Part17

1.7K 64 0
                                    

ခြံထဲဆင်းသွားသည့် မမနောက်သို့ ကူးလိုက်သွားသည်။ ဒါန်းပေါ်တွင်ထိုင်နေသော မမဘေးတွင် ဝင်ထိုင်လိုက်ကာ
"မမကဘာလို့ရှက်သွားတာလဲ"ဟု ပြုံးစစနှင့်မေးလေတော့ ကူးကိုမျက်နှာတည်လေးနှင့်လာကြည့်သည့်မမ။
"ဘာကိုရှက်ရမှာလဲ မရှက်ပါဘူး..."
"မမ...ကူးမေးမယ် အမှန်တိုင်းဖြေ စိတ်ရင်းတိုင်းဖြေနော်..."
မျက်နှာလေးခပ်တည်တည်ဖြစ်သွားသည့် ကူး။
"ဘာမေးမလို့လဲ..."
"မမ ကူးကိုလက်ထပ်မှာလားဟင်...."
စိုးရိမ်မျက်ဝန်းလေးဖြင့် မေးနေသည့် ကူးရဲ့အမေးကို ခါး မဖြေဖြစ်သေးပေ။ ခါး မျက်နှာလေးသိသိသာသာညှိုးကျသွားသည်။
အရင်ကအခြေအနေနဲ့တောင်မှ ကူးနဲ့သူမဟာ အခြေအနေချင်းမအပ်စပ်တာ အခုဆို ခါးက မိဘမဲ့ နောက်ပြီး နေစရာအိမ် စားစရာနေရာဆိုတာလဲ ရေရေရာရာမရှိ။ ဒီလိုဘဝထဲကို သူမလေးဝင်လာဖို့ သူလက်မကမ်းဝံ့တာအမှန်ပင်။ကူးကို ပိုင်ဆိုင်ချင်လားမေးရင်တော့ ရူးလောက်အောင်ပဲ ပိုင်ဆိုင်ချင်တယ် လိုချင်တပ်မက်တယ်။ ကူး ဆိုတဲ့ကောင်မလေးအကြောင်းကိုတွေးမိရုံနဲ့ သူမမှာချစ်စိတ်တွေထိန်းမရပဲ အသည်းယားနေခဲ့တာ။ ဒါကိုမှ ကူးကိုမပိုင်ဆိုင်ချင်ဘူးပြောရင် ခါး လိမ်ညာနေတာပဲဖြစ်လိမ့်မည်။
"မမ..."
ကူးရဲ့စောင့်စောင့်အောင့်အောင့်ခေါ်သံလေးကြားတော့မှ ခါး အသိစိတ်တွေပြန်စုစည်းလိုက်သည်။
"ကူးကိုလက်မထပ်ချင်ဘူးပေါ့ မမက..."
စိတ်ဆိုးသံမဟုတ်ဘဲ ဝမ်းနည်းသံလေးဖြင့် ပြောသည့်ကူးကြောင့် ခါး ကူးမျက်နှာလေးကိုကြည့်မိသည်။
"ကူး ငိုနေတာလား..."
မျက်ရည်တွေကျနေသည့်ကူးရယ်ပါ။ ခါး ကူးအနားသို့ပိုတိုးကပ်လိုက်ကာ ကူးမျက်နှာလေးကိုသေချာစိုက်ကြည့်လိုက်သည်။
"မငိုပါနဲ့ ကလေးငိုနေရင် မမ မနေတတ်ဘူး... "
"မမက ကူးကိုတကယ်မချစ်လို့လားဟင်...."
"ဘာကြောင့်အဲ့လိုတွေတွေးနေရတာလဲ ကလးရယ်..."
ကူးရဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို တယုတယကိုင်တွယ်ရင်း ကျန်လက်တစ်ဖက်ကလည်း ကူးရဲ့လက်လေးကိုဆုပ်ကိုင်ထားသည်။
"မမက ကူးနဲ့လက်ထပ်ဖို့တောင်မတွေးဖူးဘူးဆိုတော့ ကူးကိုတကယ်မချစ်လို့ပေါ့ အင့် ဟင့်..."
