အက်ကွဲမှန်..💔💔..8unizg

405 34 8
                                    

"လမ်းလျှောက်လို့အဆင်ပြေရဲ့လား ကျွန်တော်အထဲထိလိုက်ပို့ပေးမယ်လေ.."

"ဟင့်အင်း ရတယ် ကိုယ့်ဘာသာပဲသွားလိုက်​တော့မယ် မင်းလည်းပြန်​တော့လေ ငါ့ကြောင့်မင်းအလုပ်​တွေပျက်ရပြီ.."

"ရပါတယ် ဘာမှမဖြစ်ပါဘူး ကျွန်တော်ကအလုပ်အရမ်းကြိုးစားတဲ့သူမို့ ပျက်သွားတဲ့အလုပ်ကိုအချိန်ပိုလုပ်လိုက်ရရင်အဆင်ပြေတယ်  ခဗျားသာ ဂရုစိုက်နော် ခြေထောက်ကဖြစ်ကာစကဘာမှမဖြစ်ပေမဲ့ ခုအတော်လေးယောင်လာပြီ ဆရာဝန်ကပေးလိုက်တဲ့ဆေးကိုလည်းသေချာလေးသောက်နော် အ့တာမှ နာတာကိုက်တာရောယောင်တာရောသက်သာမှာ.."

"ဂျောင်ဂု.. "

ဂျီမင်း ဂျောင်ဂုနာမည်ကိုလေးတွဲတွဲလေးခေါ်လိုက်ပီး မျက်ဝန်းချင်းဆုံသည်ထိကြည့်လိုက်သည်..။သူ့ကိုကြည့်လာတဲ့မျက်ဝန်းဝိုင်းဝိုင်းကြည်ကြည်လေးတွေကအရည်လဲ့နေသည်..ထိုမျက်ဝန်းတွေထဲမှာ ဘယ်လောက်ရိုးသားဖြူစင်လည်းတွေ့နေရသည်..။သူ့လုပ်ရက်​တွေက စစခြင်းမှာကတည်းကမှားနေခဲ့ပီလား..။

"ဟောဗျာ လူကိုခေါ်ပြီးဘာမှမပြောဘူး ဘာလည်း ကျွန်တော်ကအ့လောက်​တောင်ဆွဲဆောင်မှုရှိတာလား.."

အတော်ကြာသည်ထိငေးစိုက်ကြည့်နေတဲ့ဂျီမင်းကြောင့် ဂျောင်ဂုရင်ထဲတသိမ့်သိမ့်ခုန်လာရပြန်သည်.။ထိုလူသားလေးဟာလေ သူ့ကိုအမျိုးမျိုးပြုစားနေတော့တာပဲ..။

"အဟွန့် ကိုယ့်ဘက်ကိုရပ်တဲ့ပေါက်တူးမျိုး.."

"လိပ်မျိုးပါဗျာ အဟားဟား. "

"အဟား မင်း​နော်ငါ့ကိုစနေတာ"

"လှတယ်.. "

"ဟင် "

"ဟုတ်တယ် အရမ်းလှတယ် ယောင်္ကျားလေး တစ်ယောက်ကိုလှတယ်လို့မသုံးသင့်ပေမဲ့ ခဗျားကတကယ်လှတယ် ပြုံးလိုက်ရယ်လိုက်တိုင်း လကွေးလေးလိုဖြစ်သွားတဲ့ခဗျားမျက်ဝန်းလေးတွေကသိပ််ကိုကဗျာဆန်လွန်းတယ်..ခဗျားလောက်လှတဲ့သူမျိုးကျွန်တော်တစ်ခါမှမတွေ့ဘူးဘူး.."

သူ့မျက်နာကိုငေးစိုက်ကြည့်နေရင်း သူ့အလှကိုအသေးစိတ်ပြောနေတဲ့ဂျောင်ဂုကြောင့် ဂျီမင်း မျက်နာလေးတွေရဲလာခဲ့ရသည် ရင်ထဲမှာလည်း လှိုင်းကြပ်ခွပ်လေး​တွေဖြစ်ထွန်းနေသည်..။ဂျောင်ဂုအကြည့်ဓာတ်ကိုမခံနိုင်တဲ့သူကပဲမျက်နာလွှဲကာ စကားစကိုဖြတ်လိုက်ရသည်...။

အက်ကွဲမှန်...💔💔💔Where stories live. Discover now