Part 21 U

3.5K 159 15
                                    

ပြသနာတွေဖြစ်ပြီးသည့်တိုင် ' အပြင်မထွက်ရ ' ဆိုတဲ့အမိန့်ကြောင့် သူဒီအိမ်ကြီးထဲမှာပဲလှောင့်ချိုင့်ထဲကငှက်တစ်ကောင်လိုထပ်ပိတ်မိနေပြန်သည်။အကုန်လုံးကလိုလေသေးမရှိအောင်ထားနေသော်လည်းသူလိုချင်တာဒီလိုပုံစံမဟုတ်။လွတ်လပ်မှုပင်။အမြဲတမ်း အဖေ့အိမ်၊အဖေ့အိမ်ဆိုပြီးညာ,ညာပြီးအပြင်ထွက်နေတာမို့ချန်ဒလာကလည်း သူ့ကိုဆိုဘာ‌ပြောပြောကိုမယုံကြည်တော့။သူဟာလည်းသူပါပဲ အဖေ့အိမ်ကလွဲပြီးသူမှာပြောစရာမရှိတော့ဘူးလား။တစ်ခြားသူဒါမှမဟုတ်သူငယ်ချင်းအိမ်လို့လိမ်ပြောရင်တောင်ရအုန်းမယ်။ဒါပေမယ့်လည်း သူ့မှာသူငယ်ချင်းဆိုလို့ တစ်‌ယောက်တောင်မရှိပေ။

စိမ်းလဲ့နေသည့် မြက်ခင်းပြင်ပေါ်လှဲချကာခြေကားယားလက်ကားယားနှင့်ကောင်းကင်ကြီးကိုမော့ကြည့်နေမိသည်။အခုသူရောက်နေသည့်နေရာက မြင်းပတ်စီးဖို့လုံလောက်သည့်ခြံအကျယ်အဝန်းပင်။ဂျော့နှင့်သူ့အတွက် ချန်ဒလာကလုပ်ပေးထားတာပင်။ဒါမယ့်ချန်ဒလာက ဒီဘက်ကိုခြေဦးတောင်မလှည့်ပေ။မြင်းကန်ခံရမှာကြောက်နေသည်ထင်ပ။သူ့မြင်းလေးဂျော့ကလိမ္မာပြီးသား။သူသာဆိုကန်ထုတ်ဖို့ပြောမှာမဟုတ်ပေ။လည်ပင်းကိုတစ်ခါထဲ တစ်ဇွတ်ဇွတ်နဲ့မြည်အောင်တတ်နင်းခိုင်းပစ်မှာ။ပျင်းလို့သာဒီ‌နေရာကိုရောက်နေလည်းမြင်းစီးချင်စိတ်လည်းမရှိပေ။

'ရီ့ကိုလည်းလွမ်းတယ်'။ရီကအဆင်ကောပြေပါ့မလား။ခုချိန်ထိရီ့မျက်နှာလေးကိုလည်းမမြင်ရသေး။ချန်ဒလာကရီအသက်ရှင်တယ်ဘယ်လောက်ပြောပြောခုချိန်ထိသူ့ရှေ့ရောက်မလာသည့်ရီ့ကိုတော့စိတ်ပူရချည်ရဲ့။ရီကို ခေါ်မလာပေးသေးဟုလည်းပြောထား‌သေးသည်လေ။သူ့ဘက်ကအတွန့်တတ်လည်း ဖက်ဖက်မောသွားရှိပေမည်။

သူကိုယ်တိုင်လည်းရီ့ကိုထိတွေ့ဖို့တွန့်ဆုတ်မိမလား‌မသေချာ။ကြမ်းတမ်းရက်စက်သည့်ခွေးကြီးကိုသူမုန်းသည်။ထိလည်းမထိတွေ့ချင်။ထို‌နေ့ကရီရဲ့လုပ်ရပ်တစ်ခုစီတိုင်းဟာသူ့မျက်ဝန်းထဲကမထွက်။‌ နောက်တစ်ခါမကြုံချင်‌လောက်အောင်ပင်။ဒါပေမယ့်လည်းအဆိုးဘက်ခြမ်းကိုပဲအမြဲတစ်‌စေကြည့်နေလို့မရ။ဘာလို့ဆိုရီဟာသူတို့နဲ့သာဆိုရန်မူ‌ဖို့နေနေသာသာခွေးပေါက်လေးကို အီနေတတ်တာသည်မလား။

CHANDLER { Ongoing }Where stories live. Discover now