Part3

2.3K 94 0
                                    

"ဒီမှာကိုကျော်အောင် ရှင်ဘာမှမပြောတော့ဘူးလား...."
အရင်းမရှိအဖျားမရှိသည့်စကားဖြင့် ရန်လာတွေ့နေသော မိန်းမဖြစ်သူအား ဦးကျော်အောင်သတင်းစာဘေးချရင်းကြည့်မိသည်။
"ငါကဘာကိုပြောရမှာလည်း မင်းစကားကလည်းအရင်းမရှိအဖျားမရှိနဲ့..."
ဒေါ်သက်မာတစ်ယောက် ယောကျာ်းဖြစ်သူ၏ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။
"မုန်းခါးကိုပေါ့....."
"မုန်းခါး...ဟုတ်လား သမီးကဘာဖြစ်နေလို့လဲ...."
"ဟွန့် ရှင်ကတော့နော် အခုချိန်ထိ သမီးကဘာဖြစ်နေလို့လဲရှိသေးတယ် သူ့ပုံစံသူ့အချိုးကတစ်စက်မှထောင့်မကျိုးတာ ရှင်မမြင်ဘူးလား ဆေးလိပ်သောက်တာ လမ်းပေါ်မှာကလေရိုက်တာ တစ်နေ့တစ်နေ့၏အိမ်မကပ်တာ အိမ်အတွက်ဘာမှအထောက်အကူမဖြစ်တာ အို ပြောရရင်စုံနေတာပဲ ဒါတွေကိုရှင်လက်ပိုက်ကြည့်နေတော့မှာလား ဒီကလေးမကြောင့် ကျွန်မတို့သိက္ခာကျတယ်ရှင့်......"
မဲ့ကာရွဲ့ကာဖြင့် သမီးဖြစ်သူအကြောင်းကို အားပါးတရပစ်ပစ်နှစ်နှစ်ပြောနေသည့် ဒေါ်သက်မာအား ဦးကျော်အောင်က သက်ပျင်းချပြီးနားထောင်နေမိသည်။
"တော်စမ်းပါကွာ ဘေးလူကြားရင် မင်းကိုမိထွေးလို့ထင်နေပါဦးမယ်...."
"အိုရှင် ကျွန်မတော့ သူ့ကိုတစ်နေ့တခြားကြည့်မရလာတာပဲသိတယ် ဘယ်သူဘာထင်ထင်..."
ဇွတ်တရွတ်ဆန်သည့်မိန်းမဖြစ်သူအား ဦးကျော်အောင် စိတ်ပျက်စွာကြည့်မိသည်။
"မုန်းခါးက ဆိုးသွမ်းတာထက် တမင်ဆိုးသွမ်းချင်ယောင်ဆောင်ပြီး ငါတို့မိဘနှစ်ပါးကို အရွဲံတိုက်နေတာလို့ထင်တယ်..."
"အရွဲ့တိုက်တာ ဟုတ်လား အဲ့ဒါပိုဆိုးသွားပြီ သူကဘာမို့လို့ကျွန်မတို့ကိုအရွဲ့တိုက်တာလဲ သူ့လုပ်စာဘာစားရလို့အရွဲ့တိုက်တာလဲ..."
သူပြောလိုက်မှပိုဆိုးနေသည့် မိန်းမဖြစ်သူကို စကားတောင်ဆက်မပြောချင်အောင် ဖြစ်လာသည်။
"ပြောမှပိုဆိုးနေတယ်ကွာ မင်းကရော သူ့ကိုနားဝင်အောင် ချိုချိုသာသာနဲ့ဘယ်နှစ်ခါပြောဖူးလဲ ဘယ်နှစ်ခါများဆုံးမဖူးလဲ ဟမ်.."
"ကျွန်မကအရင်ကတည်းက ဒီပုံစံပဲ ကျွန်မကိုမပြောပါနဲ့ ရှင်ကရော ဘယ်နှစ်ခါဆုံးမဖူးလို့လဲ..."
"အေးလေ ငါကမဆုံးမသလို ဘာမှလည်းမပြောဘူးလေ မင်းလည်း ဆုံးမချင်ဆုံးမ မဆုံးမချင်နေ သူလည်းနေချင်သလိုနေတာပဲ..အဓိကကငါတို့အရိပ်အောက်မှာရှိနေဖို့ပဲ...."
"ကျွန်မမပြောချင်လို့ ဖအေဖြစ်တဲ့ရှင့်ကိုပြောခိုင်းနေတာပေါ့ ဆုံးမခိုင်းနေတာပေါ့..."
"မင်းတောင်မှ မပြောချင်တာ ငါလည်းအတူတူပဲ မပြောချင်ဘူး ထားလိုက်စမ်းပါကွာ... "
သူမပြောချင်လို့ ယောကျာ်းဖြစ်သူကိုပြောခိုင်းမှပဲ သူကကိုယ့်ထက်ပြောချင်ဆိုချင်စိတ်ပျောက်နေသည်။
✴✴✴✴✴✴✴✴✴✴✴✴
"မုန်းခါး နင်ဒီနေ့အပြင်လျှောက်မလည်ဘူးလား..."
