Part12

1.8K 62 0
                                    

"သူ့ဘာသာထွက်သွားတာ ကျွန်မနှင်လွှတ်တာမဟုတ်ဘူး...."
ဒေါ်သက်မာ၏ တရားလက်လွှတ်စကားကြောင့် ဦးကျော်အောင် စိတ်တိုသွားသည်။
"သက်မာ မင်းငါ့ကိုအမှန်တိုင်းပြော မုန်းခါးကိုမင်းဘာလုပ်လိုက်သေးလဲ သူတစ်ခါမှ အိမ်ကထွက်သွားတာမျိုးမရှိဘူး...."
ဒေါသသံဖြင့် သူ့ကိုအော်မေးနေသည့် ယောကျာ်းဖြစ်သူအား ထူးဆန်းသတ္တဝါတစ်ကောင်အလား ဒေါ်သက်မာကြည့်လိုက်ခါ
"ရှင်ကရော ဘယ်တုန်းက သူ့အကြောင်းတရေးတယူလုပ်ဖူးလို့လည်း အခုမှလာပြီး အပိုတွေမေးမနေနဲ့..."
"ဟ အပိုတွေမဟုတ်ဘူးကွ လိုနေတာ သူမရှိရင်မဖြစ်ဘူးဆိုတာ ငါလည်းအသိမင်းလည်းအသိပဲလေ..."
"အို တော်စမ်းပါရှင် သူရှိလို့ရောဘာများထူးလို့လည်း သူလည်းဘာမှသိတာမဟုတ်ဘူး..."
"တောက်...!!ကွာ...."
ဦးကျော်အောင်တစ်ယောက် မိန်းမဖြစ်သူကိုစိတ်ပျက်စွာဖြင့် တောက်ခေါက်လိုက်ရင်း ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ဒေါ်သက်မာလည်း ဆူအောင့်အောင့်နှင့်ပင် ဘေးတွင်ဝင်ထိုင်လိုက်သည်။
"မင်းကတော့ ကိုယ်လုပ်ချင်တာပဲသိတယ် ကိုယ့်ဒေါသကိုပဲရှေ့တန်းတင်တယ် အခု ငါတို့မှာပိုင်ဆိုင်တာဘာမှမရှိတော့ဘူး အဲ့ဒါမင်းသိလား ကျန်တဲ့ကုမ္ပဏီကလည်း အကြွေးနဲ့သိမ်းခံရတော့မယ်...."
"ဘာပြောတယ် အခုလက်ရှိကုမ္ပဏီပါအသိမ်းခံရတော့မယ် ဟုတ်လား..."
အခုမှ အံသြပြီးခေါင်းနပန်းကြီးနေသော မိန်းမဖြစ်သူကိုကြည့်ပြီး စိတ်ပျက်စွာသက်ပြင်းချလိုက်မိသည်။
"ဟုတ်တယ် ငါတို့မှာမျှော်လင့်စရာဆိုလို့ အဲ့ပစ္စည်းပဲရှိတယ်..."
"အဲ့ဒါ ရှင်မဟုတ်တာလေ အစကတည်းက ရအောင်မယူဘဲ အခုတော့ အချိန်တွေကုန်တာသာ အဖက်တင်တယ် ..."
"မင်းဖြုန်းလို့ကုန်တဲ့ စည်းစိမ်တွေလည်း ထည့်ပြောပါဦး..."
"ရှင်သာ အလောင်းကစားမဖက်ရင် ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု ဒေဝါလီခံသွားရမှာမဟုတ်ဘူး...."
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အပြစ်တင်နေကြသည်။
"ကဲတော်ပါကွာ အခုမုန်းခါးဘယ်မှာလဲ..."
"မျက်နှာချင်းဆိုင်ခြံက ကောင်မလေးခေါ်သွားတာ သူ့အိမ်မှာနေမှာပေါ့...."
"ကုမ္ပဏီသိမ်းခံရမယ့်ကိစ္စကို မင်းကမသိဘူးဆိုတော့ ငါ့စာကြည့်ခန်းထဲကို စာချုပ်တွေလာထားတာ မုန်းခါးပေါ့..."
"ကျွန်မမှမဟုတ်ရင် သူပဲပေါ့ အဲ့ဒါဘာဖြစ်လို့လည်း...."
"ငါ ဒိုင်ယာရီစာအုပ်ကို စားပွဲပေါ်အလွယ်တင်ထားခဲ့တာ သူစပ်စပ်စုစုလုပ်ပြီးဖတ်လိုက်လား မဖတ်ဘူးလားငါသိချင်တာ...."
