အက်ကွဲမှန်..💔💔..unizg.24

388 46 4
                                    

ဆေးရုံဝန်းရဲ့ အရိပ်ရသစ်ပင်အောက်ခုံတန်းလေးပေါ် မှာ နမ်းဂျွန်ပခုံးပေါ်ခေါင်းလေးမှီရင်း ဂျင်ငိုရှိုက်နေမိသည်။သူ့မျက်လုံးထဲမှာ ဆေးရုံအပေါ်ဆုံးထပ်အုတ်ဘောင်ပေါ်မှာမတ်တပ်ရပ်နေတဲ့ကောင်လေးကိုသာမြင်ယောင်နေသည်။ပြီးနောက် နောက်ကနေပွေ့လှဲချလိုက်တဲ့အရိပ်တစ်ခု။မိုက်လိုက်တဲ့ကောင်လေး အကယ်လို့များ ကယ်မဲ့သူမရှိခဲ့ရင်.....
ဂျင် ဆက်ပင်မတွေးနိုင်တော့ပဲ မျက်ရည်မိုးတို့သာစွေခဲ့လျှက်..။

"မငိုပါနဲ့အချစ်ရယ် မငိုပါနဲ့နော် "

သူ့ပုံခုံးပေါ်မှီကာ ငိုရှိုက်နေတဲ့သူ့အချစ်လေးကြောင့် နမ်းဂျွန် ရင်ဘတ်တွေပါအောင့်လာရသည်။သူ့အချစ်လေးကိုအမြဲပျော်နေတာပဲမြင်ချင်ခဲ့တာ ။

"နမ်းဂျွန် ညီကလေ ညီကငါ့ထပ်ပိုချစ်တဲ့သူ့ကိုသူ့အသက်နဲ့ရင်းပြီးသက်သေပြသွားတာတဲ့ သူငါ့ကိုမုန်းတယ်လို့ပြောတယ် မင်းသိလားဂျွန်.ငါနာကျင်လိုက်ရတာအရမ်းပဲ ဒါပေမဲ့လေ ငါအပြစ်မယူပါဘူး ငါသူ့ကိုလေ အပြစ်လေးတစ်ခု​တေင်မမြင်ခဲ့ပါဘူးငါစေတနာမေတ္တာတွေကိုနားမလည်သေးလိူ့ပဲငါအဆုံးထိတွေးထားခဲ့တာ ဒါပေမဲ့ အဲလိုမဟုတ်မှန်းငါသိလိုက်ရပြီ ငါ့ကိုမရွေးချယ်ပဲ အဆုံးထိမင်းယွန်းဂီကိုရွေးချယ်သွားတာ"


"ထယ်လေးက အချစ်ကိုမချစ်လို့မဟုတ်ပါဘူး ချစ်ပုံချစ်နည်းကွဲပြားသွားယုံပါ သူအလေးသာတဲ့အချစ်ကိုရွေးချယ်မိသွားတာပါ ဒါကိုအချစ်ကနားလည်ပေးရမယ်"

နမ်းဂျွန် ရင်ခွင်ထဲက ဂျင် မျက်နာနွမ်းနွမ်းလေးကိုငုံ့ကြည့်ရင်း စကားတို့ဆက်ဆိုလိုက်၏။


" အချစ်တို့ကိုယ်တို့လည်းငယ်ရာကျကြီးလာကျတဲ့သူတွေလေ ခုလိုအရွယ်လေးကအချစ်ကိုရူးသွပ်တဲ့အရွယ် အ့အချိန်အချစ်ကထိန်းချုပ်လိုက်တော့ သူလုပ်မိလုပ်ရာလုပ်မိသွားတာပါ အချစ်သူတို့လေးကိုသဘောတူကြည်ဖြူပေးလိုက်ပါ​တော့ အချစ်သာဆက်တင်းခံနေရင် ထယ်လေးကို အဝေးကနေပဲငေးကြည့်ရလိမ့်မယ် ကိုယ်ချစ်တဲ့ကိုယ့်ညီလေးကို အဝေးကိုတွန်းမပို့ပါနဲ့လား အချစ်ရယ်...အချစ်အတ္တကိုနည်းနည်းလျော့ကြည့်လိုက်ပါ အချစ်ရောထယ်လေးရော မခွဲမခွာအတူပျော်နိုင်မှာပါ.."

အက်ကွဲမှန်...💔💔💔Where stories live. Discover now