Part21

1.6K 60 0
                                    


"ငါတို့သမီးလေးပျော်နေတာကိုမင်းမမြင်ချင်ဘူးလား...."
ခေါင်းမာလွန်းသည့် ဒေါ်သီသီချိုအား နေ့တိုင်းနီးပါးနားချနေလေသည့် ဦးခန့်မောင်။
"သာမန်မဟုတ်တဲ့ဘဝမှာ သူများလက်ညှိုးတာကို သမီးလေးခံနိုင်မယ်လို့ ရှင်ထင်နေတာလား ဟင် ပြောစမ်းပါ...ကျွန်မသမီးလေးချစ်တဲ့သူက ဆင်းရဲတဲ့ယောကျာ်းတစ်ယောက်ဖြစ်နေရင်တောင် ကျွန်မလက်ခံပေးမိဦးမှာ အခုက..."
ဒေါ်သီသီချိုတစ်ယောက် ဝဲတက်လာတဲ့မျက်ရည်တွေကိုအသာပုတ်ခတ်သိမ်းဆည်းနေမိသည်။
သမီးဖြစ်သူရဲ့သာမန်မဟုတ်တဲ့အချစ်ရေးကို ယောကျာ်းဖြစ်သူကပါ ထောက်ခံအားပေးနေတာကြောင့် ဒေါ်သီသီချိုအတော်လေးစိတ်ပျက်နေမိသည်။ ဟိုကောင်မလေးကလည်း ရုပ်လေးသနားကမားနဲ့
ရန်နိုင်ဆိုတဲ့ကောင်လေးပြောပြတာတွေကြောင့် အဲ့ကောင်မလေးအပေါ်သနားဂရုဏာသပ်မိတာတွေက အခုတော့အားလုံးအလကား။
"မင်းကသိပ်ပြီးရှေးရိုးစွဲနေလို့ပါကွာ..ဒီဘက်ခေတ်မှာ ဒါတွေကမထူးဆန်းတော့ပါဘူး.... "
"ရှင်ဟာလေ ဘယ်လိုဖအေမျိုးလဲ ကိုယ့်သားသမီးကို သူများပြောဆိုတာခံစေချင်နေတာလား ဘယ်ခေတ်ဘယ်စနစ်ကိုပဲရောက်ရောက် ကျွန်မကတော့ သဘောမတူနိုင်ဘူး..."
ထင်တာထက်ပင်ပြက်သားနေသည့် ဒေါ်သီသီချို။
"မင်းက သမီးကိုသေစေချင်နေတာလား သမီးလေးကအခုဆို မစားမသောက်တမှိုင်မှိုင်တထွေထွေဖြစ်နေတာမင်းသိလား သတိထားမိရဲ့လား ...."
ယောကျာ်းဖြစ်သူရဲ့စကားကြောင့် ဒေါ်သီသီချိုခဏငြိမ်သွားသည်။
"မင်းကိုငါနားလည်ပါတယ် ဒါပေမယ့် ငါတို့သမီးလေးရဲ့ဘက်မှာငါတို့မှရပ်တည်မပေးရင် ဘယ်သူကရပ်တည်ပေးမလဲ အချစ်ကိုအချစ်လို့ပဲမြင်ပေးလိုက်ပါကွာ ပတ်ဝန်းကျင်ဆိုတာမျိုးကလည်း အချိန်တန်ရင်အသံတိတ်သွားမှာပါ..."
ဘယ်အချိန်ကLGBT supporterဖြစ်မှန်းမသိဖြစ်သွားသော ယောကျာ်းဖြစ်သူအား ခပ်တွေတွေသာမျက်စောင်းထိုးလိုက်မိသည်။
"သမီးလေးက ဟိုကောင်မလေးကိုတကယ်ချစ်နေတာပါကွာ....."
"ကျွန်မသိတယ်.... ကျွန်မသမီးရဲ့အချစ်ကို အသုံးချသွားမှာ ကျွန်မစိုးရိမ်တယ်...ကျွန်မအဲ့ကောင်မလေးရဲ့ အချစ်စစ်မစစ် သိအောင်လုပ်ရမယ်..."
