Part14

1.6K 58 0
                                    

"အဖွားနာမည်က ဒေါ်ငြိမ်းငြိမ်းပါ ဟိုးလွန်ခဲ့တဲ့နှစ်၂၀ကျော်က သူဋ္ဌေးလေးမောင်ကျော်လင်းရဲ့ အိမ်မှာအိမ်အကူတစ်ယောက်ပါ..."
စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ ဝင်ထိုင်လိုက်ကြပြီးသည့်နောက် အဖွားရဲ့ခပ်လေးလေးစကားပြောသံဖြစ်သည်။
"သူဋ္ဌေးလေးရဲ့ မိဘတွေကအရမ်းချမ်းသာကြတယ် သူတို့မှာသားနှစ်ယောက်ပဲရှိလေတော့ စီးပွားရေးနဲ့ပက်သက်တဲ့လုပ်ငန်းတွေကိုလည်း သားတွေကိုသင်ပေးတာပေါ့ သူဋ္ဌေးလေးက မိဘရဲ့စီးပွားရေးလုပ်ငန်းတွေကို စိတ်ဝင်စားပေမယ့် သူဋ္ဌေးရဲ့ညီမောင်ကျော်အောင်ကတော့ လုံးဝစိတ်မဝင်စားဘူး အင်းး အတိုချုပ်ပြောရရင်တော့ သူတို့ညီကိုနှစ်ယောက်လုံး အိမ်ထောင်တွေကျကြတယ် မောင်ကျော်လင်းက မိဘတွေသဘောတူတဲ့သူနဲ့ယူခဲ့ပေမယ့် မောင်ကျော်အောင်ကတော့ မိဘသဘောမတူတဲ့သူနဲ့ယူလိုက်တယ်.... "
အဖွားက မောသွားဟန်ဖြင့် အအေးလေးမော့သောက်လိုက်သည်။ ခါးရဲ့ခေါင်းထဲမှာတော့ သိချင်တာတွေများပြားပြည့်သျှံလျှက်ရှိသည်။ ခါး ခေါ်လိုက်လို့အဖော်အဖြစ်လိုက်လာသည့် ရန်နိုင်ကတော့ အဖွားရဲ့စကားတွေကို သိပ်ပြီးစိတ်ဝင်စားဟန်မရှိပေ။
"အဖွား နောက်ပြီးတော့ ဘာဆက်ဖြစ်လဲဟင်..."
သိချင်စိတ်များနေသည့် ခါးက အဖွားကိုမေးလိုက်သည်။
"ဘာဆက်ဖြစ်ကြလဲဆိုတော့ မောင်ကျော်အောင်ကိုအမွေပြက်စွန့်လွှတ်လိုက်ကြတယ်..."
"ဗျာ....အဖေ့ကို အမွေဖျတ်လိုက်ကြတယ်.."
"အင်း ဟုတ်တယ် သိပ်မကြာလိုက်ပါဘူး မောင်ကျော်အောင်ရဲ့စိတ်နဲ့ပဲ သူဋ္ဌေးလေးရဲ့မိဘတွေဆုံးပါးသွားကြတယ် ဘယ်မိဘမဆို ကိုယ့်သားသမီးဘယ်လောက်ဆိုးဆိုးချစ်ကြတာပဲလေ..."
အဖေနဲ့အမေကကျတော့ ခါးကိုမချစ်သလိုပဲ။ ခါး သိမ်ငယ်စိတ်လေးဖြင့်တွေးလိုက်မိသည်။
"သူဋ္ဌေးကြီးတို့ဆုံးပါးသွားကြတော့ မောင်ကျော်အောင်အတွက်အမွေတွေထားခဲ့တယ်...အမွေတွေကြောင့်ပဲလား ဘာကြောင့်လဲတော့မသိဘူး မောင်ကျော်အောင် အိမ်ကိုပြန်လာတယ် သူ့အမျိုးသမီးလည်းပါလာတယ် သူ့အမျိုးသမီးကအလောင်းကစားအလွန်မက်တာ သူနဲ့ပေါင်းပြီးမောင်ကျော်အောင်လဲ အလောင်းကစားတွေလုပ်တယ် သူဋ္ဌေးလေးမောင်ကျော်လင်းက အလောင်းကစားလုပ်တာကို မကြိုက်ဘူး စီးပွားရေးလုပ်စေချင်တယ် မိဘတွေထားခဲ့တဲ့အမွေကိုမောင်ကျော်လင်းက ခွဲဝေပေးခဲ့ပေမယ့် အသုံးအဖြုန်းမတတ်တဲ့အတွက်ကြောင့် စည်းစိမ်တွေကကြာကြာမခံလိုက်ပါဘူးကွယ်..."
