Part23

2K 66 1
                                    

"ရန်နိုင် ကူး ကူးအဆင်ပြေမှာပါနော်...."
"အဆင်ပြေမှာပါဟာ နင်စိတ်ကိုလျှော့ထားပါ..."
ရန်နိုင်တို့ ကူးတက်နေသည့်ဆေးရုံကို သွားနေခြင်းဖြစ်သည်။
ကျောထောက်နောက်ခံသားသမီးမရှိတာကြောင့် ကူးရဲ့မိဘတွေက တူအရင်းဖြစ်သည့် အစ်ကိုဝေယံ့ဆီကို ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ အစ်ကိုဝေယံကလည်း ခါးနဲ့ကူးရဲ့အခြေအနေကို အနည်းငယ်ရိပ်စားမိတာကြောင့် ခုလိုအကြောင်းလှမ်းကြားခြင်းဖြစ်မည်။
ခါးတစ်ယောက်ကတော့ မျက်ရည်လည်ရွှဲနှင့် ကားထဲတွင်ဆုတောင်းရွေရွတ်ရင်းလိုက်ပါလာတော့သည်။
ဆေးရုံထဲရောက်တာနဲ့ ကူးကိုအသည်းအသန်ရှာနေသည့် မုန်းခါးဟာ တကယ့်ကိုသွေးပျက်နေသူပမာ။
"ခါး...နင်စိတ်ထိန်းပါဦးဟာ..."
ရန်နိုင့်မှာခါးကိုလိုက်ဆွဲထိန်းရင်းပြောနေရသည်။ ခါးကတော့ ရန်နိုင့်လက်တွေကိုဖယ်ချရင်း ငိုနေတော့သည်။
"ကူးဘာမှဖြစ်လို့မရဘူး အဟင့် ကူး..."
စကားသံတို့ကထပ်ပြီးထွက်မလာတော့ပေ။
"ညီတို့ရောက်နေပြီလား..."
အစ်ကိုဝေယံရောက်လာခြင်းဖြစ်သည်။
"ဟုတ် အစ်ကို.."
အစ်ကိုဝေယံက ခါးကိုကြည့်ပြီး စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချပြီးခေါင်းရမ်းမိသည်။
"လာလာ ညီမလေးရဲ့အခန်းကိုလိုက်ပြမယ်..."
ထိုအခါကျမှ မျက်ရည်တွေကိုအသည်းအသန်သုတ်ပြီး အစ်ကိုဝေယံ၏နောက်သို့ထပ်ချပ်မကွာလိုက်လာသည့် ခါး။
အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က ပက်တီးဖြူဖြူဗလပွနှင့် ကူးရဲ့သေးကျစ်ကျစ်ခန္ဓာကိုယ်လေးပင်။
ခါးအလောတကြီးအခန်းထဲပြေးဝင်ကာ ကူးရဲ့မျက်နှာလေးကိုမထိရက်မတို့ရက် ကြည့်ရင်း ပါးစပ်ကိုလက်နှင့်အုပ်ပြီးငိုလေသည်။
ဖြစ်မှဖြစ်ရလေ ကလေးရယ် လက်တွေမှာလည်းပက်တီးတွေနှင့် နောက်ပြီးမျက်လုံးမှာလည်းပက်တီးတွေနှင့်။ ရင်ထဲကနာကျင်မှုက ကလေးရဲ့ပက်တီးဖြူဖြူလေးတွေကစတယ်ဆိုရမလား။
"အဲ့ဒါနင့်ကြောင့်...အီးဟီး ငါ့သမီးလေးခုလိုဖြစ်ရတာနင့်ကြောင့်..."