ဂစ်တာကြီးရင်ခွင်ထဲပိုက်ရင်း ငိုင်နေသော ခါး၏ဘေးတွင် ရန်နိုင်ဝင်ထိုင်လေ၏။ ရန်နိုင်ဆိုတာ ခါးနှင့်ငယ်မွေးခြံပေါက် ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်သည်။ ခါးမှာ ရန်နိုင်ကလွဲ၍သူငယ်ချင်းမရှိပေ။ ရန်နိုင်ကတော့ ခါးထက်အပေါင်းအသင်းများသည်။
"ဟဲ့ ငါမေးတာလည်းဖြေဦးလေဟာ..."
"မသွားလို့နင်မြင်နေရတာပေါ့..."
"ဒါလေးဖြေမှာကို ဒါနဲ့နင်အမေလည်း မမြင်ပါလား..."
ရန်နိုင် ခါးအိမ်လာတဲ့အချိန်အများစုက အမေခါးကိုဆူငေါက်နေသည့်အချိန်တွေ ဖြစ်သလို ရန်နိုင်ကခါးကိုအပြင်ကိုခေါ်ထုတ်သွာရစမြဲဖြစ်သည်။
"မရှိဘူး အပြင်သွားတယ် "
"ဟုတ်လား အတော်ပဲ အာ့ဆိုငါတို့အပြင်သွားရအောင်..."
ခါးက ရန်နိုင့်ကိုမျက်မှောင်ကျုံ့ပြီးကြည့်လေသည်။
"နင်ဒီနေ့ထူးဆန်းနေသလိုပဲ "
အပြင်လျှောက်လည်ဖို့ ပုံမှန်ထက်တက်ကြွနေသော ရန်နိုင့်ကို ခါးက မင်္သကာသလိုလေးကြည့်လိုက်သည်။
ခါးအကြည့်ကို ရန်နိုင်ကြာကြာတောင့်မခံနိုင်ပေ။
"နင် နင်ကလည်းဟာ အရင်လည်းအပြင်လျှောက်လည်ဖို့ ခေါ်နေကျကို..."
"ဒါမယ့် နင်ကဒီနေ့တအားတွေတက်ကြွနေတာလေ ဘာကိစ္စရှိလို့လဲ..."
"ဟူးး ဘယ်လိုမှကိုလှည့်လို့မရပါလား မုန်းခါးရယ် ကဲဟုတ်ပါပြီ နင့်ကိုအသစ်စက်စက် သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆတ်ပေးမလို..."
"ယောကျာ်းလေးလား ရှုပ်ရှုပ်ယှက်ယှက်တွေဟာ ငါဘယ်သူနဲ့မှမခင်ချင်ဘူး...."
"ယောကျာ်းလေးမဟုတ်ပါဘူးဟ မိန်းကလေးပါ ပြီးတော့ နင်တို့နဲ့တစ်လမ်းထဲ သူ့အိမ်ကလဲ ဒီနားဝန်းကျင်လို့တော့ပြောတယ်ဟ ငါပြီးမှဖုန်းဆက်မေးကြည့်ရဦးမယ်..."
"ဘာနေနေဟာ နင်နဲ့တောင်မှ ငယ်သူငယ်ချင်းတွေဖြစ်နေလို့ ငါ့စကားပြောပေါက်တွေလဲ နင်မြင်တဲ့အတိုင်းပဲ ဘယ်သူမှလည်းငါနဲ့အပေါင်းအသင်းလုပ်ချင်မှာမဟုတ်ဘူး ငါလည်းဘယ်သူ့မှခယပြီး အပေါင်းအသင်းမလုပ်ချင်ဘူး အဲ့တော့ နင့်ဘော်ဒါသစ်ကိုနင်ပဲသွားတွေ့လိုက်တော့..."
"နင်ကလည်း သူကခင်ဖို့ကောင်းပါတယ်ဟ နင်တွေ့ရင်တစ်ခါတည်းခင်ချင်သွားမှာ ပြီးတော့အပြင်လျှောက်လည်မှာဆိုတော့ ငါနဲ့နှစ်ယောက်တည်းဆို သူရှိန်နေမဆိုးလို့ပါ..."
"ဘာလဲ အဲ့ကောင်မလေးကို နင်ကြွေနေလို့လား.."
ရန်နိုင့်ကို လက်ညှိုးလေးထိုးကာ ပြုံးစစမေးနေသည့် ခါးကြောင့် ရန်နိုင်ပြုံးသွားသည်။
"ဟီး ကြွေတယ်ပဲထားပါတော့..."
"ဟွန် နင့်အဖြေကလည်းဘာလားဟ ကြိုက်ရင်ကြိုက်တယ်ပေါ့ ထားလိုက်ပါတော့ဆိုတာက..."
"တော်ပါတော့ ဒေါ်မုန်းခါးရယ် ခင်ဗျားစစ်ဆေးနေတာနဲ့ အပြင်တောင်မှ လျှောက်မလည်လိုက်ရဘူးဖြစ်သွားမယ်..."