"အဖွားက အဲ့အိမ်မှာအလုပ်လုပ်တာကြာပြီလား..."
စိတ်မဝင်စားသလိုနေသည့် ရန်နိုင့်ဆီကအမေးဖြစ်သည်။
"ကြာပြီပေါ့ကွယ် အဖွားက သူဋ္ဌေးလေးရဲ့မဘတွေလက်ထက်ကတည်းက အဲ့အိမ်မှာအလုပ်လုပ်လာခဲ့တာ သူဋ္ဌေးကြီးတို့လင်မယားရောသူဋ္ဌေးလေးတို့လင်မယားရောက အရမ်းစိတ်ရင်းကောင်းကြတာ အဖွားကိုလည်းအိမ်အကူလို့သာအမည်ခံတာ သူတို့မိဘလိုပါပဲ အဖွားကသားသမီးတွေစွန့်ပစ်သွားလို့ ခိုကိုးရာမဲ့နေတုန်း သူဋ္ဌေးကြီးတို့က နေစရာနဲ့စားစရာပေးထားခဲ့ကြတာ....အဖွားရဲ့ကျေးဇူးရှင်တွေပါကွယ်..."
အသံပျော့သွားသည့်အဖွားက အတိတ်အကြောင်းတွေပြန်ပြောရင်း ဝမ်းနည်းနေပုံရသည်။ ပခုံးပေါ်ကတဘက်လေးအားဆွဲပြီး မျက်ရည်သုတ်နေ၏။
ဘာကြောင့်မှန်းမသိ ခါးရင်ထဲမှာလည်း တစ်ခုခုကိုလွမ်းဆွတ်တမ်းတသလို ခံစားနေရသည်။
"သူဋ္ဌေးလေးကတော်မှာ ကိုယ်ဝန်မပေါ့မပါးရှိတယ် စိတ်ထားကောင်းပေမယ့် ကံဆိုးရှာပါတယ်ကွယ် သမီးလေးမွေးပြီးပြီးချင်းပဲဆုံးသွားရှာတယ်..."
"သူဋ္ဌေးလေးဆိုတာ ဦးကျော်လင်းလား သူတို့မှာသမီးရှိတာလား..."
"ဟုတ်တယ် မောင်ကျော်အောင်တို့ကကလေးမရနိုင်ဘူးလေ သူ့မိန်းမကသားအိမ်ထုတ်ထားရတာ သူဋ္ဌေးလေးလည်းသူ့ဇနီးဆုံးသွားတော့ ရူးမတက်ပါပဲ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသလိုပဲပြောရမလား သမီးလေး ရက်သားအရွယ်လောက်မှာ သူဋ္ဌေးလေးကကားအက်စီးဒင့်ဖြစ်ပြီးဆုံးသွားတယ်...နောက်တော် သူဋ္ဌေးလေးရဲ့စီးပွားရေးတွေအကုန်လုံး မောင်ကျော်အောင်ဦးစီးတော့တယ်.... "
"ဒါဆို အဖေနဲ့အမေက သားသမီးမရနိုင်ဘူးဆိုတော့ ကျွန်တော်က..."
"သမီးက မောင်ကျော်အောင်ရဲ့သမီးဆိုလို့ အဖွားတောင်မှအံသြသွားတာ ဒါပေမယ့် ဖြစ်နိုင်တာတစ်ခုပဲရှိတယ် အဲ့ဒါက သမီးဟာမောင်ကျော်လင်းရဲ့သမီးပဲ...."
"ဗျာ...!!"
"အဖွားပြောတာဖြစ်နိုင်တယ်..."