ဒေါ်သီသီချိုရဲ့စကားအဓိပ္ပါယ်ကို နားမလည်သော်လည်း ဦးခန့်မောင်ငြိမ်နေလိုက်သည်။ ဘာလို့ဆို သူ့သမီးအတွက် အပြောင်းအလဲဖြစ်လာတာကြောင့်ပင်။
🌤🌤🌤🌤🌤
"မေမေတို့ပါလိုက်ခဲ့ရမလား...."
"သမီးတစ်ယောက်တည်းအဆင်ပြေပါ့မလား..."
"ဟုတ်ကဲ့ ရပါတယ်.. "
ရန်နိုင်ရဲ့မင်္ဂလာပွဲကသိပ်မလို့တော့တာမို့ ခါးကရန်နိုင့်ကိုအကြောင်းပြုပြီး ကူးဆီသို့သွားရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ကူးအိမ်မှာတည်းဖို့စိတ်မကူးမိတာကတော့ သူ့မာနကြောင့်လား။ အိမ်နဲ့အဆင်မပြေတုန်းကလည်း ကူးတို့အိမ်မှာတည်းခဲ့မိသေးတယ်။ အဲ့တုန်းကတော့ ကိုယ့်အပူနဲ့ကိုယ်ဒေါင်ချာဆိုင်းနေသည်မို့ (ကူးရဲ့နွေးထွေးတဲ့မေတ္တာရပ်ဝန်းမှာနေချင်စိတ်လည်းပါသည်မို့) မာနတွေသိက္ခာတွေကိုအထွေအထူးမတွက်ခဲ့ချေ။ ခုလိုတကူးတကကြီးသွားပြီး တည်းခိုရမည့်အခါကျတော့ ခါး သိပ်ပြီးမတည်းချင်၊လိပ်ပြာမလုံဖြစ်မိသည်။ ခါးအတွက် ကူးကကိုယ့်ချစ်သူဆိုသော်လည်း ကူးမိဘတွေအတွက်ကျတော့ ခင်မင်တာသိပ်မကြာလိုက်သည့် မိန်းကလေးသူငယ်ချင်း။ ထိုထိုအကြောင်းအရာတွေကြောင့် ခါး အဖေ့အသိမိတ်ဆွေရဲ့အဆောင်မှာ ခဏငှါးနေဖို့ ဆုံးဖြတ်လိုက်သည်။
"သမီးကောင်မလေးရဲ့မိဘတွေက အဖေတို့လိုကြည်ကြည်ဖြူဖြူနဲ့လက်ခံပါ့မလား..."
အဖေ့ရဲ့အပြောကို အမေကတွေးဆဆဖြင့်ခေါင်းငြိမ့်ထောက်ခံသည်။
"ဟုတ်တယ် သမီးရဲ့ ဒီဘက်ခေတ်ကြီးမှာ ဒါမျိုးတွေကမထူးဆန်းပေမယ့် လက်ခံတဲ့မိဘရှိသလို လက်မခံတဲ့မိဘတွေလည်းရှိသေးတယ်....."
စိတ်ပူပန်နေသည့် အဖေနဲ့အမေအား ခါးပြုံးပြလိုက်ကာ
"အဟင်း....စိတ်မပူပါနဲ့ ကျွန်တော်ကူးမိဘတွေလက်ခံနိုင်အောင်ကြိုးစားမှာပါ...ကျွန်တော်ဟိုကိုရောက်ရင် သူ့မိဘတွေကိုဖွင့်ပြောမယ်..."