သူမနောက်မှထွက်လာသည့်အသံကြောင့် လှည့်ကြည့်လိုက်တော့ ကူးရဲ့အမေနှင့်အဖေ။ ကူးရဲ့အမေက ခါးကိုဝါးစားတော့မည့်မျက်လုံးတွေဖြင့်ကြည့်ကာ ပြောဆိုနေသည်။ ကူးရဲ့အဖေကတော့ ကူးအမေကိုပခုံးကိုကိုင်ပြီး ထိန်းနေသည့် ကူးရဲ့အဖေ။
ကူးအမေရဲ့အကြည့်တွေ အပြောတွေကဘယ်လောက်ရင့်သီးပါစေ ခါးမနာကျင်တော့ပေ။ ခါးမျက်နှာရှေ့မှာ ဒီထက်နာကြင်စရာကောင်းတဲ့မြင်ကွင်းကရှိနေပြီဖြစ်သည်။ ခါး ကူးဘက်ကိုလှည့်ထိုင်ကာ ကူးရဲ့လက်ချောင်းသေးသေးသွယ်သွယ်လေးတွေအား ဆုပ်ကိုင်ပြီး ရှိုက်ကြီးတငင်သာငိုကြွေးနေတော့သည်။
"ဒါတွေအားလုံးနင့်ကြောင့် မအေဒီလောက်တားနေတဲ့ကြားက နင့်နောက်ကိုပြေးလိုက်သွားလို့ဒီလိုဖြစ်တာ..."
ဒေါ်သီသီချိုက အငိုမပျက်ပြောနေလေ၏။
ထိုအချိန် ဆရာဝန်ကြီးဝင်လာတာကြောင့် ဒေါ်သီသီချိုရဲ့ပြောဆိုသံရပ်သွားသည်။ ခါးကလည်းဘေးကပ်ပေးလိုက်သည်။
"ဒေါက်တာ ကျွန်တော်တို့သမီးလေးအခြေအနေ..."
ဦးခန့်မောင်က စိတ်မကောင်းသည့်ဟန်ဖြင့် ဝင်မေးလေသည်။ ဆရာဝန်ကြီးကလည်း စိတ်မကောင်းသည့်မျက်နှာမျိုးဖြင့် ခေါင်းအသာအယာရမ်းပြီးကာမှ
"စိတ်မကောင်းပါဘူး ခင်ဗျားသမီးရဲ့မျက်လုံးကွယ်သွားပါတယ် နောက်ပြီး အောက်ပိုင်းလည်းသေသွားပါတယ်ဗျာ တကယ်ကိုစိတ်မကောင်းပါဘူး..."
"မဟုတ်ဘူး...."
ငိုသံဖြင့် တုန်ရီစွာပြောလိုက်သည့်စကားသံက ခါးဆီမှဖြစ်သည်။ ကူးရဲ့လက်ကလေးကိုကိုင်ပြီး ခေါင်းအတွင်တွင်ခါသည်။
"မဖြစ်နိုင်ဘူး မဟုတ်ဘူး ကူးကခုမှ ကလေးပဲရှိသေးတာလေ အာ....ဆရာဝန်ကြီးနောက်နေတာမလား...ခစ်ခစ်...ကူးလေးက လူကောင်းပကတိပါဗျာ သူ့မှာအနာဂတ်တွေရှိတယ်ဗျ အင့် ဟင့် အီး ဟီး ကူး ထပါကွာ ပက်တီးတွေကလျှောက်လုပ်ထားတာမလား..."
ငိုလိုက်ရယ်လိုက်နှင့် မိခင်ဖြစ်သူထက်အရူးတစ်ပိုင်းဖြစ်နေသည့် ခါးအား ရန်နိုင်ကနှစ်သိမ့်ရသည်။
"သူငယ်ချင်း စိတ်ကိုလျှော့ပါဟာ...ကူးအသက်ရှင်လျှက်ရှိနေသေးတာပဲ နင့်စိတ်ကိုလျှော့ပါဟာ နော်......"
"ကူး...အဲ့ကားကငါ့ကိုတိုက်လိုက်ပါတော့လား ကူးကငယ်သေးတာကိုကွာ အဟင့် ကူး...."
"ဟာ ဟေ့ ခါး မုန်းခါး.."