တွေးဆဆပုံစံနှင့် ရန်နိုင်က အဖွားရဲ့စကားကိုထောက်ခံလေသည်။
"ဒါနဲ့ အဖွားက ဦးကျော်အောက်တို့နဲ့ဘာလိုမနေတော့တာလဲဟင်..."
အံ့သြမှုတွေမပြီးဆုံးသေးသည့် ခါးအစား ရန်နိုင်ကဝင်မေးလိုက်သည်။
"အဖွားက မကောင်းတဲ့သူပါကွယ် မကောင်းတဲ့သူပါ..."
နောင်တကြီးစွာရနေသည့်ပုံစံဖြင့် မျက်ရည်လေးအဝိုင်းသားဖြင့် ပြောနေသည့် အဖွားကိုကြည့်ပြီး ခါးနဲ့ရန်နိုင် နားမလည်နိုင်ဖြစ်နေသည်။
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
"ရှင်ကတော့လေ အမြဲတမ်းလုပ်လိုက်ရင် အဲ့လိုချည်းပဲ သူ့ကိုအဲ့လိုပြောမှတော့ သတိပေးသလိုဖြစ်မှာပေါ့... "
"မင်းလဲ ငါ့ကိုပဲအပြစ်တင်နေ..."
"အပြစ်တင်ရမှာပေါ့ ရှင်လုပ်တာကအချိုးမှမပြေတာ အခုကော အဲ့ကောင်မလေးပြန်မလာသေးဘူးလား .."
"ငါလည်းဘယ်သိမလဲကွ မင်းလဲဖဲဝိုင်းကခုမှပြန်ရောက်တယ် ငါလဲအပြင်ကအခုမှပြန်ရောက်တယ်...."
"ကျွန်မဖဲဝိုင်းသွားတာကို အပြစ်လာမလုပ်ပါနဲ့ကိုကျော်အောင် ရှင်အသုံးမကျလို့..."
"တောက်စ်!!"
"ခလွမ်း....!!"
စိတိုတိုနှင့်စောင့်ကန်လိုက်တာ စင်ပေါ်တင်ထားသည့်ပန်းအိုးကျကွဲသွားသည်။ ကျိတ်ကျိတ် ကျိတ်ကျိတ်ရန်ဖြစ်နေရာမှ အသံတွေကျယ်လောင်လာကြသည်။
"ငါကအသုံးမကျဘူး ဟုတ်လားသက်မာ တောက်စ်!! ငါနဲ့ရကတည်းက မင်းသုံးဖြုန်းလာတာလေ..."
"ကျွန်မတစ်ယောက်ထဲလား..."
အသံမတင်းမမာနှင့်ပြန်မေးလိုက်သည့် ဒေါ်သက်မာ။ သူသုံးဖြုန်းတာထက် ကိုယ်ဖြုန်းတာကများတယ်ဆိုတာ ဒေါ်သက်မာသိတာကြောင့် အသံတော့သိပ်မတင်းပေ။
"ငါ ဘယ်လောက်ကြိုးစားကြိုးစား မင်းရဲ့အလိုတွေက ပြည့်မလာဘူး ငါတို့ပိုင်ဆိုင်တာတွေကုန်သွားတဲ့အပြင် ငါ့အစ်ကိုရဲ့စည်းစိမ်လဲပြုတ်ပြီး မင်းထပ်ပြီးသုံးချင်ဖြုန်းချင်သေးရင် ငါ့ကိုသာသတ်လိုက်တော့..."
"အရေးမပါတဲ့အပိုစကားတွေပြောမနေစမ်းပါနဲ့ရှင် ရှင် မုန်းခါးဆီက ဟိုပစ္စည်းကိုရအောင်တောင်း အဲ့ပစ္စည်းရရင် သု့ကိုအိမ်ကနှင်ချမယ်..."
ဒေါ်သက်မာရဲ့ မေတ္တာမဲ့လွန်းသည့်စကားကြောင့် ဦးကျော်အောင် ပိုပြီးစိတ်တိုသွားရသည်။ မိန်းမဖြစ်သူအား စက်စုပ်ရွံ့ရှာသောအကြည့်ဖြင့်ကြည့်နေမိသည်။
"ရှင် ကျွန်မကိုအဲ့လိုအကြည့်နဲ့မကြည့်နဲ့ ကျွန်မပြောနေတာ ကျွန်မတို့ကောင်းဖို့....."
