Part 7 U

4.3K 203 2
                                    

ဖေဖော်ဝါရီလဆိုသည့်အတိုင်း ရန်ကုန်မြို့ကြီး‌၌
အအေးဓါတ်ကြီးကတော့ ရရှိနေတုန်းပင် ။
မနက် ၅ နာရီခန့်လည်း ဖြစ်သည့်အတွက် ယိမ်းယိုင်
စောင်ပုံထဲသို့သာ တစ်ရစ်ရစ် တိုးဝင်နေတော့၏ ။
နောက်ကျောဘက်မှရနေသည့် အနွေးဓါတ်လေးကိုပိုရလိုရငြား နောက်ကျောသို့သာ တစ်ဖြေးဖြေးဆုတ်ကာ ထိုအနွေးဓါတ်ရသည့်ဘက်သို့ ခန္ဓာကိုယ်ကို လှည့်လိုက်တော့သည်။ မျက်ဝန်းတို့ဟာ ပွင့်မလာ ဖွင့်မရသည်ဆို ပိုမှန်သည် ။ ခန္ဓာကိုယ်ဟာ
အနွေးဓါတ်အပြည့်အဝရရှိသည်နှင့် တစ်ဖန် သူ့ရဲ့စိတ်အစဉ်တို့ဟာလည်း အိပ်စက်ခြင်းဆီသို့ ...

တီ ! တီ ! တီ !

နာရီထံမှ တစ်တီတီ မြည်သံ ဟာလည်း အချိန်မှန် ။
ချန်ဒလာ‌ဘေးရှိ စားပွဲပေါ်မှတင်ထားသည့် နာရီကို လှမ်းပိတ်လိုက်ကာ လေ့ကျင့်ခန်းလုပ်ရန် ခန္ဓာကိုယ်ကို အနည်းငယ်မျှကြွလိုက်သည်နှင့် ခါးတစ်ဝိုက်၌ ရစ်ပတ်နှောင်တွယ်ထားသည့် လက်သွယ်သွယ်လေး တစ်ဖက်။ ထိုလက်ကလေး၏ လက်သူကြွယ်၌လည်း စိန်တစ်ပွင့်ထဲပါကာ ဘေးမှကနုတ်‌ပုံတွေဖြင့်ဝန်းရံထားသည့် လက်စွပ်လေးဟာလည်း ခန့်ခန့်ညားညား တည်ရှိလေသည်။

ကျစ် !!

"" စိတ်ရှုပ်စရာကွာ ""

ချန်ဒလာ သူ့ခါးပေါ်တည်ရှိနေသည့် လက်ကို အားပါပါ ဆွဲကိုင်ချကာ ဘေးသို့ပို့ချလိုက်၏ ။ သို့သော် အိပ်နေသည့်ကောင်လေးကတော့ တစ်ချက်တောင်နိုးမလာ အင်းအဲ လုပ်ကာ စောင်ပုံထဲသို့ပြန်နစ်မြုပ်သွားသည် ။ မျက်နှာကိုပင် ဖော်ထားကာ အပူအပင်ကင်းကင်း အိပ်စက်နေ၏ ။ ဆံပင်ကောက်ကောက်က‌လေးတွေဟာလည်းနဖူးပေါ်သို့အနည်းငယ်မျှ ဝဲကျနေကာ မျက်လုံးလေးတွေဟာလည်း မို့မောက်နေသေးသည်။အေးတဲ့ရာသီဥတု ဒဏ်ကြောင့် ပါးလေးတွေဟာလည်း ‌သွေးကြောစိမ်းလေးတွေ မြင်ရကာ ဆေးမကူပါပဲ ခပ်ရဲရဲ ဖြစ်လို့နေလေသည် ။

ချန်ဒလာ ထိုခေါက်ဆွဲခြောက်ဆီမှ မြန်မြန်အကြည့်လွှဲလိုက်ကာ မှန်တွေ ကာရံထားသည့် အပြင်ဘက်သို့သာ လှမ်းကြည့်နေလိုက်သည် ။ သူတို့ အိပ်ခန်းဟာ ဒုတိယထပ်မှာရှိသည့်အပြင် အနည်းငယ်မျှ မြင့်သည့်အတွက် မြူခိုး‌တွေကိုပင်ရှင်းရှင်းလင်းလင်း မြင်နေရသည် ။ ထို့နောက် ထိုင်နေရာမှထကာ
တန်းမှာချိတ်ထားသည့် အားကစားအင်္ကျီကုတ်ကိုယူကာ အပေါ်မှထပ်ဝတ်လျှက် အခန်းထဲမှ ထွက်လာလိုက်တော့သည် ။

CHANDLER { Ongoing }Where stories live. Discover now