မေ့လဲသွားသည့် ခါးကြောင့် ဆရာဝန်နှင့်တကွအခန်းထဲတွင်ရှိသမျှလူတွေ မျက်လုံးပြူးသွားရသည်။
🌷🌷🌷🌷🌷🌷
"ရှင်ကလေ မပြောမဆိုနဲ့ ကျွန်မဘယ်လောက်ရင်ထိတ်သွားလဲသိရဲ့လား...."
မျက်စောင်းချီကာ အပြစ်တင်စကားဆိုနေသည့် ဇနီးသည်အား ဦးခန့်မောင်ခပ်ပြုံးပြုံးကြည့်နေသည်။
"မင်းပဲသူ့အချစ်ကိုစမ်းသပ်မယ်ဆို အဲ့ဒါကြောင့် ငါကခုလိုစီစဉ်လိုက်တာ ငါဘယ်လောက်ပိရိလဲ..."
"ပိရိနေပေါ့ ကျွန်မကိုနှလုံးဖောက်ပြီးသေအောင်ကြံနေတာ.."
"ဒါဆိုပြောပါဦး ငါဒီလိုမလုပ်ရင် မင်းကဘယ်လိုနည်းလမ်းတွေနဲ့များစမ်းသပ်မလို့လဲ..."
"ကျွန်မစမ်းသပ်တယ်လေ ကျွန်မသူ့ကိုပြောဆိုကြိမ်းမောင်းလိုက်တာလေ နောက်ဆုံးတော့သူထွက်သွားတာပဲမလား..."
"မင်းရဲ့စမ်းသပ်မှုကြီးကလည်းကြီးမားလိုက်တာ...အဲ့လောက်နဲ့လူတစ်ယောက်ရဲ့အချစ်ကိုလွယ်လွယ်ဆုံးဖြတ်ရလား အခုငါလုပ်တဲ့အကွက်ကမှမိုက်တာ..."
"ဟွန့် အပိုတွေပါ ရုပ်ရှင်တွေဝတ္ထုတွေထဲကလိုလုပ်ကွက်ကြီးများ ရိုးနေပြီ..."
"ဟ ရှေးထုံးကိုလည်းမပယ်နဲ့ စျေးသုံးကိုလည်းမကြွယ်နဲ့တဲ့ အဲ့စကားပုံမကြားဖူးဘူးလား အရင့်အရင်ကလူတွေသုံးဖူးတဲ့နည်းကိုသုံးတာတောင်မှ ဟိုကောင်မလေးက ငါတို့သမီးတကယ်ဖြစ်တယ်ထင်ပြီး ရှော့ခ်ရသွားတာ မင်းမြင်တယ်မလား..."
"ဒါနဲ့ နေစမ်းပါဦး ရှင်နဲ့ရှင့်သမီးက ဘယ်အချိန်ကကီးညှိလိုက်တာလဲ ဆရာဝန်ကရော..."
နားမလည်နိုင်ဖြစ်နေသည့် ဒေါ်သီသီချိုအား ရောကြီးပုံစံဖြင့်ကြည့်လိုက်ကာ...
"ဆရာဝန်ကငါ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလေ နည်းနည်းပါးပါးအကျိုးအကြောင်းပြောပြီးကူညီခိုင်းတာ သမီးကတော့ အထွေအထူးတောင်ညှိစရာမလိုလိုက်ဘူး..."
သူမစီစဉ်တာထက်အကွက်ကျနေတဲ့ ဒီသားအဖရိုးမှရိုးရဲ့လားဟု ဒေါ်သီသီချို သံသယဝင်နေမိသည်။ သမီးကို ဟ်ိုကောင်မလေးနောက်များထည့်ပေးမလို့လား။
"မင်းကငါ့ကိုမယုံသင်္ကာဖြစ်မနေနဲ့... "
သူ့မိန်းမရဲ့အကြည့်ကို မြင်တာနှင့်အထာနပ်လေသည့် ဦးခန့်မောင်။
"ငါ့သမီးရဲ့လက်တွဲဖော်က သူ့ဘဝရဲ့ဘာမှမရှိတော့တဲ့အခက်အခဲဆုံးအခြေအနေတွေမှာတောင်မှ ခေါင်းမရှောင်ပဲ ကိုယ်ကျိုးမဖက်ပဲ ဘေးနားကနေပါရမီဖြည့်နိုင်တဲ့သူဟုတ်ရဲ့လား ဆိုတာကို ငါဖန်တီးလိုက်တဲ့ဒီအခြေအနေက သက်သေပြလိမ့်မယ် မျက်မမြင်အောက်ပိုင်းသေဒုက္ခိတတစ်ယောက်ကိုတောင် လက်တွဲဖော်အဖြစ်ခံယူရဲသေးရင် ငါတို့သမီးလေးအတွက် သစ္စာရှိတဲ့ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ဖို့ထိုက်တန်ပါပြီ..."