"မင်းက ရယ်ဖို့တော့ကောင်းသား ကျွန်မတို့ကောင်းဖို့ဟုတ်လား ဟား ဟား...."
ဦးကျော်အောင်၏ခြောက်ကပ်ကပ်ရယ်သံကြောင့် ဒေါ်သက်မာမလုံမလဲဖြစ်နေမိသည်။
"ဒီကိစ္စကြီးအတွက် ငါဘယ်လောက်ထိစိတ်မလုံမလဲဖြစ်နေရလဲမင်းသိလား ငါ့အပေါ်အရမ်းကောင်းတဲ့ ငါ့အစ်ကိုမျက်နှာကိုပြန်မြင်ယောင်မိတိုင်း ငါအားနာရတယ် ဝမ်းနည်းရတယ် အချိန်တိုင်းသူ့ကိုငါတောင်းပန်နေမိတယ် မုန်းခါးရဲ့မျက်နှာကိုမြင်တိုင်း ငါအတိတ်ကိုပြန်တွေးမိပြီး စိတ်ထိခိုက်ရတယ် အဲ့ဒါတွေမင်းသိလား..."
"••••••••••••••••••"
"မုန်းခါးဆိုတာ သူစိမ်းမဟုတ်ပါဘူး ငါတို့တူမပါ  သူငယ်ငယ်ကတည်းက ငါတို့သူ့ကိုမွေးစားလာတာ မင်းသူ့အပေါ်နည်းနည်းလေးမှသံယောဇဉ်မရှိဘူးလား မင်းကအတော်သွေးအေးတဲ့မိန်းမပဲ....
သူမကိုပြောနေတဲ့ ယောကျာ်းဖြစ်သူရဲ့စကားတွေကြောင့် ဒေါ်သက်မာလည်း ရှက်ရွံစိတ်ဖြစ်မိသည်။ မုန်းခါးဆိုတာ ဟိုးငယ်ငယ်ကတည်းက သူမတိုလက်ပေါ်မှာ ကြီးပျင်းလာတဲ့ကလေး။ သံယောဇဉ်မရှိပဲနေမလား။ ဒါပေမယ့် အဲ့သံယောဇဉ်တွေကို ဒေါ်သက်မာဝန်မခံချင်ပေ။ ရှက်သည်။ ဘယ်လိုပဲနေနေ ကိုယ်ကသူ့အမေအရင်းမှမဟုတ်ဘဲ။ သံယောဇဉ်အလွှာပါးပါးကို လောဘတွေကဖုံးလွှမ်းသွားတတ်သည်။
မိန်းမဖြစ်သူရဲ့ သွေးအေးမှုကို ဦးကျော်အောင် အံသြမဆုံးဖြစ်နေမိသည်။ ကိုယ့်တူမလည်းဖြစ် ငယ်စဉ်ကတည်းကအဖေဆိုတဲ့အသိနှင့် နေလာခဲ့သည့် မုန်းခါးကို သူတကယ်ပဲသံယောဇဉ်ရှိပါသည်။ မိန်းမဖြစ်သူရဲ့ အလိုကျ ကိုယ့်တူမအရင်းလေးကိုတောင် ရက်စက်စွာပြုမူနေမိခဲ့သည်။ ဦးလေးတာဝန်မကျေသည့်အပြင် ညီတစ်ယောက်ရဲ့တာဝန်ပါမကျေသည့် ကိုယ့်ကိုကိုယ် စိတ်ပျက်မိသည်။ သို့သော်လည်း မုန်းခါးအပေါ်မှာ သူတို့လင်မယားရဲ့လုပ်ရပ်တွေကလွန်နေပြီဖြစ်သည်။ ဖုံးကွယ်ထားရသည့်အကြောင်းအရာတွေကို ဖွင့်ပြောဖို့လည်း ခွန်အားမဲ့နေသည်။
"ဘယ်လိုလည်း ရှင်သူ့ဆီက ပစ္စည်းတောင်းမှာလား...."