ငိုရှိုက်သံလေးတွေနှင့်ပြောနေသည့် သူမလေးကိုကြည့်ပြီး ခါး သနားဂရုဏာသက်နေမိသည်။
"အဲ့လိုသဘောမဟုတ်ပါဘူးကူးရယ်...မမကကူးကိုဘာလို့မချစ်ရမှာလဲ...စန္ဒကူးဆိုတဲ့ကောင်မလေး မမဘဝထဲရောက်လာလို့ မမပြုံးတတ်လာတာလေ ကူးကြောင့် မမရဲ့ဖြစ်တည်မှုကအဓိပ္ပါယ်လေးနက်လာရတာပါ နောက်တစ်ခါ ကူးကိုမမက မချစ်ဘူးဆိုတဲ့အတွေးမျိုး လုံးဝမတွေးနဲ့နော် သိလား...''
ကူးရဲ့ နဖူးလေးနဲ့ မမရဲ့နဖူးကိုအသာလေးတိုက်ပြီး ပြောလေသည်။ ကူးမျက်နှာနှင့်နီးကပ်နေသည့် မမရဲ့မျက်ဝန်းတွေဟာ နက်ဆွေးတောက်ပြောင်လျှက်ပင်။ လိမ်ညာမှုမပါတဲ့မျက်ဝန်းတွေကိုမြင်မှ ကူးရင်ထဲက အပူလုံးလေးကျသွားရသည်။
"ချစ်တယ်ဆိုရင် ကူးကိုဘာလို့လက်မထပ်ချင်တာလဲ..."
မျက်နှာလေးကြည်သွားပြီးမှ တဖန် နှုတ်ခမ်းလေးဆူလာသည့်ကူး။
တကယ့်ရစ်စိန်လေး။ ခါးက သက်ပြင်းငွေ့ငွေ့လေးချလိုက်ကာ
"လက်မထပ်ချင်ဘူးလို့ဘယ်သူကပြောလဲ...ဒါပေမယ့် အချိန်တွေအများကြီးလိုပါသေးတယ် ခုချိန်မှာမမရဲ့ဘဝကိုတောင်ဘာမှန်းမသိသေးတာလေ မရေရာမသေချာတဲ့ဘဝထဲ ကူးကိုမခေါ်ချင်ဘူး မခေါ်ရက်ဘူး...."
"••••••••••••••"
ကူး အသံထွက်မလာသော်လည်း ဝဲနေသည့်မျက်ရည်စလေးတွေကိုတော့ မျက်တောင်နက်လေးတွေဖြင့် ကွယ်ဝှက်သိမ်းဆည်းနေလေသည်။ သူမလေးရဲ့အငိုမျက်ဝန်းတွေဟာ ခါးရင်ကိုနာကျင်စေသည့် အဆိပ်အပြင်းဆုံး မြှားတွေပင်။
"တစ်နေ့နေ့ကြရင်တော့ မမတို့လက်ထပ်ရမှာပါ...."
ကူး ဘာစကားမှမပြောဖြစ်ဘဲ ငြိမ်သက်သွားသည်။ ချစ်တယ်ဆိုတဲ့မမက ကူးနဲ့လက်ထပ်ဖို့ဆန္ဒနည်းပါးနေသည်။ မမ ဘာကိုစိုးရိမ်နေတာလဲ။ ဘာကိုကြောက်ရွံ့နေတာလဲ။ ကူး မမအနားမှာထာဝရရှိမနေစေချင်ဘူးလား မမရယ်။
"ကူး အိမ်ပေါ်ပြန်တက်တော့မယ်..."
