အက်ကွဲမှန်..💔💔..12unizg

449 29 4
                                    


ကြားလိုက်ရတဲ့စကားများကဂျီမင်းနားထဲဗုံးတစ်လုံပေါက်ကွဲသွားသလိုကျယ်လောင်သွားရသည်..။မွေ့ယာပေါ်ထွက်ကျသွားတဲ့ဖုန်းကိုသရဲတစ္ဆေလို့ကြည့်ကာ ခေါင်းခါငြင်းဆန်နေမိသည် စိတ်ကိုခနမျှငြိမ်အောင် မျက်လုံး​တွေမှိတ်ချထားလိုက်သည်..။တုန်ယင်လာတဲ့လက်တွေနဲ့ ကျနေတဲ့ဖုန်းကိုကောက်ကိုင်ကာ ကိုကို့ဆီကိုဖုန်းပြန်ဆက်လိုက်သည်..။

"မကွာပေးနိုင်ဘူး လုံးဝမကွာပေးနိုင်ဘူးကိိုကို"

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ.."

"အားးးဘာလည်း ဘာလို့ဖုန်းကစက်ပိတ်သွားရတာလည်း.."

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင် "

"အား မရဘူး စက်ဖွင့်စက်ပြန်ဖွင့် မကောင်းတဲ့ကောင်ကြီးရဲ့"

ဂျီမင်းတစ်ယောက်ထဲအရူးတဟ်ယောက်လို့ ဖုန်း​တွေဆက်တိုက်ခေါ်နေမိသည်..။ကတုန်ကယင်လက်များကို နူတ်ခမ်းနဲ့ကိုက်နေမိသည်..။နူတ်မှလည်းစကား​တွေတတွတ်တွတ်ပြောနေမိပြန်သည်။

"အချိန်တွေပေးခဲ့တာ ထားခဲ့ခံရဖို့မှမဟုတ်တာ ဘာလို့များ ဘာလို့များ ရက်စက်နိုင်ရတာလည်းကိုကိုရယ် ကိုကိုဘယ်လောက်ပဲကျွန်တော်နဲ့ကွာချင်ကွာချင် ကျွန်တေည်ကတော့လုံးဝမကွာပေးဘူးကိုကို ကျွန်တော်ကလွဲပြီးတခြားဘယ်သူနဲ့မှပျော်ခွင့်မပေးဘူး ကျွန်​တော်အတ္တကြီးပါရစေကိုကို.."

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်.."

"အား သွားကွာ ဒေါက် ခွမ်း.."

စက်မရတဲ့ဖုန်းကိုထပ်ခါထပ်ခါခေါ်နေမိပြီး မရတာကြောင့် ဂျီမင်းစိတ်တွေဘယ်လိုမှထိန်းချုပ်နိုင်စွမ်းမရှိတော့ လက်ထဲကဖုန်းကို နံရံနဲ့ပြစ်ပေါက်ခွဲလိုက်သည်..။နံရံနဲ့အချိန်ပြင်းစွာထိခပ်သွားတဲ့ဖုန်းလေးက ကြမ်းပြင်ပေါ်ကိုပြန်အကျမှာ ကွဲကြေသွားလေသည် ။ထိုမျှနဲ့အားမရ အခန်းထဲရှိပစ္စည်များကိုတွန်းချပြစ်ခွဲနေပြန်သည်..။

"အား သွားစမ်း သွား သွား ခွမ်း ဝုန်း မကွာပေးဘူး မင်းယွန်ဂီခဗျားကိုလုံးဝမကွာပေးဘူး အားးးးး"

အက်ကွဲမှန်...💔💔💔Where stories live. Discover now