"ဟိုdiaryစာအုပ်လား..."
ဦးကျော်အောင်က စိတ်ပျက်စွာခေါင်းညိမ့်ပြလိုက်တော့ ဒေါ်သက်မာ မျက်လုံးပြူးသွားသည်။
"ရှင်ဟာလေ ဒီလောက်အရေးကြီးတဲ့ကိစ္စကို အလွယ်တကူထားရလား... "
"ငါလည်း မနက်ကမှ အဲ့စာအုပ်ကိုဖျောက်ပစ်တော့မယ်ဆိုပြီး အလွယ်တင်ခဲ့မိတာ..."
"ရှင့်ကို ဟိုးအရင်ကတည်းကဖျောက်ခိုင်းနေတာ ရှင်သာသံယောဇဉ်များပြီး...."
"ဦးနှောက်ကိုက်ရတဲ့ကြားထဲ မင်းကတမျိုး.... "
"သိပ်လဲခေါင်းကိုက်မနေပါနဲ့ သူအဲ့ကိစ္စတွေ သိသေးပုံမပေါ်ဘူး သူကစပ်စပ်စုစုမလုပ်တတ်ပါဘူး...."
"ဟူးး ငါလည်းဘာဆက်လုပ်ရမှန်းကိုမသိတော့ဘူး....."
ဦးကျော်အောင်တစ်ယောက် အသက်ပြင်းပြင်းရှုထုတ်ကာ မျက်လုံးတွေကို မှိတ်ချလိုက်သည်။
လေးပင်နေသည့်စိတ်က ကိုယ့်မှာအပြစ်ကြီးတစ်ခုရှိနေသလိုပင်။
"အားလုံးအတွက် ငါတောင်းပန်ပါတယ်ကွာ...."စိတ်ထဲမှ စကားသံက တစ်စုံတစ်ဦးကို ရည်ညွှန်းသော်လည်း ထိုသူက ကြားသိနိုင်မည်မဟုတ်တော့ပေ။
☪☪☪☪☪☪☪☪☪☪☪☪
"အင်း ဟင်း ချမ်းလိုက်တာ...."
ညည်းသံသဲ့သဲ့ကြောင့် ကူးမျက်လုံးတွေပင့်လာသည်။ အသံကြားရာကြည့်လိုက်တော့ ဘေးတွက်အိပ်နေသည့် မမဆီကအသံဖြစ်နေသည်။
"ချမ်းတယ် အင်းး ဟင်းး..."
ဆောင်အပါးလေးကို ကယောင်ကတမ်းဆွဲခြုံရင်း ယောင်နေသည့်မမ။ မမရဲ့နဖူးလေးကိုကူးစမ်းကြည့်လိုက်တော့ ပူကျစ်တောက်နေသည်။
"ဟင်!! မမဖျားနေပြီ ဒုက္ခပါပဲ.... ငါကလည်းဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်ဘူး..."
ကူး မမလက်လေးတွေ ပါးလေးတွေကိုထပ်မံစမ်းကြည့်မိသည်။
"အိုး တကယ်ဖျားနေတာပဲ အခုချိန်မှဆရာဝန်ပင့်လဲ ရမှာမဟုတ်ဘူး..."
