အက်ကွဲမှန်💔💔unizg4

404 40 5
                                    

"လူနာနဲ့ ခဗျားနဲ့က ဘာ​တော်သလည်း.."

"ဗျာ အော် ​သြော် ဘာမှမ​တော်ပါဘူး ကျွန်​တော့ကားနဲ့တိုက်မိလို့ဆေးရုံးခေါ်လာတာပါ ဒါပေမဲ့ ကျွန်တော့ကားနဲ့လုံးဝတော့မတိုက်မိဘူးနော်.."

မျက်မှောင်ကြုံ့ကြည့်လာတဲ့ဒေါက်တာကိုမြင်မှ သူ့စကားကတမျိုးဖြစ်နေတာကိုသတိထားမိသည်..။

"ဒီလို ဒီလိုပါ ကျွန်တော့ကားနဲ့တိုက်မိမလိုဖြစ်တာကတကယ်ပါ ဒါပေမဲလေ ဘယ်လိုပြောရမလဲ ကျွန်​တော့ကားနဲ့တော့လုံးဝမထိမိပါဘူး.."

သူ့စကားကရှင်းလေးရှုပ်လေမို့ ဂျောင်ဂု ခေါင်းကိုသာနာနာကုတ်မိပါသည် အစောကမိုးစိုထားတဲ့အချိန်ကြောင့် သူ့ခေါင်းမှရေစ​တွေက ဘေးနားက ဒေါက်တာ လေးနဲ့နာစ့်မလေးတို့ကိုသွားစင်ကျကုန်သည်...။

"sorry sorryပါ​နော်.."

"ရတယ်ရတယ်ဘာမှမဖြစ်ဘူး ခဗျားပြောချင်တဲ့အဓိပ္ပါယ်ကိုနားလည်ပါတယ် လူနာက အားနည်းတာရော ရုတ်တရက် ကားမြင်လိုက်တာမို့ လန့်ပီးသတိလစ်သွားတာပါ စိုးရိမ်စရာ​တော့မရှိပါဘူး ဒီလူနာနဲ့ခဗျား ဘာမှမ​တော်တာ သေချာရဲ့လား.."

"သေချာ သေချာပါတယ် ဒေါက်တာရယ် ကျွန်တော်က ယင်မ တောင်မသမ်းဘူးတဲ့လူပျိူစစ်စစ်လေးပါ "

"ယုံပါတယ် ယုံပါတယ် လူနာကခြေထောက်နဲ့လက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ​တေွ့နေရလို့သေချာအောင်မေးကြည့်တာပါ လက်ရှိတော့သတိမရသေးပါဘူး အကောင်းဆုံးကတော့ ဆေးရုံမှာနှစ်ရက်လောက်ဖြစ်ဖြစ်နေစေချင်တယ် လူနာကအရမ်းအားနည်းနေတယ်.."

"ဟုတ်ကဲ့ ဟုတ်ကဲ့ အ့ဆို ကျွန်​တော်ပြန်လို့ရပီလားဗျာ.."

"ခဗျားက တာဝန်မဲ့လှချေလား လူနာကခဗျားကြောင့် ခုလိုဖြစ်တာလေ အ့တာကိုခဗျားက ဒီတိုင်းထားခဲ့မို့လား..အ့လိုဆို ကျွန်​တော်တို့ဘက်ကလုပ်စရာရှိတာ ဆက်လုပ်တော့မယ်.."

"ဘာလုပ်မှာလည်းဗျ.."

"သက်ဆိုင်ရာတွေကို တိုင်ရမှာပေါ့..."

"ဟာ အ့လို​တော်မလုပ်လိုက်ပါနဲ့ သတိရလာတဲ့ အထိစောင့်နေပါ့မယ်"

အက်ကွဲမှန်...💔💔💔Where stories live. Discover now