Part 8 U

4.4K 239 4
                                    

ယိမ်းယိုင် Company ရှေ့ရောက်သည့်အခါ အချိန်ဟာ ထင်ထားသည်ထက် ပို၍ပင်နောက်ကျနေပြီဖြစ်သည်။ တက္ကစီပါငှားမရသည့်အပြင်သူ့မှာ မှတ်တိုင်နားထိ လမ်းတစ်ဆင့်ထပ်လျှောက်ကာနောက်ကျနေသည့်အတွက်ကြုံရာလိုင်းကားသာတိုးစီးခဲ့ရသည် ။ လူဟာ တကယ့်ကို မောပန်းနေကာ အသက်ရှူသံတွေဟာလည်း ပြင်းပြင်းထန်ထန် ။ ဝတ်ထားသည့် အနက်အမဲရောင် ဝမ်းဆတ်လေးဟာလည်း ချွေးများဖြင့် အနည်းငယ်မျှ စိုနေသည် ။

ယိမ်းယိုင် Company ရှေ့ရောက်သည့်အခါ အချိန်ဟာ ထင်ထားသည်ထက် ပို၍ပင်နောက်ကျနေပြီဖြစ်သည်။ တက္ကစီပါငှားမရသည့်အပြင်သူ့မှာ မှတ်တိုင်နားထိ လမ်းတစ်ဆင့်ထပ်လျှောက်ကာနောက်ကျနေသည့်အတွက်ကြုံရာလိုင်းကားသာတိုးစီးခဲ့ရသည် ။ လူဟာ တကယ့်ကို မောပန်းနေကာ အသက်ရှူသံတွေဟာလ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"" ယိမ်းယိုင် မြန်မြန်လာကွာ !! ""

COMPANY အပေါက်ရှေ့တည့်တည့်မှ သူ့ကိုလက်ယက်ခေါ်နေသည့် အဖွဲ့မှူးကိုမင်းထိုက်ကို တွေ့လိုက်ရသည် ။ သူ့မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေ အပြည့်ပင်။ အဖွဲ့မှူးမင်းထိုက်က သူ့အပေါ်တကယ်ကောင်းသော လူပင် ။ ကနေဒါမြင်းစီးပြိုင်ပွဲရှိတုန်းကလည်းသူပဲ ခွင့်ရက်ရှည်ရအောင် ပြောပေးခဲ့တာ ဖြစ်သည် ။ ခုပြသနာတတ်တော့လည်း သူ့ကို တစ်ယောက်ထဲထားခဲ့ကာ ခေါင်းမရှောင်သွား အဆုံးစွန်ထိ ရပ်တည်ပေးနေတုန်းပင်။အဖွဲ့မှူးမင်းထိုက်က သူ့အပေါ်ညီငယ်တစ်ယောက်သဖွယ် ကြည့်ရှုဆောင်မပေးခဲ့တာပင် ။

"" နောက်ကျသွားတယ် !! ""

"" မင်းက တော်တော်ကြီးကိုနောက်ကျတာ ။
လူစုံရောက်နေပြီကွ ။ မင်းနဲ့ CEO ပဲကျန်တာ !! ""

"" ကျွန်တော်ပဲ ကျန်တယ်ထင်နေတာ !! ""

ကိုမင်းထိုက်နှင့် ယိမ်းယိုင်တို့ company အတွင်းဝင်လိုက်သည်နှင့် မနှစ်သက်သည့်အကြည့်တို့ဟာ သူ့အပေါ် ဒိုင်းခနဲ ။ အကြည့်တွေနဲ့အတူ စကားသံ အနည်းငယ်ကိုလည်း ကြားနေရသည် ။

' သူပေါ့ သူများဒီဇိုင်း အရှက်မရှိခိုးတာ '

' ရုပ်လေးနဲ့မှ မလိုက်ဟယ် သူတို့အဖွဲ့မှူးကလည်း
အဲ့ကောင်လေးကို အရမ်းကာပေးတာတဲ့ အိပ်ယာ
ပေါ်က ဆက်ဆံရေးတွေ ရှိနေတာနေမှာပေါ့ '

CHANDLER { Ongoing }Where stories live. Discover now