မမလက်ထဲမှ ကူးလက်ကလေးကိုအသာလွှတ်ပြီး ကူးထသွားဖို့ပြင်လိုက်စဉ် မမကရုတ်တရက်လှမ်းဆွဲလေတော့ စိတ်လွှင့်နေသည့်ကူးက မမရင်ခွင်ထဲမှာ ပျြိုလဲသွားသည်။
"မြ..."
"ဟာ မမ.."
  ရင်ခွင်ထဲရောက်လာသည့် ကူးကိုအတင်းသိမ်းကျုံး ပွေ့ဖက်ကာ  ပါးပြင်လေးသို့နမ်းလိုက်သည့် ခါး။
"ကြည့်ပါဦး စူပုတ်ပုတ်မျက်နှာလေးက ချစ်စရာလေး အာဘွား မွမွမွ..."
ပြောလည်းပြောရင်း ကူးရဲ့မျက်နှာအနှံ့သို့ အနမ်းမိုးတွေရွာသွန်းနေသည့် မမကြောင့်  ကူးရဲ့နှုတ်ခမ်းလေးတွေပြုံးယောင်သမ်းလာတော့သည်။ ထိုနှုတ်ခမ်းလေးတွေကို အကြည့်ရောက်ပြီး ရန်ရှာချင်နေသည့်  မမက
"နော်..."ဟု မျက်ခုံးလေးကျုံ့ပြီးသနားစဖွယ်ဟန်လေးလုပ်ပြလေသည်။ ဗိုက်ဆာနေတဲ့ကလေးဆိုးကြီးပမာ။
"အာ....မမနော် ချစ်လိုအလိုလိုက်တာကို မဆိုးနဲ့ ဒါကခြံထဲမှာနော် အခန်းထဲမှာမဟုတ်ဘူး..."
ဆရာမကြီးလေသံလေးဖြင့် သူ့ရင်ခွင်ထဲမှာနေပြီး သူ့ကိုပညာပြနေသည့် ချာတိတ်မလေးကြောင့် ခါး သဘောကျနှစ်ခြိုက်စွာပြုံးလိုက်မိသည်။
"မြ..."
ခါးရဲ့နှုတ်ခမ်းပေါ်သို့ ခပ်ဖွဖွအနမ်းလေး လျှပ်တပြက်ခြွေလိုက်သည့် ကူးကြောင့် ရင်ခုန်မှုနှင့်အတူအံ့သြသွားရသည့် ခါး။
"အဲ့ဒါက လာဆွတာလား..."
ခါးက ရင်ခွင်ထဲက ကူးမျက်နှာလေးဆီသို့ မျက်နှာလေးတိုးပြီးမေးလေတော့ ကူးကရယ်ကျဲကျဲလေးလုပ်ပြကာ
"ဟီး မမပြုံးတာလေးက ဆွဲဆောင်မှုရှိပြီးချစ်ဖို့ကောင်းလို့...ဆုချတာ ဟီး.."
ချစ်စဖွယ်လေးပြောသည့် ကူးလေးရယ်ပါ။
"အဲ့ဒါဆိုလည်း လေးလေးနက်နက် ဒီလိုလေးဆုချ..."
ပြောပြီးတာနှင့် ကူးရဲ့နှုတ်ခမ်းလွှာလေးတွေကို စုပ်ယူနမ်းရှိုက်လေသည့် ခါး။ ပြန်လည်တုံ့ပြန်လာသည့် ကူးရဲ့အနမ်းလေးတွေကြောင့် စက္ကန့်အလီလီမှာ အနမ်းရာသီဖြစ်နေတော့သည်။
💕💕💕💕💕💕💕
"ရှင် ဒီလိုလုပ်မှာသေချာလား..."
"သေချာတယ်..."
ဒေါ်သက်မာရဲ့အမေးကို ဦးကျော်အောင်ကပြတ်သားစွာ ဖြေလိုက်ခြင်းဖြစ်သည်။
"မင်းကိုပြင်ဆင်ထားခိုင်းတာတွေ ပြီးပြီလား..."