စန္ဒကူးနဲ့တွေ့ရမှာမို့ ပျော်နေရှာသည့်သမီးဖြစ်သူကိုကြည့်ပြီး ဦးကျော်လင်းတို့လင်မယားနှစ်ယောက် တပြုံးပြုံးဖြင့်ခေါင်းသာညိမ့်နေမိတော့သည်။
နောက်ရက်၌ ရန်နိုင်နှင့်အတူ ရန်ကုန်သို့ဆင်းလာခဲ့တော့သည်။ ချစ်သူတွေနှင့်တွေ့ရမည့် သူငယ်ချင်းနှစ်ယောက်မျက်နှာတွေကတော့ ပြုံးလို့ရွှင်လို့ပင်။ ထိုအထဲမှာမှ ခါးရဲ့မျက်နှာကပိုမိုရွှင်မြူးနေတော့သည်။
🍂🍂🍂🍂🍂
ရန်ကုန်ရောက်ရောက်ချင်း သူနေရာမည့်အဆောင်မှာ ပစ္စည်းတွေချပြီးသည်နှင့် စန္ဒကူးနဲ့တွေဖို့ တစာစာဖြစ်နေသော မုန်းခါးဆိုသည့်သူ့သူငယ်ချင်းမကြောင့် ရန်နိုင် စန္ဒကူးနှင့်တွေ့ပေးရန်စီစဉ်ရတော့သည်။
"ဟဲ့ ငါတော်တော်လေးမသင်္ကာတော့ဘူးနော်....နင်နဲ့ကူးနဲ့ကဘာတွေလဲ"
ကားမောင်းနေရင်းကနေ ခါးကိုမျက်စောင်းထိုးကြည့်ပြီးပြောလိုက်သည့် ရန်နိုင့်စကားကြောင့် အတိုင်းထက်လွန်ရွှင်မြူးနေသည့် မျက်နှာပိုးလေးသတ်လိုက်ရသည့် ခါး။
ရန်နိုင့်မှာ ကိုယ့်အမျိုးသားလောင်းလေးနဲ့ အလွမ်းပင်မဖြေရသေး သူငယ်ချင်းမလေးရဲ့အပူကပ်မှုကြောင့် အစ်ကို့ရဲ့ကားကို ခွင့်တောင်းယူကာ စန္ဒကူးဆီသို့မောင်းနှင်နေရသည့်အဖြစ်။
မုန်းခါးအစစ်မှဟုတ်ရဲ့လားလို့ အဏှကြည့်မှန်ပြောင်းနှင့်ပင်ကြည့်ရမလိုကွဲပြားခြားနားနေသည်။
"ဟဲ့ ငါမေးတာဖြေလေ အခုမှမျက်နှာပိုးအတင်းသတ်မနေနဲ့.."
ရန်နိုင့်စကားကြောင့် ခါး မချိသွားဖြဲလေးလုပ်ပြကာ ခေါင်းကုပ်ခြေကုပ်ဖြစ်နေတော့သည်။
"အဟင်း...:ငါနဲ့ကူးက ချစ်သူတွေ အဟီး..."
"ဘာ...!!!"
"အမလေး..ကလေးရဲ့.."
တစ်ခါမှမလုပ်ဖူးသည့် ရယ်ကျဲကျဲရှက်ကို့ရှက်ကန်းမျက်နှာပေးဖြင့် ပြောလိုက်သည့် ခါးစကားကြောင့် ရန်နိုင်ကားကို ဘရိတ်စောင့်အုပ်ပစ်လိုက်ခြင်းဖြစ်သည်။ ထို့နောက်အံ့သြတကြီးမျက်နှာပေးဖြင့်
ခါးကိုစုန်ချီဆန်ချီကြည့်လေသည်။ ယောင်တာတောင်မှ "ကလေးရဲ့"တဲ့။
"နင်နဲ့စန္ဒကူးနဲ့... "
"အင်း..."
"စန္ဒကူးနဲ့နင်နဲ့.."
"အေး..."
"မုန်းခါးဆိုတဲ့နင်နဲ့ စန္ဒကူးနဲ့..."
"ဩ..ဟုတ်ပါတယ်ဆို .."
အလွန်အမင်းအံ့သြထိတ်လန့်နေပုံက အနောက်အရပ်ကပဲနေထွက်လာတဲ့အတိုင်းပဲ။ စိတ်ကမရှည်တော့ဘူး။
"ကြည့်စမ်း တော်တော်ပိရိတာပဲနော် ဘော်ဒါအရင်းကြီးငါ့ကိုအကုန်လျှိုထားတယ်..."