ဒေါ်သီသီချိုတစ်ယောက် ဦးခန့်မောင်ရဲ့ စကားတွေထဲမှာ မျောသွားကာ ဘာစကားမှမပြောနိုင်သေးပေ။
ခါးကိုတော့ ဆရာဝန်တွေနှင့် အမှန်အကန်ပြသကာ အနားယူခိုင်းထားရသည်။
ငါအမေတောင် မေ့မလဲရဘူး သူကဖြစ်ပျက်နေတယ်။ ကြည့်ကြသေးတာပေါ့ လူမမာမပြုစုပဲပြန်လစ်ပြေးမလား ဒါမှမဟုတ် တစ်ပက်တောင်မခံပဲပြေးမလား။
🌼🌼🌼🌼🌼🌼
ကူးသတိရလာသည်နှင့် မိဘတွေထက်ပြာယာခက်နေသည်က ခါးဖြစ်သည်။ ယုတ္တိရှိအောင်လို့ ဆေးရုံမှာတစ်ပက်လောက်နေလိုက်သည်။
"ကူး ဘာစားချင်လဲ.."
"ကူး ဖြေးဖြေးထ..."
"သက်သာသွားမှာဘာမှမခံစားနဲ့နော်..."
စသည်ဖြင့် အမျိုးမျိုးအဖုံဖုံဂရုစိုက်လေတော့ ကူးရဲ့မိဘတွေပင် ကူးအနားကပ်ဖို့ အချိန်လုနေရသည်အထိပင်။
ကူးကမျက်လုံးပက်တီးဖြည်ပြီးကတည်းက မျက်စိကွယ်သွားသည့်ပုံစံဖြင့် မျက်မှန်တပ်ထားသည်။အောက်ပိုင်းသေသွားတယ်လို့ ပြောထားလေတော့ ထိုင်ရာမှမထရ။
မမစိုးရိမ်ပူပန်နေတာတွေ ကူးမမြင်ရဘူးဆိုပြီးအသံမထွက်အောင်ခိုးငိုနေတာတွေကြည့်ပြီး ကူးမှာစိတ်မကောင်းဖြစ်ရသည်။ လိမ်ညာမိတာကိုတောင်ပြန်အားနာရသည်။ မမရဲ့အချစ်ကို ကူးယုံပေမယ့် မေမေယုံအောင်သက်သေပြဖို့အတွက် ဖေဖေ့အစီစဉ်ကိုလက်ခံလိုက်ရခြင်းပင်။ ဖေဖေကလည်း ကိုယ့်သမီးလေးကိုရစရာမရှိအောင်ကို ဇာတ်ညွှန်းရေးထည့်လိုက်တယ်။ခုတော့ ကူးမှာထိုင်ရာကမထရ ဆေးရုံမှာနေရတာပင် တစ်ပက်ရှိပြီးမို့ တကယ်ပင်လူမမာပုံစံထွက်နေသည်။
~~~~~
"ဘယ်လိုလဲ ငါ့သမီးကိုလက်ထပ်ချင်သေးရဲ့လား...."