"အင်း အဆင်သင့်ပါပဲ..."
"ဒါဆိုအချိန်မလင့်ခင် သွားကြရအောင်..."
စားပွဲပေါ်သို့ ဦးကျော်အောင်တစ်ချက်လှည့်ကြည့်မိသည်။ အစ်ကို့ရဲ့ဒိုင်ယာရီစာအုပ်လေးနှင့် ဓာတ်ပုံတစ်ပုံ၊ ကျန်ရှိနေတဲ့လုပ်ငန်းလေးအနည်းငယ်ကို ခါးသို့ပြန်လွှဲပြောင်းပေးခဲ့သည့် စာချုပ်၊ နောက်ပြီး မီးခံသေတ္တာသော့၊ ထိုထဲတွင်ထည့်ထားသည့် ပတ္တမြားကလည်း ခါးအတွက်ပင်။ သူတို့လင်မယားဒီအိမ်မှာရှိနေသမျှ ခါးအိမ်ပြန်လာမှာမဟုတ်သလို ခါး သူတို့ကိုခွင့်လွှတ်နိုင်မှာလဲမဟုတ်ဘူး။
"ကျွန်မတို့ဘယ်ကိုသွားကြမှာလဲဟင် လက်ထဲမှာငွေကလည်းအဲ့လောက်မရှိဘူး...."
သူ အမက်မောဆုံးစည်းစိမ်ဥစ္စာများကို လက်လွှတ်ပြီး ဦးကျော်အောင်နှင့်အတူလိုက်လာကတည်းက ဒေါ်သက်မာဘယ်လောက်ထိ နောင်တရနေလဲဆိုတာ သိနိုင်သည်။
"ငါကြည့်ပြီးစီစဉ်ပါ့မယ်...."
ဦးကျော်အောင်က အဝတ်အစားအိတ်တွေဆွဲပြီးရှေ့မှထွက်သွားတော့ ဒေါ်သက်မာလဲအနောက်မှအမြန်လိုက်လာကာ..
"သူက မိန်းကလေး ဒီစည်းစိမ်တွေနဲ့သူတစ်ယောက်တည်းထားခဲ့ရမှာ သူအဆင်ပြေပါ့မလား အန္တရာယ်မများဘူးလား..."
အိမ်ကြီးကိုမခွဲနိုင်မခွာရက်ဖြစ်မိသော်လည်း ကိုယ့်အပြစ်မှသေးတာမဟုတ်တော့ စွန့်လွှတ်ရမယ်ဆိုတာလက်ခံထားပြီးသားပင်။ သို့သော်လည်း ဒီကောင်မလေးကိုထားခဲ့ဖို့ကျပြန်တော့လည်း..။
အရှေ့ကဦးကျော်အောင်ခြေလှမ်းတွေ ရပ်လိုက်တော့ နောက်ပါးမှ ဒေါ်သက်မာလဲရပ်လိုက်ရသည်။
"တော်သင့်ပြီ တော်သင့်ပြီ ငါတို့သူ့ဘဝကိုဘယ်ချိန်ထိချုပ်ကိုင်နေကြမှာလဲ...သူအဆင်ပြေမှာပါ..."
"အင်း..."
သူတို့လင်မယားခြံထဲကမထွက်ရသေးခင် ခြံထဲသို့ ခါး ဝင်လာသည်။
အထုတ်တွေကိုယ်စီနှင့် ခြံဝရောက်နေသည့် အဖေနဲ့အမေကို ခါး နားမလည်နိုင်သလို ကြည့်နေမိသည်။ ခဏနေမှ
"အဖေနဲ့အမေက ဘယ်သွားမလို့လဲ...."
"အဖေတို့....ငါတို့ဒီအိမ်ပေါ်ကဆင်းမလို့..."