"အာ့ဆိုလည်း နင့်ဘာသာသွားပါ့လား ရန်နိုင်ရာ နင်ကတော့အာရုံပဲ..."
သူမကိုအသည်းအသန်အဖော်ညှိနေသော ရန်နိုင်အားစိတ်ပျက်သလိုလေးကြည့်လိုက်သည်။
"နင်ကလည်း ဒီတစ်ခါလေးငါကအပြင်လိုက်ခဲ့ဖို့ အကူအညီတောင်းတာလေးကို အရင်ဆို နင့်ကိုလာခေါ်ထုတ်ခိုင်းတိုင်း ငါငြင်းဖူးလို့လား ငါမအားလည်းလိုက်တာပဲကို ခုကအဲ့ကောင်မလေးနဲ့နှစ်ယောက်တည်းမို့ရယ် နောက်ပြီး နင့်ကိုလည်း သူနဲ့ခင်စေချင်လို့ပါ..."
ခခယယပြောနေသော ရန်နိုင်ကြောင့်ပဲ သူနဲ့လိုက်သွားဖို့ ခါး သဘောတူလိုက်ရတော့သည်။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
"အစ်ကိုကလည်းကြာလိုက်တာ..."
ရန်နိုင်နှင့်ကွယ်နေသည့် သူ့မိတ်ဆွေကောင်မလေး၏ ချိုမြမြနှုတ်ဆတ်သံလေးကြောင့် ခါး ခန္ဓာကိုယ်လေးမတ်သွားမိသည်။ သူမကြားခဲ့ဖူးသည့် အသံချိုချိုပိုင်ရှင်မိန်းကလေးကို သတိရသွားသည်။
"ဟယ် မမ...!!"
အံသြဝမ်းသာသံလေးဖြင့် ထပ်မံပြောတော့ သေချာသွားပြီ။
ခါး ရန်နိုင့်ဘေးမှာထွက်ရပ်လိုက်သည်။
ကူး အရမ်းဝမ်းသာသွားရသည်။ မမက အစ်ကိုရန်နိုင်ရဲ့ငယ်သူငယ်ချင်းတဲ့လား။ ဒါဆို ကူးနဲ့မိတ်ဆွေတွေဖြစ်ရတော့မှာပေါ့။
"နင်တို့ကသိနေကြတာလား..."
"ဟုတ်တယ်..."
"မသိပါဘူး..."
တစ်ယောက်တစ်လေသံထွက်နေသည့် ကူးနှင့်ခါးကို ရန်နိုင်ကတစ်လှည့်စီကြည့်လေသည်။ ကူးကသာသိနေခဲ့တာလား မမရယ်။
နာမည်တောင်မှအပြည့်အစုံမသိတာကို ဒီကောင်မလေးနဲ့သူမက သိနေစရာလား။
"ကူးနာမည် စန္ဒကူးပါ မမ..."
ကူးကအရင်မိတ်ဆတ်လိုက်တော့ ခါးက သူမမျက်နှာလေးကို အကြည့်စူးစူးလေးဖြင့် ကြည့်သည်။
မမရဲ့အကြည့်တွေက စူးရှလွန်းသည့်အပြင် ကူးကိုရင်ခုန်စေသည်။
"ခါး ဘာရပ်ကြည့်နေတာလဲဟ နင်လည်းပြန်မိတ်ဆတ်လိုက်ဦးလေ..."
သူ့ကိုအလည်မှာထားပြီး တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်နေကြသည့် သူ့ရှေ့မှကလေးမနှစ်ယောက်ကို အမြင်ကတ်လာသူက ရန်နိုင်ဖြစ်သည်။
"မုန်းခါး...."
"ဟမ်..!!"
"ဘာဖြစ်လို့လဲ..."
မမရဲ့တိုတိုပြက်ပြက်အမေးက ကူးကို ခေါင်းခါခြင်းသို့ဖြစ်စေ၏။
"ဘာမှ မဟုတ်ပါဘူး ဒါဆို မမနဲ့ကူး သူငယ်ချင်းတွေဖြစ်သွားပြီပေါ့နော်...."
ကူးရဲ့ဝမ်းသာအားရအပြောကို မမကမျက်နှာလွှဲပြီး
"မင်းနဲ့ငါ သူငယ်ချင်းမဖြစ်ချင်ဘူး...."အေးစက်စွာတုံ့ပြန်လေသည်။
"ဟင်..!"
"ရန်နိုင် ဒီတစ်ခါအတွက်sorryဟာ ငါပြန်တော့မယ်..."
ပြောပြီးတာနှင့်လှည့်ပြန်သွားသည့် မုန်းခါးကို ရန်နိုင်တားချိန်မရလိုက်သလို နားမလည်နိုင်ဖြစ်နေသည်။ စန္ဒကူးကို ကြည့်လိုက်တော့လည်း ပြိုတော့မဲ့မိုးလို မျက်နှာတစ်ခုလုံး ဝမ်းနည်းရိပ်တွေနှင့်ဖြစ်သည်။
သူတို့နှစ်ယောက်ကဘာတွေလဲဟ...???

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now