အက်ကွဲမှန်💔💔unizg (1)

938 56 6
                                    

ခုဇာတ်လမ်းသည်ဘအိမ်ထောင်ရေးပုံစံရေးသွားမှာမို့ လောင် ရမယ့်အခန်း ငိုရမဲ့အခန်းဒေါသထွက်စေမဲ့အခန်းတွေပါခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်နော်..။ဇာတ်လမ်းကိုဇာတ်လမ်းလိုဖတ်ပေးကျပါရှင့် ချစ်တယ်.. ။

🦋🦋🦋🦋🦋🦋🦋

"ခွမ်း.."

ပြင်းထန်စွာ ထိခတ်သံနဲ့အတူ နံရံပေါ်မှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံမှန်ဘောင်လေးက ကြမ်းပြင်ပေါ်ကို အရှိန်ပြင်းစွာပြစ်ကျကွဲအက်သွားလေသည်...။

"ဒေါက်..ခွမ်း ခွမ်း.."

ထိုကျကွဲသွားသောဓာတ်ပုံဘောင်လေးထဲမှာတော့ အဖြူရောင်အနောက်တိုင်းဝတ်စုံကိုတူညီစွာဝတ်ဆင်ထားတဲ့အမျိုးသားငယ်လေးနှစ်ယောက်..။တစ်ယောက်ကိုတစ်ယောက် ကြည်နူးစွာပြုံးကြည့်နေကျသည့် မျက်ဝန်းထဲမှာတော့အချစ်ရိပ်တွေနဲ့
ပြည့်နှက်လေသည်..။ဒါပေမဲ့အခု​တော့ ထိုပုံဘောင်လေးကကြမ်းပြင်ပေါ်တွင်မှောက်လျက်ကွဲကြွေပျက်စီးသွားလေသည်..။ထိုပုံလေးကို ဖျတ်ဆီးလိုက်တဲ့ကောင်လေးကိုယ်တိုင်ကလည်း ကြမ်းပြင်ပေါ်ကို ဒူးထောက်ကျငိုကြွေးနေသည်..။

"ဘာလို့လဲ ဘာလို့ ကျွန်တော့အပေါ်လုပ်ရက်ရတာလည်း ဘာလို့လည်း ဘာကြောင့်လဲ အားးးးး အားးးးး "

အရူးတစ်ယောက်လို ကိုယ့်ဆံပင်ကိုဆွဲကာအော်ဟစ်ငိုကြွေးနေသည်..။

"ဒီနေ့က ကိုကိုနဲ့ကျွန်တော့ရဲ့၅နှစ်ပြည့်
အမင်္ဂလာနှစ်ပတ်လည်နေ့လေ ဘာလို့ ကျွန်တော်နဲ့ရှိမနေပဲ တခြားလူနဲ့ရှိနေရတာလည်း အား  ဘာလို့လည်း မင်းယွန်းဂီ ဘာလို့ကျွန်တော့အပေါ်လုပ်ရက်ရတာလည်း အားးးးးကျွန်တော့ကတော့အရူးတစ်ယောက်လို့ ဒီနေ့လေးကိုခဗျားနဲ့ဖြတ်သန်းဖို့အပင်ပန်းခံပြင်ဆင်ခဲ့ရတာ ခု​တော့ဒါတွေကမှမလိုအပ်တော့တာ.."

မျက်ဝန်းများက အိပ်ခန်းရဲ့ ဝရံတာလေးမှပြင်ဆင်ထားတဲ့ စားပွဲဆီက်ုရောက်လေသည်..။
မျက်ရည်​တွေကိုအကြမ်းပတမ်းပွတ်ဆွဲသုတ်ကာ ထရပ်လိုက်သည်..ပီးနောက် ဘေ့ဘောစ်တုတ်ကိုရှာယူကာ ဝရံတာဘက်ကိုထွက်လာခဲ့သည်..။ဝရံတာမှာ စားပွဲတစ်လုံး ထိုင်ခုံနှစ်ခုကမျက်နှာချင်းဆိုင်လျက် ပီး​နောက် ကိုကိုသိပ်ကြိုက်တတ်တဲ့နေကြာအလှပန်းအိုးလေးတစ်လုံး ဝိုင်တစ်ပုလင်း ခွက်နှစ်လုံးကလည်း အချင်းချင်းထိကပ်နေသည် သစ်သီးတချို့ကလည်း စားပွဲပေါ်မှာနေရာယူလျက်ရှိနေကျသည်..။ထိုအချင်းအရာ​တွေကိုဂျီမင်းခနမျှသာကြည့်နေပီးလက်ထဲကကိုင်လာတဲ့တုတ်နဲ့ရိုက်ချဖြတ်ဆီးလိုက်သည်...။

အက်ကွဲမှန်...💔💔💔Wo Geschichten leben. Entdecke jetzt