Part 1 Z

2.9K 40 0
                                    

Canada Country

သဘာဝရှုခင်း တောင်တန်းများနှင့် ရေတံခွန်တို့ဟာလည်းသွင်သွင် စီးဆင်းနေလျှက်။ တောင်တန်းဘေးပတ်လည်လည်တွင် သစ်ပင်တွေဟာလည်း အုံ့ဆိုင်းလျှက်နှင့်ပင်။ တစ်ချိ့တောင်တန်းတွေဆို တိမ်‌တွေနှင့် အပြိုင်တန်းနေလျှက်တောင်ရွှိကပေသည် ။ ရေတံခွန်ဆီမှ တဟောဟောစီးဆင်း‌နေသည့်ရေကျသံတို့ဟာလည်း ဆူညံမနေပင် သဘာဝတရားကို ပိုဖော်လွင်စေသည့် အသံအွဖစ် နားဝင်ချိုနေလှသည်။‌လှပနေသောရှုခင်းပြင်ွကီးကွိုကည့်လျှက် ချွေးသံတရဲရွဲဖင့်အပြေးစက်ပေါ် ပြေးလွှားနေသူလည်းရှိ‌
နေသည် ။

အနက်ရောင်ဆံနွယ်စ‌လေးတွေဟာလည်း နဖူးပြင်ပေါ်ဟိုတစ်စ ဒီတစ်စ ။ မျက်ခုံးတန်းနှစ်ခုကို ထိကပ်မတတ် ကျုံ့ထားလျှက် နှုတ်ခမ်းပါးမှလည်း တစ်စုံတစ်ရာကိုရေရွတ်နေပြန်သည် ။ အသက်ရှူသံပြင်းပြင်းနှင့် မောပန်းနေသည့်အလျှောက် ရှိရှင်းစွဲ မျက်ဝန်းနီတို့ဟာ ခုချိန်မှပိုပြီးနီရဲနေကာ သားရဲတစ်ကောင်ပမာ ။ လည်ပင်းမှာ ဝတ်ဆင်ထားသည့် ပလက်တီနမ်ဆွဲကိုးဟာလည်းချွေးတို့နှင့်ထိတွေ့ပြီးနောက် တစ်လက်လက်ပို၍တောက်ပနေ‌သည်။

အားကစားဘောင်းဘီ အနက်အရှည်ကိုဝတ်ဆင်ထားကာ အပေါ်ပိုင်းကတော့ ဗလွာဖင့်သာ ။အားကစားလိုက်စားသည့်အမျိုးသားတစ်ယောက်ပီပီမိန်းကလေးများ idea typeွဖစ်တဲ့ လက်မောင်ွးကွက်သား၊ဗိုက်ွကွက်သားတိွု့ဖင့်နေရာယူထားကာခန်ဓာကိုယ်ဟာလည်းကျစ်လစ်သန်မာစွာ တည်ရှိနေပြန်သည် ။

ကျောကုန်းပြင်၌ မြွေတစ်ကောင်ဟာ ခါးစပ်မှစ ကျောရိုးတစ်လျှောက်လုံးကို ရစ်ပတ်ထားသည့် ပုံရှိနေပေသည်။‌‌လည်ပင်း၌လည်း မြွေတစ်ကောင်နှင့်အတူ ပန်းပွင့်တစ်ပွင့်ကိုလည်းထိုးထားပြန်လေသည် ။ သေချာသည်မှာတော့ ထိုမြွေသည်လည်း မျက်ဝန်းတို့ဟာနီနေမှာမလွဲဧကန်ပင်။ချန်ဒလာက တတ်တူးကိုပဲခုံမင်နေတတ်သည်လား။ရှေ့ဘက်တွင်တော့ ဘေးဘက်ရင်ညွှန့်နားမှစ ဆီးစပ်ထိတစ်လျှောက်လုံး မိုွးကိုး ပစ်ချနေသည့် Tattoo ပုံစံကား နေရာယူထားပြန်သည်။ အသားဖွေးလှသည့်အထဲတွင်ပါဝင်သည့်အတွက်ွေကာင့်ွဖူဖွေးနေသောအသားအရည်ပေါ်၌ အမဲရောင် Tattoo တို့ဟာ ပို၍ပင်ထင်းလင်းနေပေတော့သည် ။

CHANDLER { Ongoing }Where stories live. Discover now