အက်ကွဲမှန်.. 💔💔..unizg7

398 36 3
                                    

လူတစ်ယောက်ကိုဘယ်လောက်ထိချစ်နေပါစေ ထိုလူတခြားတစ်ယောက်နဲ့ပျော်မွေ့နေတာကိုသိတဲ့သူအဖို့ အသားမပြောနဲ့အနားကိုပင်ကပ်လာတာကိုမကြိုက်ဆော့ပေ..။ဂျီမင်းလည်းထိုနည်းတူစွာ ကိုကိုနဲ့အဝေးဆုံးမှာနေသလို အခန်းလည်းခွဲအိပ်ခဲ့သည်..။ဟန်ဆောင်ကောင်းတဲ့ကိုကိုကတော့ နှစ်ပတ်လည်နေ့ကြောင့် စိတ်ဆိုးနေတဲ့အထင်နဲ့ခနခနလာချော့ခဲ့ပါသည်..။ကိုကိုဆိုတဲ့လူသားကလည်းမာနရှိတဲ့သူမို့ သူချော့တဲ့အကန့်သတ်ကျော်လွန်သွားပီမို့ ဂျီမင်းကိုအရေးတယူလာမချော့တော့ပေ မနက်စာ နေ့လည်စာ ညစာ ကိုသူကြိုက်တတ်တဲ့ အစားစားများပြင်ဆင်ပေးသည်..။ခုလည်း ဂျီမင်းခြံထဲကခုံတန်းလေးမှာထိုင်ကာ အကြောင်းပြချက်မဲ့စွာနဲ့ငေးစိုက်ကြည့်နေမိသည်..အရာရာနဲ့လည်းယူခဲ့တဲ့လူတစ်ယောက်ဆီက သစ္စာဖောက်ခြင်းခံနေရတာတောင်ထိုလူဆီကရုန်းမထွက်နိုင်ခဲ့..။ ကိုယ့်ကိုထားခဲ့မှာကြောက်တဲ့အ​တွေးများကြောင့်မေးလည်းမမေးရက်ခဲ့ပေ ။ ကိုကိုသာသူ့ဆီဖွင့်ဟဝန်ခံခဲ့ရင် တခြားတစ်ယောက်ကိုရွေးချယ်ခဲ့ရင် သူဘယ်လိုတုံ့ပြန်ရမလည်းကြိုပြင်ဆင်ထားရတော့မည်..။ဟိုဆော့ပြောခဲ့သလိုပေါ့ ကိုယ့်အနားမှာ ရှိနေတဲ့လူကကိုယ့်ကြောင့်မပျော်ရွှင်ဖြစ်နေရင်လက်လွှတ်ပေးရမယ်တဲ့..။

"ကျစ်.."

အိပ်ရေးပျက်ထားတဲ့အရှိန်တွေက အ​တွေးများခြင်းနဲ့ပေါင်းက သူ့ခေါင်းကိုတဆစ်ဆစ်နဲ့ကိုက်ခဲစေသည်..။

ယွန်းဂီ လက်ထဲကကော်ဖီခွက်လေးကိုငုံ့ကြည့်ရင်း ခြံထဲက သူ့ကလေးလေးဆီဆင်းလာခဲ့သည်..။တော်ယုံစိတ်ဆိုးခဲတဲ့သူ့ရဲ့ကလေးငယ်လေးက ခုချိန်ထိသူ့ကိုစကားတခွန်းမှမပြောခဲ့ သူအထပ်ထပ်ချောဘနေပေမဲ့ စိတ်ဆိုးမပြေတဲ့အပြင် သူအနားကပ်တာကိုလည်းမကြိုက် အခန်းလည်းခွဲအိပ်ခဲ့သည်.. ။သူ့အကြောင်းများသိသွားသည်လားအထင်နဲ့စိုးရိမ်ခဲ့ပေမဲ့ သူထင်သလိုလည်းဟုတ်မနေပြန်..။လက်ထဲကကော်ဖီခွက်လေးကို တချက်ပြန်ငုံကြည့်ကာ သူ့ရဲ့ကလေးငယ်အနားလာခဲ့သည်...။

"ကလေး ညဘက်​တွေမအိပ်ပဲ အလုပ်​တွေလုပ်နေပြန်ပီလား ရော့ ကိုကိုကော်ဖီဖျော်လာပေးတယ် သောက်လိုက်နော် ကိုကိုကလေးခေါင်းကိုနှိပ်ပေးမယ်..."

အက်ကွဲမှန်...💔💔💔Donde viven las historias. Descúbrelo ahora