နာရီကိုကြည့်လိုက်တော့ မနက်၂နာရီပင်ထိုးနေချေပြီ။
ကူးလည်း ကိုယ်ချစ်တဲ့သူအတွက် ဒေါက်တာရမ်းကုလုပ်ရပေသည်။ စာဖိုမှူးရမ်းချက်လုပ်လိုက်သည့် ခေါက်ဆွဲကြော်တွေကြောင့်များလားဟု အတွေးဝင်လိုက်သေးသည်။
ချမ်းတယ် ဟုတဆာဆာ ယောင်နေသော မမကိုဆောင်လေးနောက်တစ်ထည်ထပ်ပေးခဲ့ကာ မမကိုရေပက်တိုက်ပေးဖို့ ရေဇလုံနှင့်ပဝါကို အပြေးအလွှားသွားယူရသည်။
ရေဇလုံလေးဘေးချကာ မမကိုသေသေချာချာရေပက်တိုက်ပြုစုနေမိသည်။ ဖြူစင်ရှင်းသန့်နေသည့် မမမျက်နှာက ချစ်စရာကောင်းတဲ့ဘက်မရောက်ပဲ ဆွဲဆောင်မှုရှိတဲ့မျက်နှာမျိုးပင်။ နှာတံမြင့်မြင့်လေးရဲ့ အဆုံးက နှုတ်ခမ်းသားရဲရဲလေးတွေက အခုတော့ ဖြူဖပ်ဖြူရော ငြဖစ်နေသယောင်ပင်။ ကူး အတန်ကြာအိပ်ငိုက်လိုက် ရေပက်တိုက်လိုက်နှင့် ပြုစုလိုက်တာ မမအဖျားကျသွားသည်။ ကိုယ်ပူလေးထပ်စမ်းကြည့်ပြီးမှ ကူး စိတ်သက်သာရာရသွားတော့သည်။
ကူး မမဘေးတွင်တစောင်းလေး ဝင်လှဲလိုက်သည်။ အခုတော့မျက်လုံးတွေက ကြောင်နေပြီ။ ဘေးတိုက်ကြည့်လည်း လှပကျော့ရှင်းပြီးဆွဲဆောင်မှုရှိသည့် မမပုံစံလေးက နေမကောင်းတဲ့လူဟု ထင်ချင်စရာရှိပေ။ မမဘေးတွင်ဝမ်းလျားမှောက်ပြီး မေးထောက်ကာ မမကိုပဲထပ်ငေးနေမိသည်။ ရင်ထဲမှာ ပျော်ရွှင်ကြည်နူးခြင်းတွေက အတိုင်းအဆမရှိပေ။  မမနဲ့သာနှစ်ယောက်တည်းနေရရင် ဘယ်လောက်ပျော်စရာကောင်းမလဲ။ စိတ်ကူးယဉ်ပြီးပြုံးနေမိသည်။ အကြည့်ရောက်လိုက်တိုင်း ကူးရဲ့မျက်လုံးတွေက မမရဲ့ နှုတ်ခမ်းလွှာ ပါးပါးလေးပေါ်သို့သာ။ ကူး ခေါင်းတွေခါရမ်းလိုက်သည်။
"ဟူးး ငါဘာတွေထဖောက်နေတာလဲ နေမကောင်းတဲ့သူကို..."
တော်ပြီ မမကိုဆက်ကြည့်နေရင်.....။အိပ်တာပဲကောင်းမယ်။ အကြည့်တွေက မမနှုတ်ခမ်းလေးဆီကိုထပ်မံရောက်သွားပြန်သည်။
"အင်း အိပ်ခါနီးဆိုတော့ နှုတ်ဆတ်အနမ်းပေးလို့ရတာပဲ..."
ကိုယ့်ဘက်ကိုလိုက်ပြီး တွေးလိုက်သည်။ မဝံမရဲဖြင့် မမနှုတ်ခမ်းလွှာလေးဆီသို့ ချဉ်းကပ်လာသည့်ကူး။ မျက်နှာချင်းဟပ်နေသည့်အခိုက်အတန့်လေးတစ်ခုမှာ မမရဲ့အသက်ရှုသံလေးကို အနီးကပ်ကြားနေရသလို မမရဲ့ဝင်လေထွက်လေလေးကလည်း ကူးရဲ့နှာခေါင်းလေးသို့လာရောက်ထိခတ်သည်။
"ကူး....."
မျက်လုံးတွေပွင့်လာသည့် မမရဲ့ တအံတသြခေါ်သံလေးကြောင့် ကူးမျက်လုံးပြူးနေမိသည်။ မမ မျက်နှာနှင့်နီးကပ်နေသည့် ကူးရဲ့မျက်နှာ တစ်နည်းအားဖြင့်ပြောရရင် နီးကပ်နေသည့် နှုတ်ခမ်းလေးတွေ...။ ကူးက မမရဲ့နှုတ်ခမ်းလေးတွေပေါ်အကြည့်ရောက် နေသလို မမရဲ့မျက်ဝန်းနက်နက်တွေကလည်း ကူးရဲ့နှုတ်ခမ်းလေးသို့ ရည်ရွယ်လျှက်။ ကြာကြာမနေရဲတော့တာကြောင့် မျက်နှာလေးဖယ်ဖို့ပြင်လိုက်သည့် ကူးရဲ့ ခေါင်းလေးကို ခါးက လက်ကလေးဖြင့်ထိန်းထားလိုက်ကာ....
"လူမမာကိုပြုစုရင်လည်း သက်သာအောင်ပြုစုမှပေါ့ ကလေးရဲ့..."
"ဟင်..?"
