အက်ကွဲမှန်..💔💔💔9unizg

394 32 5
                                    

ကျသွားတဲ့ဖုန်းကိုတစ်ချက်မျှစိုက်ကြည့်လိုက်ရင်းဂျောင်ဂုအ​တွေးများနေရသည်..။သူ့ရဲ့အရိပ်လေးရဲ့အသံက ပုံမှန်လိုကြည်စင်မနေပဲ ခပ်အက်အက်ဖြစ်နေတာကြောင့် ငိုထားတာများလား..။ထိုသို့မေးတော့လည်း မငိုထားပါဘူးလို့ငြင်းနေတဲ့သူ့အရိပ်လေးကြောင့် သက်ပြင်းသာချလိုက်ပီး ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်သည်..။ပြီးနောက် ကားထဲဝင်ထိုင်လိုက်ပီး သူ့အရိပ်လေးရှိတဲ့အရိပ်ဆီဦးတည်မောင်းလာခဲ့သည်..ဒီနေ့သားတော်ဆက်လေးဂျောင်ဂုအဖြစ်ပထမရက်လေးမို့သေသေချာချာဆင်ယင်ဝတ်စားခဲ့သည်..။အပေါ်ရှပ်လက်ရှည်အနက်ရောင်ကိုလက်ခေါက်တင်ထားတာမို့ ယောင်္ကျားပီသတဲ့အကျောများကထောင်ထနေသည်..။အောက်ကစတိုင်ပင်ဘောင်းဘီကလည်းအနက်မို့ သူ့တစ်ကိုယ်လုံးနက်စွေးနေပါသည်..။ဆံပင်ခပ်တိုတိုညှပ်ထားတာကြောင့် ရှင်းသန့်ခြင်းတဲ့ဂုဏ်ကလည်းဆောင်နေပြန်သည်..။ကားမောင်းနေရင်း လက်ကောက်ဝတ်နဲ့ ကော်လံစကိုနမ်းကြည့်တော့ ခပ်သင်းသင်းရနေတဲ့အမွှေးရနံ့ကြောင့် ဂျောင်ဂု ကျေနပ်ပြုံး ပြုံးမိပြန်သည်..။အတွေးများနဲ့ကားမောင်းခြင်းက သူရဲ့ဦးတည်ရာကိုရောက်မှန်းမသိရောက်လာခဲ့သည်..။SUNSHINE ဆိုတဲ့ CAFEဆိုင်ကိုအရင်ရှာရသည်  တွေ့တာနဲ့ ကားပါကင်ထိုးရမယ့်နေရာကိုလည်းရှာရပြန်သည်..။နေအနည်းငယ်ပူနေတာကြောင့် သူ့အရိပ်လေးကိုဖုန်းဆက်ခေါ်မနေတော့ပဲ အသင့်ပါလာတဲ့ခေါက်ထီးအဝါလေးကိုယူကာ ကားပေါ်ကဆင်းလာခဲ့သည်.။CAFEဆိုင်ထဲကိုဝင်တာနဲ့အေးစိမ့်နေတဲ့အရသာကိုအရင်ခံစားမိသည် အဲကွန်းရနံ့မဟုတ်ပဲ သဘာဝလေအတိုင်းမို့ဂျောင်ဂုတအံ့တသြဖြစ်ရပြန်သည်.။ဆိုင်အပြင်ဆင်ကိုဝေ့ဝဲကြည့်မိ​တော့ အလွန်ကိုစိတ်ကူးကောင်းတဲ့ဆိုင်ပိုင်ရှင်ပဲလို့ မှတ်ချက်ချမိသည်..။ဆိုင်အပြင်ဆင်က လုံးဝကို စိတ်ကူးယဥ်ဆန်လွန်းသည်..ဒီဆိုင်ထဲကိုဝင်လာတာနဲ့ အရိပ်အများကြီးရတဲ့အပင်​တွေအောင်ရောက်သွားသလိုခံစားစေရသည်..တီးလူံးအေးအေးလေးကြောင့်လည်း လူ​တွေကိုစိတ်ငြိမ်းချမ်းစေပြန်သည်..။အေးအေးဆေးဆေးထိုင်ချင်သူတွေအတွက် စာရေးချင်သူတွေအတွက် အလုပ်လုပ်ချင်သူတွေအတွက် ဒီဆိုင်လေးကလုံးဝကိုအသင့်တော့ဆုံးပင်...။

အက်ကွဲမှန်...💔💔💔Nơi câu chuyện tồn tại. Hãy khám phá bây giờ