးမွေးစောင့်ရှောက်လာတာ သိရဲ့လား.... ဒါကို နင်ကအခုလို တရွဲ့တစောင်းနဲ့ကျေးဇူးဆပ်လိုက်တာပေါ့ ဟုတ္လား အိမ်မှာနင်ဘာအသုံးကျလဲ... "
"ကျွန်တော့်ကိုရော အသုံးကျအောင် ဘာလုပ်ခွင့်ပေးခဲ့လဲ ကျွန်တော့်ရဲ့အရည်အချင်းကိုရော အမေနဲ့အဖေ တစ်ခါလောက်ယုံကြည်ပေးခဲ့ဖူးလား..."
ရင်ထဲကနာကျင်မှုကြောင့် စကားတွေက ပျောက်ရှရှဖြစ်နေသည်။ ခါးရဲ့ ငိုရှိုက်သံကြားက စကားတွေဟာ ဒေါ်သက်မာရဲ့နှလုံးသားကို ကျရောက်မှုမရှိသလိုပင်။
"တော်စမ်းပါ မုန်းခါးရယ် နင်အပိုတွေမပြောစမ်းပါနဲ့ နင့်ကိုယုံကြည်ပေးရအောင် နင့်မှာငါတို့ယုံကြည်ရလောက်တဲ့အရည်အချင်းတွေရှိလို့လား ဟမ် နင်ဆိုးမိုက်လို့အားရမှ ဒီစကားတွေထွက်နေတာ ပတ်ဝန်းကျင်က ငါတို့ကိုမျက်မုန်းကျိုးအောင်လုပ်နေတာမလား ဟင် မုန်းခါး...."
အမေ့ရဲ့ဒေါသမျက်ဝန်းနှင့် တစိမ်းဆန်လွန်းသည့် စကားတွေကြောင့် ခါးမွာ အမေ့ကိုဘာစကားမှပြန်မပြောနိုင်အောင် ဆွံ့အတုန်ရီနေသည်။ ဒါပေမယ့် နောက်ဆုံးအနေနဲ့မေးချင်သည့် မေးခွန်းတစ်ခုကိုတော့ ခံနိုင်ရည်မရှိတော့သည့် နှလုံးသားနုနုကို အားတင်းကာ မေးလိုက်မိသည်။
"ကျွန်တော်က အမေတို့ရဲ့ သမီးအရင်းမှ ဟုတ်ရဲ့လား...."
"ဘာ....! နင်..."
"ဖြောင်း....!"
"အဲ့ဒါ ငါတို့ကိုစော်ကားချင်အုံး...."
ဒေါ်သက်မာ၏ လက်ဝါးတစ်ချက်နှင့်စကားသံဟာ ထပ်တူပေါ်ထွက်လာသည်။ ထင်မှတ်မထားသည့် အမေ့ရဲ့ရိုက်ချက်ကြောင့် အဆမတန်နာကျင်ရသည်မှာ ခါးရဲ့ ပါးပြင်မဟုတ်ဘဲ နှလုံးသားဆိုတာကို အေမသိမွာမဟုတ္ဘူး။ အံသြရိပ် ဝမ်းနည်းရိပ်လွှမ်းနေသော ခါးရဲ့မျက်ဝန်းတွေကြောင့် ဒေါ်သက်မာ သူ့လက်လွန်သွားတာကိုသတိထားလိုက်မိသည်။
🥀🥀🥀🥀🥀
"မမ.....!!"
မမတို့သားမိ စကားစများကတည်းက အခန်းတံခါးဝတွင်ရောက်နေသည့် ကူးက မမအေမ၏ စကားများကြောင့် မျက်ရည်စို့နေသည်။
"လာပါမမ...."