"ဟ မင်းရူးနေလား အဲ့တုန်းက သူကရက်သားအရွယ်လေးကို သူဘယ်လိုလုပ်သိမှာလည်း...."
"ဥစ္စာရင်းမှန်ရင်ပြန်ရမှာပဲလေ..."
"မင်းက ဥစ္စာရှင်မို့လို့လား.."
"ဥစ္စာရှင်က ကျွန်မတို့ဆီမှာလေ အဲ့တော့ သူ့ဆီအဲ့ပစ္စည်းရောက်လာတဲ့အခါ ကျွန်မတို့ကယူလိုက်ရုံပေါ့..."
"အေး မင်းအဲ့မှာသာလဲသေလိုက်တော့...."
"ရှင်....!"
"အမေ လဲ သေစရာမလိုပါဘူး....."
စကားတွေအစအဆုံးကြားလိုက်သည့် ခါးရဲ့မျက်ဝန်းမှာ စို့နင့်စွာကျလာသည့် မျက်ရည်တွေနှင့်။လက်ထဲမှာ တစ်စုံတစ်ခုကိုကိုင်ထားရင်း အိမ်ထဲသို့ဝင်လာသည်။ဦးကျော်အောင်နှင့် ဒေါ်သက်မာ၏ မျက်နှာတွေကတော့ သွေးစုပ်ဖြူရော်နေသည်။ ကျောက်ရုပ်တွေအလား ခါးကိုရပ်ကြည့်နေကြသည်။
"အမေတို့လိုချင်နေတာ ဒီပစ္စည်းမလား...."
သူမယူလာသည့် ကတ္တီပါကြိုးရှုံအိတ်လေးထဲမှာ ပတ္တမြားကို စားပွဲပေါ်တင်ပေးလိုက်သည်။ ဦးကျော်အောင်ရဲ့ မျက်လုံးတွေအရောင်လက်လာသည်ထက် ဒေါ်သက်မာ၏မျက်လုံးတွေက အရောင်ပိုလက်နေသည်။
ဦးကျော်လင်း ကားaccident မဖြစ်မှီ(အလုပ်ကိစ္စနှင့်အိမ်မှမထွက်မှီ) နမိတ်ဖတ်နေသည်အလားထင်ရအောင် သူ့ဆီသို့ပါလာသည့် ပတ္တမြားကို သူ့သမီးလေးအတွက်ပေးခဲ့သည်။ ထိုပတ္တမြားအားပေးခိုင်းလိုက်သည့် သူကဒေါ်ငြိမ်းငြိမ်းပင်။
တန်ဖိုးကြီးပစ္စည်းတွေက လူ့စိတ်ကိုအရောင်ပြောင်းစေသည်လားမသိ။ ထိုပစ္စည်းက ဦးကျော်အောင်ဆီလဲမရောက်လိုက်သလို မုန်းခါးဆီလည်းမရောက်ပဲ ဒေါ်ငြိမ်းငြိမ်းကယူပြေးသွားခဲ့သည်။ မိသားစုရဲ့ပိုင်ဆိုင်မှုကို ဝေပုံဝေကျခွဲဝေပေးသည့်အထဲတွင် မိသားစုပိုင်ပတ္တမြားက ဦးကျော်လင်း၏ဝေစုထဲတွင်ရလေသည်။ စီးပွားရေးတွေကတော့ ဦးကျော်လင်း၏ အစွမ်းအစကြောင့်တိုးပွားလာသည်။
ဦးကျော်လင်းဆီက ပတ္တမြားကိုလိုချင်စိတ်နှင့်ရောက်လာကြသည်က ဦးကျော်အောင်နှင့်ဒေါ်သက်မာပင်။
"အမေတို့လိုချင်နေတာ ဒီပစ္စည်းမလား ယူလိုက်ကြပါ..."
မျက်ရည်တွေကြားမှအားယူပြီး ပြောကာ လှည့်ထွက်လာခဲ့တော့သည်။
ခြေလှမ်းတွေဟာ ဦးတည်ရာမဲ့.....။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now