အဖေဆိုတဲ့နာမ်စားကို နောက်တစ်ကြိမ်အလွှဲသုံးစားမလုပ်သင့်တော့ဘူးလို့ ဦးကျော်အောင်တွေးလိုက်မိတာကြောင့် ငါတို့ ဟူ၍ပြောင်းပြောခြင်းပင်။
"အဖေတို့ဘာလို့ဆင်းမှာလဲ အဖေတို့ဒီမှာပဲဆက်နေပါ..."
ဦးကျော်အောင်နှင့်ဒေါ်သက်မာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ခါးကိုလည်း အံသြသည့်မျက်ဝန်းတွေနှင့်ကြည့်လျှက်။
"နင် ငါတို့ကိုမမုန်းဘူးလားဟင် ငါတို့က..."
"အမေတို့က ကျွန်တော့်မိဘတွေပါပဲ ကျွန်တော်တို့ကသွေးသားတော်စပ်ကြတယ်လေ.."
ဒေါ်သက်မာရဲ့စကားကို ခါးကဝင်ဖြတ်ပြောလိုက်သည်။ ဒေါ်သက်မာတစ်ယောက် အံသြဝမ်းနည်းခြင်း မျက်ရည်များက မျက်ဝန်းအိမ်ထဲတွင်အလိုလိုပြည့်လာသည်။ လက်ထဲကအထုတ်တွေကိုချထားလိုက်မိသည့်အပြင် ပထမဆုံးအနေနှင့်ခါးကိုဖက်ထားလိုက်မိတော့သည်။
"တောင်းပန်ပါတယ်ခါးရယ် တောင်းပန်ပါတယ် သမီးကအခုလိုခွင့်လွှတ်နိုင်လေ ငါတို့ကိုယ်ငါတို့အပြစ်ရှိသလိုခံစားရလေပဲ...အရာအားလုံးအတွက်တောင်းပန်ပါတယ်..."
ဒေါ်သက်မာက ခါးကိုဖက်ပြီးငိုလေတော့ ခါးလည်းမျက်ရည်တွေအဖြိုင်ဖြိုင်ကျပြီး ငိုနေမိသည်။ ဘေးနားကဦးကျော်အောင်ကလည်း ထိုနည်းတူစွာပင်။ အတန်ကြာ ငိုပြီးသွားချိန်မှာတော့ ခါးကမျက်ရည်တွေကိုသုတ်လိုက်သည်။
"ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော် အဖေတို့အမေတို့ကိုခွင့်လွှတ်ပါတယ် ဒါ့ကြောင့်အပြစ်ရှိသလိုလည်း မခံစားပါနဲ့ နောက်ပြီးဘယ်မှလည်း ထွက်မသွားကြပါနဲ့ အရင်လိုပဲအတူတူနေကြရအောင်ပါ..."
ဒေါ်သက်မာကိုကြည့်ပြောလိုက် ဦးကျော်အောင်ကိုကြည့်ပြောလိုက်နှင့် အသနားခံနေသည့်သဖွယ်။
နောက်ဆုံးတော့လည်း အရင်လိုအတူတူပြန်နေကြဖို့ ဦးကျော်အောင်တို့သဘောတူလိုက်ပြသည်။ ခါးကလည်းဝမ်းသာလုံးစို့နေရှာသည်။ ဦးကျော်အောင်နှင့်ဒေါ်သက်မာ၏ ရင်ထဲမှာလည်း တစ်ချိန်ကသူတို့ရဲ့အမှားတွေအတွက် ခါးအပေါ်မှာအတတ်နိုင်ဆုံးချစ်ပေးဖို့ အသင့်အနေအထားဖြစ်လျှက်ပင်။ ဒါကိုသာ ခါးသိရင် ဘယ်လောက်တောင်ပျော်နေရှာလိမ့်မလဲ။
ချစ်ခြင်းမေတ္တာတွေရောင်ပြန်ဟပ်တဲ့အချိန်ဟာ ခါးအတွက် မျှော်လင့်ဆုတောင်းခဲ့ရသော နေ့ရက်လေးတွေပင်....။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now