Part 3 U

5.4K 313 20
                                    

Competitors ပြိုင်ပွဲဝင်သူများ၏ နားနေခန်း

"" မင်းကော ဂျော့ကော တကယ်တော်တယ် ""

"" ကျွန်တော် တော်တာ ကျွန်တော်သိပါတယ် ။ ""

"" ဟား ဟုတ်ပါပြီကွာ ဒါနဲ့ ဘယ်နေ့ပြန်ဖို့စိတ်ကူးလည်း ။ ""

"" ဖြစ်နိုင်ရင်တော့ မနက်ဖြန်ပေါ့ ""

"" မနက်ဖြန်ပြန်ရအောင် Private လေယာဉ်မှ မဟုတ်တာ ""

ယိမ်းယိုင်အဝတ်တွေလွယ်အိတ်ထဲကောက်ထည့်နေတာကိုရပ်ကာ ဘေးရှိခုံတန်းမှာ ကောက်ထိုင်လိုက်သည်။

"" အဲ့တာဆို ထပ်‌စောင့်ရအုန်းမှာပဲ ""

"" ကိုစိုးသူလွင် ! ""

နှစ်ယောက်သားစကားပြောနေရင်း တံခါးဝမှ ဩရှရှ ခေါ်သံကြောင့် နှစ်ယောက်စလုံး လှည့်ကြည့်လိုက်သည် ။

"" ချန်ဒလာ ""

"" မတွေ့တာကြာပြီနော် ကိုစိုးသူလွင် ""

"" အာ အင်း ဟုတ်တယ်နော် ။ ""

"" ဟက် ! ကိုစိုးသူလွင်နောက်က ခေါက်ဆွဲခြောက်က ဘယ်သူ့ကလေးလဲ ""

"" ဘာဗျ !! ""

ချန်ဒလာ ‌မျက်စိရှေ့ရှိ ခေါက်ဆွဲခြောက်ဆံပင်ကေနှင့် ကောင်လေးကို တမင်တကာ မထိတထိပြောလိုက်ခြင်းသာ ..

ယိမ်းယိုင်ပြန်ပြောဖို့ ဟလိုက်ပေမယ့်လည်း အပြစ်ပြောစရာမရှိလောက်အောင် ရှေ့ရှိ လူက ပြည့်စုံနေလေသည် ။ ဒီဆံပင်ရဖို့ သူများတွေတောင် ငွေကုန်ကြေးကျခံပြီး လိုက်ကောက်ထားရတာလေ ။
သူကသာ ပိုက်ဆံကုန်စရာမလိုအောင် မွေးရာပါကောက်နေတာလေ ဘယ်လောက်အဖိုးတန်လိုက်လည်း ။

"" သူက ဦးဗလမှိုင်းရဲ့ သားငယ်လေ ""

"" ဒါလီယာဝမ်ရဲ့ လင်ပါသားလေးဆိုတာ ဘာလို့ ထည့်မပြောတာလည်း ""

"" ဒီမှာ မင်းကဘာမို့လို့ ငါ့အ‌ ကြောင်းဘယ်လိုသိ ... ""

စကားတောင်မဆုံးသေး မျက်မှောင်ကြုံ့ကာ စိုက်ကြည့်လာသူကြောင့် လက်ဖျားတွေပင် အေးစက်ကာတုန်လာခဲ့တော့သည် ။ ထိုအကြည့်မျိုး သူမမြင်ဖူးတာကြာပြီ၊ သူ့ကိုစိုက်ကြည့်နေသောမျက်ဝန်းနီတွေက ယိမ်းယိုင်အပေါ် တစ်ချက်လွှတ်အမိန့်နှင့် ငြိမ်ကျသွားအောင်စွမ်းဆောင်နေသည်။

CHANDLER { Ongoing }Where stories live. Discover now