part 6 U

4.9K 224 6
                                    

ဖေဖော်ဝါရီလ 17 ရက်

ဒီနေ့ကား ချန်ဒလာနှင့်သူ လက်ထပ်ရမည့်နေ့ပင် ။
ဗြုန်းစားကြီး ချက်ချင်းလက်ထပ်မည်ဆိုကာပြောလာသူကြောင့် သူ့မှာအလန့်တကြားဖြစ်ခဲ့ရသေး၏ ။
သူတစ်ပါး၏ စိတ်ဆန္ဒကိုမမေး သူထင်ရာသာဇွတ်လုပ်တတ်သေး၏ ။ အရာရာဟာသူ့စိတ်တိုင်းကျဆိုတာ သူလုပ်ချင်လာခဲ့ရင် ဘယ်ကြီးဖြစ်နေပါစေ တားလို့ရနိုင်မည်မဟုတ်ဘူးဆိုတာ ယိမ်းယိုင်ကောင်းကောင်းကြီးသိသည် ။ သူ့မှာလွန်ဆန်ခွင့်မရှိသလို ငြင်းပိုင်ခွင့်လည်းမရှိ ။

မနက်ကိုးနာရီကတည်းကစမည့်ပွဲသည် ခုချိန်ထိ သတို့သားတစ်ယောက်သည်ပေါ်မလာသေး ။
ဖိတ်ခေါ်သူများများစားစားလည်းမရှိလှ။ အကောင်ကြီးကြီးပတ်ဝန်းကျင်မှ လူသုံးယောက်လေးယောက်ကာ လာကာ အကိုဖြစ်သူ မျိုးပင်မှိုင်းလည်း ရောက်ရှိနေ၏ ။ အချိန်နာရီတွေတစ်ရွေ့ရွေ့
ကုန်လာသည်နှင့်အမျှ ချန်ဒလာဟာ ရောက်မလာသေး‌သလို တစ်စုံတစ်ယောက်မှလည်းသူ့ကိုလာခေါ်ခြင်းမရှိသေး ။ အဘစံကတော့ ခနစောင့်ဖို့သာ အတန်တန်ပြောနေ၏ ။

' တမင်တကာ လုပ်နေတာပဲ။ ကောင်းတယ်အချိန်လွန်လို့ မင်္ဂလာမဆောင်လိုက်ရလည်းသူ့အတွက်မနစ်နာဘူးလေ ။ '

ယိမ်းယိုင်လည်း စာချုပ်တစ်ခုမှာ လက်မှတ်ထိုးလိုက်ရုံပဲမို့ များများစားစား တွေးမနေ ။ သူ့အတွက်တော့ ဒီလိုကောင်နဲ့ ယူရမယ့်အစား ခွေးမြီးသာဖြတ်ယူလိုက်ချင်မိ၏ ။ အချိန်အတိုင်းအတာတစ်ခုရောက်ရင်ယောကျာ်းလေးနှစ်ယောက်ဖြစ်မည့် သူတို့နှစ်ယောက်စလုံး ကိုယ့်လမ်းကိုယ်သာ လျှောက်ရမည်သာ ။

ဒေါက် ! ဒေါက် !

"" ညီငယ် ! ""

"" ကိုကြီး ""

"" ငါ့ညီငယ်လေးက ဘယ်ချိန်ကြည့်ကြည့်ချောနေတော့တာပဲ ။ ""

"" နေပါ ။ မမြှောက်စမ်းပါနဲ့ ။ ""

"" ဟုတ်ပါပြီကွာ မြှောက်ပင့်လို့ကိုမရဘူး။
အင်းပေါ့လေ ပြိုင်စံရှားသူဌေးကြီးရဲ့
ယောကျာ်းဖြစ်တော့မယ်ဆိုတော့လည်း
အညတည လူသားတွေကိုမေ့ပြီပေါ့ ။
အင်းပါ အင်းပါ။ ""

CHANDLER { Ongoing }Where stories live. Discover now