မမကိုဆွဲခေါ်ပြီး ထွက်လာခဲ့သည်။ မမရဲ့အမေဆိုသည့် အန်တီကြီးရဲ့မျက်နှာကို ကူးတစ်စက်ကလေးမှမကြည့်ခဲ့။ ခြံချင်းက သိပ်မဝေးသော်လည်း ကူးအိမ္က မမအတွက်အေးချမ်းမှာပါ။ မမရဲ့လက်ကိုဆွဲပြီး ကူးအခန်းထဲသို့ခေါ်လာခဲ့သည်။ အေးစက်နေသည့် မမလက်ဖျားလေးတွေ။ မမ အမေရဲ့လက်ဝါးရာကြောင့် နီရဲနေသည့် ပါးပြင်နုနုလေး။ မမအမေရဲ့စကားတွေက ကြားလူဖြစ်သည့် ကူးပင်မျက်ရည်ဝဲပြီး ရင်နာရတာ မမသာဆိုရင် ဘယ်လောက်ထိခံစားနေရရှာမလဲ။ ကူး မမကိုကြည့်ပြီး သနားဂရုဏာသက်နေမိသည်။
မမက ကူးရဲ့ကုတင်အစွန်းတွင်ထိုင်ကာ ခေါင်းငိုက်စိုက်ကျနေသည်။ မမလက္ကို တယုတယကိုင်ထားဆဲဖြစ်သည့် ကူးရဲ့လက်ဖမိုးလေးပေါ်သို့ ကျလာသည့် မမရဲ့မျက်ရည်စတွေကြောင့် ကူး မမရှေ့မှာ ပဆစ်တုပ်ထိုင်ချလိုက်ကာ မမရဲ့မျက်နှာလေးကိုမော့ကြည့်မိသည်။ မျက်ရည်တွေရစ်သိုင်းနေသည့် မမရဲ့မျက်လုံးလေးတွေ
"မမ ဘေးမှာ ကူးရှိပါတယ်...ဘာဖြစ်ဖြစ် မမနဲ့အတူရင်ဆိုင်မယ်နော် အခုဖြစ်တာလည်း မမရဲ့အမေစိတ်ဆိုးနေတုန်းမို့ဖြစ်သွားတာနေမှါပါ... "
ကူးပြောသမျှကို မျက်ရည်တွေကြားမှ ခေါင်းညိမ့်ပြနေသည့်မမ။ တကယ်တော့ မမရဲ့အမေကို ကူးနည်းနည်းလေးမှ မကျေနပ်သလို သဘောလည်းမကျပေ။ သို့သော်လည်း မမပိုပြီးဝမ်းနည်းမှာစိုးတာကြောင့် ဖေးဖေးမမလေးပြောလိုက်ရသည်။ သူများကိုတစ်ခါမှ အားပေးနှစ်သိမ့်တာမျိုးမလုပ်ဖူးလေတော့ ကူးရဲ့ အားပေးစကားက ထိုမျှနှင့်ရပ်တန့်နေသည်။
"မမကို တစ်ယောက်တည်းနေခွင့်ပေးလို့ရမလား ကူး..."
ကိုယ်ချစ်တဲ့သူတစ်ယောက်ရဲ့ရှေ့မှာ ကိုယ့်ရဲ့အားနည်းတဲ့ပုံစံကို ခါး မပြလိုပေ။ ကိုယ်ချစ်တဲ့သူရှေ့မှာ ခါး မျက်ရည်မကျချင်ပေ။
"မမ နေချင်တယ်ဆိုရင်နေပါ ဒီညေတာ့ ကူးတို့အိမ်မှာပဲအိပ်လိုက်နော်... "
ခါး မျက်ရည်တွေသုတ်ပြီး မတ်တပ်ထရပ်လိုက်တော့ ကူးကမော့ကြည့်သည်။
"မမ ရေချိုးချင်လို့..."
"အော် ဟုတ် ကူးအဝတ်အစားပြင်ပေးမယ်လေ လန်းဆန်းသွားအောင်ရေချိုးလိုက်တာကောင်းတယ်...."
ကူးက သူမရဲ့အဝတ်အစားဗီရိုထဲမှ ခါးနှင့်သင့်တော်မည့်အဝတ်အစားကိုရွေးယူပြီး ကုတင်ပေါ်တွက်တင်ပေးလိုက်ကာ
"အဲ့ဒါဆို မမရေချိုးနှင့်လိုက်နော် ခဏေနမွ မမအတွက်စားစရာတစ်ခုခုယူပြီးလာခဲ့မယ်..."
"အင်း...."
