အက်ကွဲမှန်..💔💔.20unizg

416 45 5
                                    


"ဦး ထယ့်ကိုမထားခဲ့ပါနဲ့ ထယ့်ကိုလာခေါ်ပါနော်"

"ထယ်ယောင်း ထယ်ယောင်း သတိထားစမ်း သတိထား"

ကိုကြီးက အလုပ်ကိစ္စအရေးတကြီးပေါ်လာတာမို့ ထယ်ယောင်းကို စောင့်ပေးဖို့ သူ့ကိုတာဝန်ပေးခဲ့သည်။
ဂျောင်ဂု လူနာစောင့်နေရင်းမှေးကနဲအိပ်ပျော်သွားစဉ် ထယ်ယောင်းရဲ့အသံကြောင့်နိုစလာခဲ့ရတယ်။ကုတင်ပေါ်မှာ မျက်လုံးမဖွင့်ပဲ စကားတွေပလုံးပထွေးပြောနေတဲ့ထယ်ကြောင့် ထယ့်အနားသွားကာ လှုပ်နိုးလိုက်ရတယ်။

"ဦး ဦးရေ.."

"သတိထားစမ်း ငါအသံကြားလားထယ်ယောင်းသတိထားစမ်းလို့"

သူခပ်ဆက်ဆက်အော်လိုက်တော့မှ မျက်လုံးတွေပွင့်လာခဲ့သည်။

"ဂျောင် ဂျောင်ဂု ငါဘယ်ရောက်နေတာလည်း ဦးရော ဦးဘယ်ရောက်နေလည်း"

"မင်းအခုဆေးရုံရောက်နေတာ ကိုယ့်စိတ်ကိုအနားပေးစမ်း မင်းအရမ်းတွေပင်ပန်းနေတယ်လို့ဆရာဝန်ကပြောသွားတယ် ခနလောက် ဖြစ်ဖြစ်စိတ်ကိုအနားပေး"

"ဦးရော ဦးရောလို့ငါမေးတာသာဖြေစမ်းပါ"

"ဟ့ မင်းဦးမင်းတို့အိမ်မှာရှိနေမှာပေါ့ ငါဘယ်လိုသိနေပါ့မလည်း"

"ငါ ငါဦးဆီသွားမှဖြစ်မယ် အိမ်မက်ထဲမှာ ဦး ဦးငိုနေတယ် ငါ့ကိုကြည့်ပြီးငိုနေတယ် ငါခေါ်တာတောင်မကြားပဲငိုနေတာ ငါဦးဆီသွားမှဖြစ်မယ် "

ကုတင်ပေါ်က အတင်းဆင်းဖို့လုပ်နေတဲ့ထယ်ယောင်းကြောင့်ဂျောင်ဂုအတင်းဆွဲထားလိုက်ရတယ်။

"ထယ်ယောင်း မင်းပြသနာတွေကိုဒီထပ်ကြီးအောင်မလုပ်ပါနဲ့တော့ ခုချိန်မင်းအေးဆေးလေးနေသင့်နေပြီ.."

"ဘယ်လိုပုံစံနဲ့ငါကအေးဆေးနေနိုင်ရမှာလည်း ပြသနာတွေကိုကြီးထွားအောင်ငါလုပ်နေတာမဟုတ်ဘူး ဂျောင်ဂု "

"အ့တာဆိုငြိမ်နေလိုက်တော့လေ ဘာလို့ ခုလိုတွေလုပ်နေရတာလည်း"

"ငါချစ်လို့ ဦးကိုငါချစ်လို့ ဦးနဲဲ့ငါမခွဲနိုင်လို့ ဦးကိုအဆုံးရှုံးမခံနိုင်လို့ မင်းသိပြီလား ဟမ် သိပြီလားလို့ သိရင်ဖယ်ပေး"

အက်ကွဲမှန်...💔💔💔Where stories live. Discover now