မမရဲ့စကားကို ကူးနားမလည်နိုင်သေးခင် ကူးရဲ့နှုတ်ခမ်းသားလေးတွေကို စုပ်ယူနမ်းရှိုက်လိုက်သည့် မမကြောင့် ကူး အံသြသွားသည်။ ခန္ဓာကိုယ်အပေါ်တပိုင်း မမအပေါ်ရောက်နေသည့် ကူးကို ထွေးပိုက်ထားရင်း တပ်မက်စွာနမ်းရှိုက်နေသည့် မမရဲ့အနမ်းတွေကို ကူး ပြန်လည်တုန့်ပြန်နေမိသည်။ အပေါ်ရောက်နေသည့်ကူးက မမရဲ့အကြင်နာအနမ်းကြမ်းများကြောင့် အောက်သို့ရောက်သွားသည်။ ကူးရဲ့ လက်ဖဝါးလေးတွေကို မမက ဆုပ်ကိုင်ထားသည်။ အနမ်းတွေက နှုတ်ခမ်းတွေမှ လည်တိုင်သို့ ...လည်တိုင်မှတဆင့်....။ အချစ်ရပ်ဝန်းမှာ အကြင်နာမုန်းတိုင်းထန်သည့်အခါ.....🖤
💕💕💕💕💕💕💕
"မမ ကူးတို့အိမ်မှာနေလိုက်ပါလား ဟင်...."
"မဖြစ်ပါဘူး ကူးရာယ် အမေတို့စိတ်ပူနေလိမ့်မယ်...."
စိတ်မပူတတ်မှန်းသိသော်လည်း ကူးအိမ်မှာကပ်နေရမှာ အားနာသောကြောင့်ငြင်းလိုက်သည်။
"ဟွန့် အပိုတွေပါမမရယ် သူတို့သာစိတ်ပူရင်..."
"ဟဲ့ သမီး..."
ဒေါ်သီသီချိုက သမီးဖြစ်သူကိုလှမ်းရိုက်ပြီး တားလိုက်သည်။ ကလေးမုန့်ပူဆာသလိုလုပ်နေသည့် သမီးဖြစ်သူကိုမျက်စောင်းထိုးလိုက်သည့် ဒေါ်သီသီချို။
"အဲ့ဒါသာကြည့်တော့ သမီးရယ် သမီးညီမလေးက ကလေးစိတ် သူပြောချင်တာပဲသိတာ....အန်တီခုလိုပြောတာက သမီးကိုမနေစေချင်လို့ မဟုတ်ဘူးနော် ဘယ်မိဘမဆိုကိုယ့်သားသမီးကို စိတ်ပူမှာပဲလေ စိတ်အခန့်မသင့်လို့ဖြစ်ကြတာဆိုတော့ ကိုယ်ကသားသမီးဘဲပြန်တောင်းပန်လိုက်ပါကွယ်... မိဘဟာမိဘပဲ မပြစ်မှားရဘူး..."
"ဟုတ်ကဲ့ အန်တီ ကျွန်တော်နားလည်ပါတယ် အမေ့ကိုလည်းကျွန်တော်ပြန်တောင်းပန်မှာပါ"
"အေး အေး ကောင်းတယ်ကွယ် ကောင်းတယ်...ဒါနဲ့သမီးက အိမ်မပြန်ရသေးဘူးလား..."
မနေ့ညက အိမ်မှာအိပ်တာကို ကူးပြောပြလို့ ဒေါ်သီသီချိုသိပြီးသားဖြစ်သည်။
"ဟုတ်ကဲ့ ကျွန်တော် ရန်နိုင်တို့အိမ်မှာစာသွားကျတ်နေတာပါ စာကျတ်ပြီးမှ အိမ်ကိုဝင်မလို့ ..."
"အော် အင်းအင်း အဲ့ဒါဆို မနက်ကတည်းက အိမ်မရောက်သေးဘူးပေါ့... "
"ဟုတ်....အဲ့ဒါဆို သမီးအိမ်ပြန်လိုက်ဦးမယ်နော်..."
"အေး အေးသမီး ကူး သမီးမမကိုလိုက်ပို့လိုက်ဦးလေ...."
စကားတစ်ခွန်းမှ ဝင်မပြောဘဲ ဆူပုတ်ပုတ်လေးလုပ်နေသည့် ကူး။
"ဟဲ့ အော် ဒီကောင်မလေးနှယ် ..."
"ဟုတ်ကဲ့ပါမေမေရယ်..."
ကူး ရှေ့ကထွက်သွားတော့ ခါးလည်း အန်တီ့ကိုပြုံးပြနှုတ်ဆတ်ပြီး ကူးနောက်သို့လိုက်ရသည်။
တံခါးဝမှာရပ်စောင့်နေသည့်ကူး။
"မမကဘာလို့ ကူးနဲ့အတူတူမနေချင်တာလဲ..."
