Part15

1.7K 63 0
                                    

ဒေါ်သက်မာတစ်ယောက်ကတော့ ခါးချပေးခဲ့သည့် ပတ္တာမြားအား အူယားဖားယားဖြင့် ယူကြည့်လေသည်။ လောဘအခိုးလျှံနေသည့် မျက်ဝန်းတွေဖြင့်။ ဦးကျော်အောင်တစ်ယောက်ကတော့ ရပ်နေရာမှတစ်ဖဝါးမျှမရွှေ့ဘဲ ငြိမ်နေမိသည်။
သူတို့ရဲ့လုပ်ရပ်တွေကိုလည်း ပြန်လည်မြင်ယောင်နေမိသည်။ ဝန်ခံဖို့နောက်ကျခဲ့ပြီလား။ ခါး သူ့ကိုမုန်းတီးသွားပြီလား။ သူ့အစ်ကိုရဲ့ပုံရိပ်ကလည်း ခေါင်းထဲဝင်လာသည်။ လောဘတွေဖုံးလွှမ်းနေခဲ့တာ အချိန်တွေကြာခဲ့ပြီ။
"ကိုကျော်အောင် ကိုကျော်အောင် ဒါ ဒါပစ္စည်းအစစ်ရှင့် အမယ်လေးဝမ်းသာလိုက်တာ လာကြည့်ပါဦးရှင် လာကြည့်ပါဦး..."
ဒေါ်သက်မာရဲ့အသံနဲ့ ဒေါ်သက်မာရဲ့စကားတွေက ဦးကျော်အောင်ရဲ့နားထဲမှာ ခါးသက်နေသည်။
"မင်း သမီးမျက်လုံးတွေကိုကြည့်လိုက်လား မြင်လိုက်လား သူငိုနေတာကွ ငိုနေတာ..."
ဦးကျော်အောင်၏ ဒေါသနှင့်အော်ပြောသည့်အသံက ဒေါ်သက်မာကိုအသိစိတ်ကပ်စေ၏။ သူမ ပစ္စည်းကိုပြန်ချထားလိုက်မိသည်။ နောင်တရနေတာ ကြာပါပြီ။ လွန်ပြီးတဲ့ခြေလှမ်းတွေကို နောက်ပြန်မဆုတ်ချင်တာကြောင့် မျက်စိစုံမှိတ်ပြီး ရှေ့တိုးနေခဲ့ခြင်းပင်။
"ကျွန်မတို့ အကုန်လွန်ခဲ့ပြီလေ သူ ကျွန်မတို့ကို မုန်းသွားလောက်ပြီ...."
ပြင်ဆင်ခွင့်ရှိခဲ့သမျှအချိန်တွေက လွန်ခဲ့ပြီမလား....???