"တမင်လျှိုထားတာမဟုတ်ပါဘူးဟာ မပြောဖြစ်တာပါ.."
"ဪ...အေးပေါ့ နင်နဲ့ငါကမတွေ့ဖြစ်ဘူးဆိုတော့..."
"အေးဟ ဆုံချိန်ကနည်းနေတော့.."
"ဒေါ်မုန်းခါး....."
အူကြောင်ကျားအထာဖမ်းနေသည့် ခါးကို ရန်နိုင်ကျုံးအော်လိုက်သည်။
"လန့်တာဟယ် ဖြေးဖြေးအော်ပါဟ ငါ့နားတောင်အူသွားတယ်..."
နားနှစ်ဖက်ကိုလက်ဝါးဖြင့်အုပ်ကာပြောနေသည့် သူ့ရှေ့ကသူငယ်ချင်းမကို နာရင်းသာအုပ်ပစ်ချင်တော့သည်။
"အော်ရမှာပေါ့ ငါယောကျာ်းယူမယ့်ကိစ္စကျ နင့်ကိုပြောပြတယ် နင်ကျတော့ ကူးနဲ့နှစ်ကောင်ပေါင်းပြီး ငါ့ကိုလျှိုထားတယ်..."
ရန်နိုင်က သဘောမတူလို့စိတ်ဆိုးတာမဟုတ် ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ပါလျှက် အကုန်မြိုသိပ်တတ်လွန်းတာကြောင့် စိတ်အချဉ်ပေါက်နေတယ်ဆိုတာ ခါးသိတာကြောင့် သူနဲ့ကူးအကြောင်းကိုသေချာပြောပြလိုက်ရသည်။ ဒါတောင် ကိုယ်တော်ချောက ဘာတွေထပ်လျှိုထားသေးလဲဆိုပြီး လာအစ်နေသေးသည်။ ကူးလေးနဲ့ပျော်ခဲ့ရတဲ့မှော်ညလေးတွေအကြောင်းတော့ ဆက်လက်ထိန်ချန်ထားရလိမ့်မယ် ရန်နိုင်ရေ စောထီးဖဲ။
"အရူးမ ဒါကြောင့် ကူးနဲ့ပက်သတ်ရင် အရင်နဲ့မတူပါဘူးလို့ တွေးမိနေတာ ကဲအခု နင်တို့အခြေအနေကဘယ်ရောက်ပြီလဲ မိဘတွေကိုအသိပေးပြီးပြီလား သဘောတူကြလား ရှေ့ဆက်တိုးမှာလား .."
ရန်နိင်ရဲ့မေးခွန်းတွေကြောင့် ခပ်တွေတွေလေးဖြစ်သွားသည့်ခါး။ ခဏနေမှ။
"ငါ့မိဘတွေကိုအသိပေးပြီးပြီ သူတို့ကသဘောတူတယ် အခု ကူးရဲ့မိဘတွေကိုဖွင့်ပြောဖို့ စဉ်းစားထားတယ်...ဘာပဲဖြစ်ဖြစ် ငါကတော့ရှေ့ဆက်တိုးမှာ..."
တကယ်ကို သူမရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ထားသည်။ ကူးနဲ့မတွေရတဲ့အချိန်ကာလလေးတစ်ခုမှာတောင် လွမ်းရလွန်းလို့ ရူးချင်နေတာ ဝေးများဝေးရရင်ဆိုတာ မတွေးရဲတဲ့အဖြစ်။
"အင်း...နင်တို့ကျော်လွှားနိုင်မှာပါ..."
ရန်နိုင်ရဲ့အားပေးစကားကို ခေါင်းညိမ့်ပြလိုက်သည်။
ခါးရင်ထဲမှာတော့ ကူးအတွက်အရာရာအဆင်သင့်ဖြစ်လျှက်...။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now