ခနဲ့သလို ဒေါ်သီသီချိုရဲ့အပြောကြောင့် ခါးမော့ကြည့်မိသည်။
"လက်ထပ်ချင်ပါတယ် ကူးအခုလိုဖြစ်နေတော့ ကျွန်တော်ကူးဘေးမှာပိုရှိသင့်တယ်လို့ကိုထင်ပါတယ် အန်တီသာသဘောတူပေးရင် ကျွန်တော်ကူးကိုလက်ထပ်ဖို့အဆင်သင့်ပါပဲ..."
ယုံကြည်မှုရှိရှိ ပြက်ပြက်သားသားပြောလိုက်သည့် သူ့ရှေ့ကကလေးမကြောင့် ဒေါ်သီသီချို ဆွံ့အသွားရသည်။
ဒါဖြစ်နိုင်လို့လား။ ခုချိန်ထိသူ့သမီးကိုမိန်းကလေးတစ်ယောက်ကမြတ်မြတ်နိုးနိုးချစ်တယ်ဆိုတာ မယုံကြည်နိုင်သေးသည့် ဒေါ်သီသီချို။
~~~~~~~~
"ဖေဖေ့...သမီးကိုဘယ်အချိန်ဆေးရုံကဆင်းခိုင်းမှာလည်း..."
မျက်မှန်လေးကို ခေါင်းပေါ်ပင့်တင်လိုက်ပြီး အဖေလုပ်သူကိုပြောလေသည်။
"သမီးရယ် ခဏလေးသည်းခံပါ ဖေဖေ့သူငယ်ချင်းဆရာဝန်ကိုပြောပြထားပါတယ် မကြာခင်ဆေးရုံဆင်းဖို့သူပြောမှာပါ...."
"သမီးကရော ဘယ်ချိန်ထိအခုလိုဟန်ဆောင်နေရဦးမှာလဲ..မမကိုလိမ်ထားရတာ အားနာလှပြီ မမခမျာ သမီးတကယ်ဖြစ်တယ်ထင်ပြီးဝမ်းနည်းနေရှာတာ..."
"သမီးအမေလက်ခံအောင် အချိန်ခဏစောင့်နေတာပါ အခုဆိုသမီးအမေလည်းအရင်ကလောက်သဘောမဆိုးတော့ပါဘူး..."
"ဟမ်..!မမ..."
တံခါးဝတွင် မုန့်ထုတ်တွေနှင့်ရပ်နေသည့် မမရဲ့မျက်ဝန်းမှာအဓိပ္ပါယ်အမျိုးမျိုးပေါ်နေသည်။
သမီးဖြစ်သူရဲ့ခေါ်သံကြောင့် ဦးခန့်မောင်လည်းလှည့်ကြည့်လိုက်သည်။
ခါးလက်ထဲကမုန့်ထုတ်တွေလွတ်ကျကုန်သည်။ ထို့နောက်ဘာစကားမှမပြောပဲ လှည့်ထွက်လာခဲ့တော့သည်။
လိမ်ရက်လိုက်ကြတာကွာ။ သူ့မှာတော့ သူမလေးကိုစိုးရိမ်စိတ်နဲ့ စားမဝင်အိပ်မပျော်တွေဖြစ်ခဲ့ရတာ။ တစ်မိသားစုလုံးသူ့ကိုအရူးလုပ်နေတာပေါ့။ သူတို့ရှေ့မှာပြာယာခက်အောင်စိတ်ပူနေမိတဲ့သူကအရူးလား။ မုန်းတီးစိတ်နာတာမျိုးမဟုတ်သော်လည်း ရှက်ရွံ့စိတ်ဖြစ်မိသည်။ သူ့အချစ်ကို ကူးက လှာင်ရယ်နေလေမလား။
"ရန်နိုင် ငါဒီနေ့ပဲမန္တလေးပြန်တော့မယ် ငါ့ကိုလိုက်ပို့..."
ဘာအကျိုးအကြောင်းမှမပြောဘဲ ရန်နိုင့်ဆီဖုန်းဆက်လိုက်သည်။ ရန်နိုင့်ကိုဘာမှအမေးမခံဘဲ ဖုန်းတန်းချပစ်လိုက်သည်။
ကလေးသူ့ကိုလှည့်စားရက်တယ်....

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now