Part 15 U

3.4K 180 5
                                    

နှစ်ရက်တိတိရှိပြီ။ ချန်ဒလာဘက်က သူ့ကိုရှောင်နေတာနှစ်ရက်တိတိရှိလေပြီ။ပြောရမယ်ဆို သူစိတ်လွတ်သွားတဲ့ညကတည်းကဆိုရလိမ့်မည်။‌ ခြေထောက်ကအနာကလည်း သိပ်မထိတော့ အနည်းငယ်တော့သက်သာလေပြီ။တစ်အိမ်ထဲနေရင်းတောင်ရှောင်နေတော့ ပိုဆိုးသည်။ အိမ်ပေါ်တတိယထပ်ကနေဆင်းမလာ နေ့ခင်းစာ၊ညစာတောင် သွားပို့တာတောင် စားခြင်းမရှိပါဘူးတဲ့လေ။ သူကိုယ်တိုင်ကလည်းခုရက်ပိုင်းမျက်နှာချင်းမဆိုင်ဖြစ်ဒီတစ်ခါ ကိုင်ရသည့်ပရောဂျက်က ကြေးကြီးသည်။Design တစ်ခုချင်းစီတိုင်းကို အသေးစိတ်အာရုံစိုက်နေရသည်။တစ်ခါတစ်လေ ညဘက်‌အိပ်မပျော်လို့ကော်ဖီကိုတောင်မှီဝဲနေရသေးသည်။ ဒီနေ့တော့ ဒီတစ်ပိုင်းပြီးရင် အိမ်နောက်ဘက်ခြံကဂျော့ဆီသွားဖို့စိတ်ကူးထားသည်။မြန်မာနိုင်ငံပြန်ရောက်ရောက်ချင်း တစ်ခါထဲသွားရသေးကာ ခုချိန်ထိမရောက်ဖြစ်။

အလုပ်စားပွဲပေါ်မှာ Laptop ကိုကြည့်နေရင်းအတွေးတွေများလာသောကြောင့်ခေါင်းတွေပါတစ်ဖြေးဖြေးကိုက်လာရသည်။ မျက်လုံးကိုအသာမှိတ်နထင်ကြောလေးတွေအသာနှိပ်ကာ ခနအနားယူလိုက်သည်။

ဂျောက် !

သူအနားယူနေခိုက်တံခါးဖွင့်သံနှင့်အတူ ချန်ဒလာကဝင်လာခဲ့သည်။ ခုချိန်ထိသူ့ကိုလှည့်မကြည့်လုပ်စရာရှိတာများကို လုပ်နေသည်။ယိမ်းယိုင်ကိုယ်တိုင်ကလည်း ချန်ဒလာရဲ့အပြုအမူတစ်ခုစီတိုင်းကိုခနလိုက်ကြည့်ကာ အကြည့်တို့ကို Laptop ဆီသို့သာပြန်ပို့လိုက်သည်။သူဘက်ကစကားစချင်‌ပေမယ့်ဘယ်ကစပြောရမလည်းတကယ်စဉ်းစားမရဘူးလေ..

"" ဒါဘယ်လဲ ! ""

ယိမ်းယိုင်အခန်းအပြင်ဘက်သို့ထွက်သွားရန်ထလိုက်ကာမှချန်ဒလာ့ဘက်မှစကားထွက်လာခြင်း။

"" အောက်ခနဆင်းပြီး ရီ နဲ့သွားနေမလို့ ""

ချန်ဒလာ အလုပ်စားပွဲပေါ်မှာတည်ရှိနေသည့် Laptop ကိုတစ်ချက်လှမ်းကြည့်လိုက်ကာ ..

"" Design ကခုမှစလုံးရေစပဲရှိသေးတယ် နှစ်ရက်လုံးဘာလုပ်နေတာလဲ !! ""

ယိမ်းယိုင်သက်ပြင်းခပ်ညှင်းညှင်းလေးချလိုက်ကာ ..
' မင်းကအခန်းအောင်း ထွက်မလာဘာဖြစ်လို့‌ဖြစ်မှန်းမသိနေနေမှတော့ အလုပ်ထဲစိတ်နှစ်နိုင်ပါ့မလား' လို့ပြန်ပြောလိုက်ချင်သော်လည်းတကယ်တမ်းအပြင်ဘက်တွင်တော့ဆင်ခြေတစ်ခုသာသာပေးလိုက်သည်။ဆင်ခြေတစ်ခုဆိုပေမယ့် တကယ်လည်းသူမလုပ်နိုင်တော့သည့်အရာတစ်ခု။

CHANDLER { Ongoing }Where stories live. Discover now