Part 2 U

5.8K 290 7
                                    

ခြံဝန်းတစ်ခုအတွင်း၌ ...

"" ဂျော့ ။ မင်းသိလား မနက်ဖြန်အတွက်
ငါအရမ်းကြောက်နေမိတာငါ့ဘက်မှာဘယ်သူမှ ရှိမနေပြန်ဘူး ။ ငါ့အဖေကအစပဲ။ဒီတစ်ခါငါမနိုင်ခဲ့ရင် ငါရဲ့ ဒီဝါသနာကို အပြီးအတိုင်စွန့်လွှတ်ရ‌တော့မယ် ။ ငါက‌လေဝါသနာပါရာ လျှောက်လှမ်းချင်ခဲ့ရုံပဲ ။ ""

ရှေ့ရှိ မြင်းကတော့ ယိမ်းယိုင်ရဲ့ စကားတို့ကို နားမလည်သည့်အလား တုပ်တုပ်မျှပင်မလှုပ် အရင်ကလို ကန်ကျောက်ခြင်းလည်း မရှိလျှက် ပကတိအတိုင်းငြိမ်သက်လျှက် ...

ယိမ်းယိုင်လည်း ဂျော့ရဲ့ ခေါင်းနှင့် သူရဲ့ နဖူးကို အချိန်တစ်ခုကြာသည့်အထိ ထိကပ်ထားလိုက်၏။
အရင်ကအတိုင်းဆို ဂျော့က သူ့ကို ကန်လိုက်သည်မှာ အမှန်ပင် ။ တစ်ခြားသူတွေ အတွက်မသိပေမယ့်
သူမြင်းကို နဖူးချင်းထိကပ်လိုက်ခြင်းသည်အပြန်အလှန်လေးစားကာ တန်ဖိုးထားသည်ကို ကိုယ်အမူအယာနှင့် ဖော်ပြသည်ဟု သူခံယူထားသည်ပင် ။

နဖူးချင်းထိကပ်ထားကာမှ နှုတ်ခမ်းပါးတို့မှလည်း
ခပ်ဖွဖွလေးရေရွတ်လိုက်မိသည် ...

"" ကိုစိုးသူက ဒီပွဲမှာ နိုင်ရင် မင်းကို လက်ဆောင်ပေးမယ်တဲ့ ""

မြင်းလေးဂျော့ကတော့ ရှိမြဲအတိုင်းရှိဆဲ ..

"" မင်းငါနဲ့ လိုက်ခဲ့ချင်လား ဂျော့ ! ""

ထိုမှသာ မြင်းဟာလည်းနောက်သို့ခြေနှစ်လှမ်းဆုတ်ကာ ခြေနှစ်ချောင်းထောင်ကာ မာန်ဖီပြနေလေသည် ။ သူနှင့်လိုက်ချင်ပါတယ်ဆိုသည့် သဘော ...

"" ဟားဟားး မင်း ငါနဲ့ လိုက်ခဲ့ချင်တယ်ပြောတာပေါ့လေ ဟုတ်လား မင်းကို ငါနဲ့အပါခေါ်သွားမယ်ဂျော့ ""

အပြင်ဘက်ရှိ စိုးသူလွင်လည်း ခေါ်မယ့် အသံတို့ကို ခနရပ်လိုက်လေသည် ။ ဒီကောင်လေးရီသံကိုကြားဖူးသည်မှာ နှစ်ခါသာရှိသည် မနေ့က တစ်ခါ ဒီနေ့တစ်ခါ ဒီကောင်လေး သူလုပ်ချင်တာသာလုပ်ရမယ်ဆို ပျော်နေတဲ့ပုံပင်။

ဒီနေ့ပြိုင်ပွဲပါ သွားမှာဖြစ်သည့်အတွက် ထိုကောင်လေးကိုခေါ်ရတော့မည်ပင် ။ မကြာခင်နေက ခြစ်ခြစ်တောက်ပူလာတော့မည် ။ ‌

CHANDLER { Ongoing }Where stories live. Discover now