အဖေနဲ့အမေဟာ သူမရဲ့မိဘရင်းတွေမဟုတ်ဘူးတဲ့လား...?
ရင်ထဲမှာပူလောင်မွန်းကြပ်နေမိသည်။ သြားမိသြားရာ လျှောက်သွားနေမိသည်က လမ်းဘေးပလက်ဖောင်းပေါ်တွင် ဖြစ်သည်။
မျက်ရည်တွေလဲ ခမ်းခြောက်နေပြီ။ ငယ်ငယ်ကတည်းက မေတ္တာငတ်ခဲ့သည့်သူမက မိဘမဲ့တစ်ယောက်ပါဖြစ်နေခဲ့တာလား။ အဖေနဲ့အမေအရင်းတွေကို မြင်တောင်မမြင်ဖူးလိုက်သည့်အပြင် မွေးစားမိဘတွေ(ဦးလေးအရင်း)၏ အကြင်နာမဲ့ခြင်းကိုလဲ ခံခဲ့ရသည်။ ဘာလို့လဲ သူမဘဝက်မွ ခုလိုစိုးရွားနေခဲ့တာလား။
ထပ်မံကျဆင်းလာတဲ့မျက်ရည်တွေကို ခါး မသုတ်မိပေ။ လမ်းဘေးမှာ စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်သည်။ တချို့ကလည်း ခါးကို ထူးဆန်းသည့်မျက်လုံးတွေနှင့် လှည့်ကြည့်သည်။ လမ်းမပေါ်မှာသွားနေသည့်ကားတွေက သူမမျက်လုံးထဲမှာ ဝေဝါးနေခဲ့သည်။ ရင်ဘတ်ထဲမှာ တစ်ခုခုကထိုးစိုက်နေသလိုမျိုး စူးနင့်စွာခံစားနေရသည်။
"မမ...."
ခါးရဲ့နောက်မှ ပေါ်လာသည့် အသံချိုချိုအေးအေးလေးကြောင့် လှည့်ကြည့်စရာမလိုပဲ သိလိုက်သည်။ သူမရဲ့ "စန္ဒကူးလေး"ပင်။ သူမဘဝရဲ့ အလင်းရောင်လေး။ ခါးလှည့်ကြည့်လိုက်တော့ မျက်ရည်တွေစိုရွှဲနေသည့် သူမလေးကြောင့် ခါး စိုးရိမ်သြားကာ မတ်တပ်ရပ်လိုက်သည်။
"ကူး ဘာဖြစ်လာတာလဲ ကူးကို ဘယ်သူကနှောင့်ယှက်လို့လဲ ဟင် ဘာဖြစ်တာလဲ..."
ကူးရဲ့ ပါးလေးနှစ်ဖက်ကိုလက်လေးဖြင့်အုပ်ကိုင်ရင်း စိုးရိမ်တကြီးမေးနေသည့် မမ။
အစ်ကိုရန်နိုင်ပြောပြလို့ မမရဲ့ပြဿနာကို ကူး ကုန်သိလိုက်ရသည်။ သိသိခြင်း  အစ်ကိုရန်နိုင့်ကိုအကူအညီတောင်းပြီး မမကိုရှာရန်ထွက်လာခဲ့သည်။ လမ်းဘေးပလက်ဖောင်းတွင်ထိုင်နေသည့် မမကိုတွေ့တော့ ကူး ဝမ်းသာသွားရသည်။
"ကူး ဘာလို့ငိုနေတာလဲ..:."
မျက်ရည်တွေမခြောက်သေးသည့်မမက ကူးကိုမျက်ရည်သုတ်ပေးနေ၏။ မမရဲ့အဖြစ်ကိုကြားရပြီး ရင်နင့်ကြေကွဲနေသည့်ကူး။
"ကူး တို့အိမ်ပြန်ရအောင်နော်..."
ကူးရဲ့ပါးပေါ်က မမရဲ့လက်ကလေးကို ထပ်ကိုင်ရင်းပြောလိုက်သည့်ကူး။
"မမ အိမ်မပြန်ချင်ဘူး... "
မမရဲ့အက်ရှရှအသံက ရင်ထဲမှာဘယ်လောက်ထိခံစားနေရကြောင်း သိသာစေသည်။
"မမရဲ့ အိမ်ကိုမဟုတ်ပါဘူး ကူးရဲ့အိမ်ကိုပါ...."
ထိုသို့ပြောလိုက်တော့ ငိုထားလို့ရဲနေသည့် မျက်ဝန်းလေးဖြင့် ကူးကိုကြည့်သည့်မမ။ မလှမ်းမကမ်းတွင် ကားရပ်ပြီး ကားထဲမှထိုင်စောင့်ရင်းကြည့်နေသော ရန်နိုင်ကတော့ သူ့မျက်စိရှေ့မှ သာမာန်မဟုတ်သည့်မြင်ကွင်းကို အံ့အားသင့်နေ၏။ ကူးနဲ့ခါးက ဘာတွေလဲ။ သူတို့ကဘာလို့အဲ့လောက်နီးကပ်နေကြတာလဲ။ ရန်နိုင်တစ်ယောက်တည်း သိချင်စိတ်ဖြင့်အတွေးများနေ၏။ ကူကခါးလက်ကိုဆွဲပြီး ကားဆီလာနေတာကြောင့် စပ်စုချင်သမျှကိုမြိုသိပ်ထားလိုက်ရသည်။ ခါး ရဲ့မိသားစုပြဿနာတွေက ရှိသေးတော့ ခုချိန်မှာ သူစပ်စုလို့မကောင်းသေးပါဘူး။
ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်ကြသည့် ကူးနှင့်ခါး။ ခါးရဲ့လက်ကို ကူးကတယုတယကိုင်ထားသည်။ နီးကပ်နေကြတာလဲ ထပ်ပြီးမထိုင်ရုံတမယ်။
ကားမောင်းနေရင်းမှ ရန်နိုင်တစ်ယောက် သိချင်စိတ်တို့ကြောင့် မရိုးမရွဖြစ်နေသည်။

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now