အက်ကွဲမှန်..💔💔..15unizg

336 34 2
                                    

ယွန်းဂီ အလုပ်လုပ်နေပေမဲ့ စိတ်​တွေသူ​့ကောင်လေးဆီကိုသာရောက်ရောက်သွသည်။ဒီနေ့မှများလိုက်တဲ့အလုပ်​တွေကလည်းပုံလို့ပင်နေသည်..။သူ့မျက်ဝန်းထဲမှာ အသည်းပုံနူတ်ခမ်းလေးနဲ့ပြုံးပြနေတဲ့ကောင်လေးမျက်နာကိုသာ မြင်မြင်လာနေရသည်
။သူ့ရင်ထဲမှာလည်း တစ်ခုခုဖြစ်တော့မှာကိုကြိုသိနေသည့်အလားလေးလံနေသည်။စစ်လက်စ ပန်းအဝင်အထွက်စားရင်း​တွေကိုပြစ်ချကာ ယွန်းဂီအိမ်သို့သာပြန်ရန်ပြင်လိုက်သည်။

"သော.."

"ဗျာ အကို.."

"အကိုပြန်တော့မှာမို့ ဆိုင်ကိုသေချာဂရုစိုက်ပေးထားဦးနော် စာရင်းအချို့ကိုလည်းမင်းပဲလုပ်လိုက်တော့..အကိုပြန်တော့မယ် "


"ဟုတ် ဟုတ် အကိုကောင်းကောင်းပြန်ပါ.."

"အွန်း.."

သော ဆိုတာ သူ့ဆိုင်ရဲ့စိတ်အချရဆုံးနဲ့ယုံကြည်ရဆုံး ဝန်ထမ်းလေးပင်။စိတ်​တွေလေ လွင့်နေတဲ့အချိန်သူနဲ့​တွေ့ပြီးသူ့ဆိုင်မှာအလုပ်ခန့်ထားခြင်းပင်..။ယွန်းဂီ သော ကိုခေါင်းညိမ့်နူတ်ဆက်ရင်း ကားဆီကိုဦးတည်လာခဲ့သည်။ကားပေါ်ရောက်တာနဲ့ ထယ့်ဆီကိုဖုန်းခေါ်လိုက်သည်..။

"ဖုန်းလည်းမကိုင်ဘူး ဘယ်​တွေသွားနေလို့လည်း.."

ပထမခေါ်ဆိုတဲ့အချိန်ကိုင်မဲ့သူမဲ့နေတာကြောင့် ဖုန်းကိုချကာ နောက်တစ်ခါထပ်ခေါ်လိုက်သည်။ရှေးနည်းအတိုင်း ကိုင်သူမဲ့နေပြန်သည်။

"ကောင်လေးရာ ဦးစိတ်​တွေအရမ်း​ေလးနေလို့ဖုန်းကိုင်ပါကွာ.."

တတိယမြောက် ခေါ်ဆိုမှုကလည်းမအောင်မြင်ခဲ့။နားကဖုန်းကို ဒက်ရှ်ဘုတ်ပေည်ပြစ်တင်ကာ ကားကို သူ့ကောင်လေးရှိတဲ့အိမ်လေးဆီကိုအမြန်ဦးတည်လာခဲ့သည်။


...

ယွန်းဂီ ကားကိုကားပါကင်မှာအမြန်ထိုးရပ်ကာအပေါ်ထပ်သို့တတ်လာခဲ့သည်..။စက်လှေကားမှာ လူ​တွေစောငိ့နေတာမို့ ရိုးရိုးလှေးခါးကနေသာအမြန်တတ်လာခဲ့သည်။တိုက်ခန်းရှေ့ကိုရောက်တော့ အပြင်တံခါးကပွင့်နေတာမို့ ယွန်းဂီရင်ထဲထိတ်ခနဲဖြစ်သွားရသည်။အထဲကိုအမြန်ဝင်ကာ အတွင်းတံခါးကိုဖွင့်တော့ တစ်ခုခုနဲ့ခံနေတာမို့ ဖွင့်လို့မရဖြသ်နေသည်.။အားနည်းနည်းစိုက်ကာတွန်းဖွင့်လိုက်​တော့ ​ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ထယ်ယောင်းကြောင့် လက်ထဲကစတော်ဘယ်ရီကိတ်ဘူးလေးကပြုတ်ကျသွားရသည်။


အက်ကွဲမှန်...💔💔💔حيث تعيش القصص. اكتشف الآن