ဆူပုတ်ပုတ်ဆောင့်အောင့်အောင့်မေးလိုက်သည့် ချစ်သူကောက်တေးလေးကြောင့် ခါးပြုံးလိုက်မိသည်။ ခေါင်းလေးကိုချစ်စနိုးလေးပုတ်လိုက်ကာ
"နေချင်လို့ပဲ ညကနေပြီးသွားပြီလေ..."
ထိုသို့ပြောလိုက်တော့ ကူးမျက်နှာလေး ပန်းနုရောင်သမ်းသွားသည်။
"ဟာ မမနော် အဲ့လိုပြောတာမဟုတ်ဘူး..."
ချစ်စနိုးမျက်စောင်းလေးရွယ်ပြီးပြောလိုက်သည့်ကူးက ခါးမျက်လုံးထဲမှာ အလှမိဖုရားလေးပင်။ အမေနဲ့ပြဿနာဖြစ်ထားသမျှတွေလည်း ကူးနဲ့တွေ့လျှင်မေ့ပျောက်နေသည်။ အိမ်ကိုမရောက်သေးသည်မို့ ခါးရဲ့စိတ်တွေက တတ်ကြွရွှင်လန်းနေသည်။
"အဲ့လိုမဟုတ်ရင် ဘယ်လိုလဲပြောပါဦး မမကတော့ အတူတူနေတာဆိုရင် အဲ့ဒါလို့ပဲထင်တာ..."
ပြုံးစစနှင့်သူမကိုနောက်နေသည့် မမ။ တမင်ဆူပုတ်ထားသည့် နှုတ်ခမ်းတွေက ပြုံးချင်နေသည်။
"ကူးပြောတာက မမအိမ်မှာမနေဘဲ ကူးအိမ်မှာလာနေဖို့..."
"ဟင်း...."
ခါးက သက်ပြင်းတစ်ချက်ချလိုက်ကာ ကူးရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်ပြီး နှစ်လိုဖွယ်အပြုံးလေးပြုံးပြသည်။ မမ ခုလိုသေသေချာချာပြုံးတာ ပထမဆုံးအနေနှင့်မြင်ဖူးတာမို့ ကူး နှစ်ခြိုက်စွာငေးမောနေမိသည်။ ကူးနှင့် မျက်နှာချင်းဆိုင်ဖြစ်ဖို့(ကူးကမော့ကြည့်စရာမလိုရန်)မမက ခါးလေးကိုင်းထားသည်။
"ကူးနဲ့နေချင်တာပေါ့ ဒါပေမယ့် အခုတော့မဖြစ်သေးဘူးလေ မမရဲ့မိဘတွေဆီက မမသိချင်တဲ့မေးခွန်းတွေ အများကြီးရှိသေးတယ် အဲ့ပဟေဠိတွေ ဖြေရှင်းပြီးတဲ့အချိန်ကျရင် ဒီက မမရဲ့ကောက်တေးလေးနဲ့အတူနေမှာ ...."
ကူးကိုဖက်ပြီး ကျောလေးကိုပုတ်နေသည့်မမ။
"အွန်းပါ ဘာအကြောင်းကြောင့်မှ ကူးနဲ့အဝေးမှာမနေဘူးလို့ ဂတိပေး..."
ဖက်ထားရင်းမေးလိုက်သည့် ကူးစကားကြောင့် ခါးပြုံးမိပြန်သည်။ ဖက်ထားတာမှဖယ်လိုက်ပြီး ကူးမျက်နှာကိုကြည့်သည်။
"စိတ်ချ နောက်ဆိုဝေးဝေးနေချင်ပါတယ်ဆိုတောင် ကလေးကိုလွှတ်မပေးဘူး....ဂတိ..."
ကူးရဲ့ နဖူးပြင်လေးကို အနမ်းခြွေလိုက်သည်။
"မမ အိမ်ပြန်တော့မယ်နော်..."
"ဟုတ်...."
ကူးကိုလက်ပြရင်း ခြံထဲကနေထွက်သွားသည့်မမ။
မမနမ်းခဲ့သည့် ကူးရဲ့နဖူးပေါ်က အငွေ့အသက်နွေးနွေးလေးတွေက ကူးကိုလွမ်းဆွတ်စေသည်။ အချစ်ပြီးရင် အလွမ်းက လာတတ်စမြဲလား မမရယ်......။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now