Part 20 U

3.2K 162 11
                                    

ချန်ဒလာ၏ကနေဒါပြန်ရမယ်ဆိုတဲ့စကားကြောင့် သူ့မှာစထားသည့်အလုပ်ကိစ္စတွေကို အမြန်အပြီးဖြတ်နေရသည်။ဒီမှာကျန်နေခဲ့ဖို့တွေးနေပါသော်လည်းမရလိုက်ကိုလိုက်ခဲ့ရမည်ဆိုတဲ့စကားတို့ကိုသာပြန်ရလေသည်။အကြာကြီးနေမယ်ဆိုမနေချင် ခဏတာလိုက်ပြီးသူကတော့ပြန်လာမှာလို့သာစဉ်းစားထားသည်။အဖေနှင့်အစ်ကိုကြီးနှစ်‌ယောက်ထဲကျန်ခဲ့တာ သူကတော့လက်လွတ်စပယ်ဘယ်မှအဝေးကြီးကိုအကြာကြီးထပ်မသွားချင်။

မနက်စောစော မှော်ဘီဘက်ခြမ်းက မြေကွက်လပ်‌မှာဆောက်လုပ်နေတဲ့တိုက်တွေဆီကနေဒါမသွားခင်သူတစ်ခေါက်တော့သွားကြည့်အုန်းမည်။လက်လွတ်စပယ်မထားပစ်ခဲ့ချင်‌ပေ။ဆောက်လုပ်ပိုင်းတွေမှာသူသိပ်နားမလည်သော်ညား အင်ဂျင်နီယာကိုမင်းလှက အရာရာဂရုတစ်စိုက်သေချာလုပ်ပေးနေသည်။အစအဆုံး၊ဒီဇိုင်းကအစ သူကသာတာဝန်ယူနေသေးလို့တော်သေး။သူကဆောက်ချင်တာပဲသိတာ ဘယ်အလုပ်သမားကဘယ်လို၊ ဘယ်အင်ဂျင်နီယာကဘယ်လို‌တော်တယ်ဆိုတာကောင်းကောင်းကြီးနားမလည်။

ရန်ကုန်မြို့တစ်မြို့ထဲသော်ညား သွားရမယ့်ခရီးကတောင်နဲ့မြောက်မို့ မနက်စောစောထွက်ဖို့သာပြင်လိုက်တော့သည်။ရေချိုးအဝတ်အစားလဲပြီးသည်အထိ ချန်ဒလာဟာလည်းနိုးမလာသေးပေ။‌နှိုးပြီးလည်းပြောမသွားချင်တော့ တစ်ယောက်ထဲဒီတိုင်းထွက်သွားဖို့သာပြင်လိုက်တော့သည်။ပြောလိုက်လျှင် ဘယ်သွားမလို့လဲ ဘာလုပ်မလို့လဲကမပြီးနိုင်မစီးနိုင်ဖြစ်နေအုန်းမှာပဲ။သူလုပ်နေတဲ့အရာတွေကိုအချိန်တစ်ခုရောက်သည်အထိမပြောချင်။အင်း အချိန်တစ်ခုရောက်ရင်တော့ပြောမှာပါ။

ဝုတ် ! ဝုတ် !

အောက်ထပ် ဧည့်ခန်းထဲသို့ရောက်သည်နှင့် အမောင်ရီကထိုးဟောင်တော့သည်။သူလည်းရီရဲ့ခေါင်းလေးကိုပွတ်သပ်လိုက်ကာ " အိမ်မှာလိမ်လိမ်မာမာနေ "ဆိုပြီးတောင်မှာလိုက်သေးသည်။ဒါတောင်မရ အမောင်ရီဟာသူ့နောက်လိုက်ကာ ထိုးဟောင်နေပြန်သည်။'ငါနဲ့လိုက်ချင်‌နေလို့များလား'တစ်ခါဟောင်လိုက်တိုင်းထွက်လာသည့်အစွယ်ကြီးတွေက ကြောက်လန့်စရာ။ခန္ဓါကိုယ်ကလည်းခပ်ထွားထွားရယ် ယိမ်းယိုင်ကတစ်အိမ်ထဲကနေတာလည်းကြာပြီမို့‌မကြောက်သော်ညား ဆိုက်ထဲကလူတွေကကြောက်မယ်ထင်လို့သာမခေါ်တာ။

CHANDLER { Ongoing }Where stories live. Discover now