Part 4 U

5K 262 3
                                    

"" စောဝန်း  ! ""

"" ဗျာ အဖေ ""

ဧည့်ခန်းထဲ အလုပ်လုပ်ကာထိုင်နေရင်း အဖေဖြစ်သူ၏ ခေါ်သံကြောင့် စောဝန်း ပြန်ထူးလိုက်၏ ။

ရှပ်အင်္ကျီ အဖြူကို အောက်က ဂျင်းဘောင်းဘီ အတိုဖြင့်လွတ်လွတ်လပ်လပ်ဝတ်ဆင်ထားကာ မျက်မှန်အောက်က မျက်ဝန်းအညို‌ ရောင်လေးတွေဟာလည်းအမေ့ဖြစ်သူဆီမှ အမွေရထားသည်ပင် ။ မျက်နှာဟာလည်း အေးချမ်းလှကာ မြင်သူအဖို့ တစ်ချက်ကြည့်ရုံဖြင့် အကြည့်မလွှဲချင်စရာ ကောင်းလှပေသည် ။ 

"" ချန်ဒလာ ဆီ သွားမတွေ့ဘူးလား ""

ဦးသောက အောက်ထပ်သို လှေကားမှ ဆင်းလာ‌ နေရင်းနှင့်ပင် ဧည့်ခန့်ထဲမှာထိုင်‌ နေသောသားဖြစ်သူကိုကြည့်ကာ ပြောလိုက်၏ ။

ချန်ဒလာဆိုသည့်နာမည်ကြားသည်နှင့် ကွန်ပျူတာပေါ်ပြေးလွှားနေသည့်လက်တို့ကား ခနမျှရပ်တန့်သွားသည်။ ထို့နောက် ပုံမှန် အသံလေအေးအေးလေးဖြင့်ပဲ

"" ပြန်ရောက်‌နေတာတောင် ကျွန်တော်မသိဘူး ""

ရှစ်နှစ်တောင်ရှိခဲ့ပြီပင် ။ မပြောမဆိုပဲထွက်သွားသော ချစ်ရသူဟာ နောက်ဆုံးတော့ပြန်လာခဲ့ပြီ ။

"" သူရောက်နေတာ ဘယ်လောက်ကြာပြီလည်းအဖေ  ။ ""

"" မကြာသေးဘူး !! ရော့ ""

ဘုန်း !

စားပွဲပေါ်ပြစ်တင်လာသည့် အမည်းရောင်ဖိုင်တွဲတစ်ခု ။

"" ချန်ဒလာတို့ Company နဲ့ လက်တွဲလုပ်ထားတဲ့
Medicinal creations project ။ မင်းလက်ထဲအပ်ခဲ့မယ် ငါဘာလိုဆိုလိုမှန်းမင်းသိမှာပါ ""

အဖေဖြစ်သူ ဦးသောကကို တစ်ချက်ကြည့်ကာရှေ့ရှိ ဖိုင်တွဲကို တစ်ရွက်ချင်းလှန်ကြည့်နေမိသည် ။

medical တိုင်း၌ ဘေးထွက်ဆိုးကျိုး 25% က ပါဝင်နေသည်ပင် ။ လွယ်လွယ်ကူကူရှာမရနိုင် အနံ့မရှိ အရသာမရှိ အရောင်အဆင်းမရှိသည့် ဆေးတစ်မျိုး ။ တစ်ခွက် သောက်လိုက်ရင်ကို အ‌သွေးအသား‌ တွေကို စုတ်ပြတ်သတ်သွားသည်အထိ လုပ်နိုင်သည့် အက်ဆစ်အရည်တစ်မျိုး ။နည်းနည်းချင်းစီ ရေရှည် ဆွဲသုံးလျှင်အသက်အန္တရယ်ကို အများကြီး ထိခိုက်စေနိုင်ပေသည် ။

CHANDLER { Ongoing }Where stories live. Discover now