အက်ကွဲမှန်..💔💔 16unizg

406 39 7
                                    

"ဂျိုင်း.."

အပြင်းလှတဲ့ဝင်တိုက်ချက်ကြောင့် ခြံဝင်းတံခါးလေးကပွင့်ထွက်ပျက်ဆီးသွားရသည်။ထိုအသံကဘယ်လောက်ထိကျယ်လောင်နေလည်းမသိ ဧည့်ခန်းထဲမှာတစ်ယောက်ထဲဝိုင်သောက်နေတဲ့ဂျီမင်း ခေါင်းထောင်ကြည့်မိသည်။ဒါပေမဲ့ထူးထွေစွာထကြည့်မနေတော့ သူ့ဆီခုချိန်လာမှာက တစ်ယောက်ထဲ ထိုတစ်ယောက်ကဘယ်သူလည်းဆိုတာ ဂျီမင်းသိပါသည်။နူတ်ခမ်းကိုတွန့်ရုံမျှပြုံးပြီးဝိုင်ကိုသာဇိမ်ခံသောက်နေမိသည်။

"ပတ်ခ်ဂျီမင်း မင်းဘယ်မှာလည်း ထွက်ခဲ့စမ်း ပတ်ခ်ဂျီမင်း "

အိမ်ပေါက်ဝကအော်ခေါ်နေတဲ့အသံက အိမ်ကြီးထဲတွက်ကျယ်လောင်စွာထွက်ပေါ်လာသည်။တစ်အိမ်လုံးအမှောင်ချထားတာမို့ ဂျီမင်း ဧည့်ခန်းထဲမှာရှိနေသည်ကိုယွန်းဂီမမြင်။ဂျီမင်းကတော့ ယွန်းဂီ ဒေါသထ နေတာကို ဝိုင်သောက်မပျက်ထိုင်ကြည့်နေသည်။

"ပတ်ခ်ဂျီမင်း မင်းဘယ်မှာလည်း ထွက်ခဲ့စမ်း မင်းနဲ့ငါကိစ္စဒီနေ့ပဲအပျက်ရှင်းကျတာပေါ့ ပတ်ခ်ဂျီမင်း ထွက်ခဲ့စမ်း "

"ဘယ်လိုဖြစ်လို့သူများအိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ်လာလုပ်နေရတာလည်း"



အိမ်ထဲက အပေါ်အင်္ကျီအဖြူပါးပါးကို အောက်ခံအမဲရောင်ဘောင်ဘီတိုကိုတွဲ
ဖတ်ဝတ်ဆင်ထားသည်။အင်္ကျီကအနည်းငယ်ပွနေတာကြောင့် ပခုံးတစ်ဖတ်ပေါ်ကျွံကျနေသည်.ထိုအခါ ညှပ်ရိုးဖွေးဖွေးကအတိုင်းသားမြင်နေရသည်
လက်တစ်ဖတ်က ဝိုင်ခွက်ကိုကိုင်ကာ လှမ်းလာဘောငအတံရှည်သွယ်သွယ်လေး
ယစ်မူးချင်စရာပင်ကောင်းနေသည်

" လူမှုရေးဆိုတာဘာလည်း မင်းယွန်းဂီမသိ​တော့တာလား ဒါမှမဟုတ် "



အေးစက်စက်နဲ့ထွက်လာတဲ့စကားသံက သူပင်အံသြသွားရသည် ။ဂျီမင်းကိုဒီလိုအသံဒီလိုအမူယာကို သူ့နဲ့သက်တမ်းတစ်လျှောက်ခုမှမြင်ဖူးခြင်းပင်။

"အဟွန့် ငေးလှချေလား ဘယ်လိုလဲ ကျွန်တော်ဆွဲဆောင်မှုရှိနေသေးတာလား.."


"မင်း ယောင်းကိုဘာတွေမဟုတ်တာပြောခဲ့တာလည်းဟမ်.."

"ဘာ အဟား သိပ်ကိုရီရတယ်နော် ကျွန်တော်ပြောခဲ့တဲ့စကားတွေမှာဘာတွေမဟုတ်တာဘာနေလို့ပါလည်းနော် ပိုင်ရှင်ရှိနေတဲ့သူတစ်ယောက်နဲ့ငြိစွန်းနေလည်း သူ့ပိုင်ရှင်ပြန်လာတောင်းရင်ပေးရမှာပဲလို့ ပြောခဲ့တာမဟုတ်တာတွေလားဟမ် ခဗျားပြောစမ်းပါ မင်ယွန်းဂီ ကျုပ်ဘက်ကလူမှူ့ဆိုတဲ့အသိထားခဲ့လို့ ဒီထပ်ရင့်သီးတဲ့စကားတခွန်းမှမပြောခဲ့ဘူး"

အက်ကွဲမှန်...💔💔💔Where stories live. Discover now