Part 11 U

4.4K 225 24
                                    

တိတ်ဆိတ်ငြိမ်သက်နေသည့် ဧည့်ခန်းအတွင်း၌ ကိုကြီးနှင့်သူသာ ထိုင်နေဖြစ်သည်။ ဖေဖေကတော့ အခန်းထဲနေ‌ကာ အိပ်ပျော်နေပြီပင်ဖြစ်သည်။
နှစ်ယောက်လုံးရဲ့ ရှေ့၌လည်း Coffee တစ်ယောက်တစ်ခွက်စီက နေရာယူထားသည်။ ညီကိုနှစ်ယောက်လုံး နှစ်နှစ်ကြီးနှစ်နှစ်ငယ်ဖြစ်ကာ အကြိုက်ချင်းလည်း တော်တော်များများတူလှသည်။ မေမေ
မရှိသည့်နောက်ပိုင်း ကိုကြီးဟာ သူ့အပေါ်တာဝန်ကျေသည့်လူပင်။ သူ့ဝါသနာထက် ကိုယ့်ရဲ့ဝါသနာကို နောက်ကနေ ပံ့ပိုးကူညီပေးခဲ့သူ။ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ခဲ့သူ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုဦးစားပေးတတ်သူ။ ကိုယ့်ရဲ့ဗီဇ ကိုယ့်ရဲ့ဝါသနာ ကိုယ်ရဲ့ရည်မှန်းချက်တွေပျောက်တဲ့အထိ မိသားစုအတွက်ဆိုသည့် ပုံစံကွက်ထဲတွင်နေထိုင်ခဲ့တဲ့သူ။ ကိုကြီးကိုတစ်ခေါက်လောက်ဖြစ်ဖြစ်အကုန်လုံးကိုမေ့ထားစေချင်သည် အကုန်လုံးကို သူ့တာဝန်ပါဟုမသတ်မှတ်စေချင်။ သူ့ကိုယ်သူပြန်ကြည့်စေချင်ပြီ သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်စေချင်မိတာဟာ ယိမ်းယိုင်မှိုင်းသူ့ရဲ့ဆန္ဒပင်။

"" ကိုကြီး ဘာတွေပြုံးနေတာလဲ ""

ဖုန်းကိုကြည့်ကာ ပြုံးတုံ့တုံ့ လုပ်နေသူကြောင့်
ယိမ်းယိုင်သိချင်စိတ်ဖြင့်မေးလိုက်သည်။

"" ဒီလိုပါပဲ ""

"" ကိုကြီးရည်းစားရနေပြီလား ""

"" အင်း .. ရည်စားပဲဆိုရမှာ‌ပေါ့။ ကိုကြီးနဲ့ Project တူတူလုပ်နေတဲ့ မိန်းကလေးပါ။သူက ကိုကြီးနဲ့ အဆင်ပြေတယ်လေ ""

သံရှည်စွဲကာ ပြောလာသူ ထိုမိန်းကလေးပေါ်လည်း
လေးလေးနက်နက် ထားခြင်းမရှိ။

"" ကိုကြီး အဲ့မိန်းကလေးကို ချစ်လို့လား ""

"" ကိုကြီးအရွယ်က ချစ်တာ မချစ်တာကို စဉ်းစားရတော့မယ်အရွယ်မဟုတ်တော့ဘူး။ ကိုယ်နဲ့ကိုက်ညီမှု ရှိမရှိ နောက်ပြီး ဖေဖေ့အပေါ်ကော တကယ်အဆင်ပြေနိုင်မယ့်လူမျိုးပေါ့ ညီငယ်။ နှင်းက
တကယ်ကောင်းတဲ့ မိန်းကလေးပါ။ ကိုကြီးသူ့ကိုသဘောကျတယ်။ ဒီလောက်ဆို ရှေ့ဆက်ဖို့အကြောင်းရပြီထင်တယ်။ ဟင်း... ချစ်ခြင်းတရားက ပူလောင်တယ်ညီငယ် ကိုကြီးမချစ်ချင်ဘူး ""

CHANDLER { Ongoing }Where stories live. Discover now