ထိုမျှသာပြောပြီး ရေချိုးခန်းထဲသို့ဝင်သွားသည့် ခါး၏ကျောပြင်ကျယ်ကျယ်လေးကို ငေးကြည့်ရင်း ကူး ပင့်သက်လေးရှိုက်လိုက်သည်။ ထို့နောက်အခန်းထဲမှထွက်လာကာ မမအတွက်ညစာပြင်ပေးရန် စီစဉ်ရတော့သည်။ ဒီနေ့ အိမ်မှာ မေမေတို့မရှိတာကြောင့် အိမ်အကူတွေကို ပေါ့ပေါ့ပါးပါးနှင့်အနည်းငယ်သာ ချက်ပြုတ်ခိုင်းထားသည်မို့ စားစရာရယ်လို့ထွေထွေထူးထူးမရှိပေ။ အိမ်အကူတွေကိုမခိုင်းတော့ဘဲ ကူးဘာသာ မမဖို့တတ်သလောက်လေး ချက်ပြုတ်စီစဉ်လိုက်သည်မှာ မမအပေါ်ထားတဲ့ ကူးရဲ့အကြင်နာတွေပါ...။
🌼🌼🌼🌼🌼
"ဗြော......"
ရေပန်းဖွင့်လိုက်ပြီး အင်္ကျီအဝတ်အစားမချွတ်ပဲ ငုတ်တုတ်ထိုင်နေမိသည်။
ခါး မျက်လုံးထဲမှာ အမေ့ရဲ့ဒေါသမျက်ဝန်းတွေကိူ မြင်ယောင်မိသလို စိမ်းသက်တဲ့စကားတွေကိုလည်း အကြိမ်ကြိမ်ကြားယောင်နေမိသည်။ ခါး ရဲ့မျက်ရည်တွေက ရေတွေနှင်ရောထွေးပြိုလဲလျှက်ရှိသည်။ အေးစိမ့်စိမ့်ရေတွေက ခါး ရင်ထဲကပူလောင်မှုကိုတော့ အေးချမ်းနိုင်စွမ်းမရှိပေ။ တကယ်ပဲ သူမဟာ အဖေနဲ့အမေရဲ့မွေးစားသမီးလား။ မဟုတ်ဘူးဆိုရင် အဖေနဲ့အမေကပဲ ခါးအပေါ်မှာ တမင်မုန်းတီးနေခဲ့တာလား။
အတွေးတွေနှင့်ပူလောင်နေရင်း ရေပန်းအောက်မှာ အချိန်အတော်ကြာနေနေမိသည်။
"ဒေါက် ဒေါက်...."
"မမ ရေချိုးတာအရမ်းကြာနေပြီနော် ဖျားနေဦးမယ်...."
ကူးရဲ့တံခါးခေါက်ပြီးပြောသံကြားမှ တုန်ရီနေတဲ့ ကိုယ့်ကိုယ်ကို သတိထားမိသည်။
"ပြီးပြီ ကူး..."
Bathrobeဝတ်ပြီးထွက်လာတဲ့ ခါးကို ကူးကတမေ့တမောလေးကြည့်နေသည်။
"ဖျားတော့မှာပဲ မမရယ် နှုတ်ခမ်းတွေလဲပြာလို့ အဝတ်အစားမြန်မြန်လဲလိုက်မမ...ကဲလာပါ မမကြည့်ရတာလည်း အားမရှိသလိုပဲ ထိုင်..."
ခါးရဲ့လက်ကလေးကိုဆွဲပြီး ကုတင်ပေါ်တွင်ထိုင်စေကာ တဘက်လေးဖြင့် ခေါင်းကိုတယုတယသုတ်ပေးလေသည့်ကူး။
ခါးရင်ထဲမှာကြည်နူးနေမိသည်။ ဝမ်းနည်းစိတ်တချို့ကို ကုစားပေးလိုက်သကဲ့သို့ ပျောက်ရှကုန်သည်။ သူမရှေ့တွင်ရပ်နေသော ကူးရဲ့ခါးသေးသေးလေးကို ဖက်ထားလိုက်သည်။
"မမ...."
"ခဏလေးပါနော် ကူးကိုခဏလောက်ဖက်ထားချင်လို့ပါ..."
ကူးရဲ့ခါးလေးကိုမျက်နှာလေးအပ်ပြီးဖက်ထားသည့် မမက တကယ့်ကလေးလေးပမာ။ ကူး နှစ်သက်ကြင်နာစွာပြုံးလိုက်မိသည်။ ထို့နောက် မမရဲ့ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးနေမိသည်။
အမြဲတမ်းမာကျောခက်ထန်သည့်ပုံစံနေသည့် မမက ခုတော့လည်း နုနယ်ဖြူစင်သည့်ကလေးလေးပမာ။
ကူး ပေးတဲ့ အချစ်တွေကြောင့် မမတစ်ယောက် နွေးထွေးပါစေ.....

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now