အက်ကွဲမှန်💔💔.17unizg

355 40 4
                                    

ကားထဲမှာ အသည်းအသန်နမ်းပြီးတာနဲ့ ဂျီမင်းကိုအိမ်ပြန်မပို့ပေးပဲ ဂျောင်ဂုသူ့အိမ်ကိုသာခေါ်လာခဲ့သည်။အိမ်ရောက်တာနဲ့ဂျီမင်းရေစိုဝတ်တွေကို သူ့အင်္ကျီကိုပေးဝတ်လဲခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်းဧည့်ခန်းထဲမှာပဲအဝတ်လဲချင်းစတင်ရသည်။ဂျီမင်းကိုခေါ်လာခဲ့တဲ့အိမ်က သူတစ်ယောက်ထဲနေတုန်းကအိမ်လေးပင် အကိုနမ်းဂျွန်တို့နဲ့အတူတူနေဖြစ်ပေမဲ့ တစ်ပတ်တခါ နှစ်ခါ အိမ်ကိုသန့်ရှင်းရေးလုပ်ရင်းသူအမြဲလာတတ်တယ်။အဝတ်လည်းပြီးတာနဲ့ ဧည့်ခန်းထဲမှထိုင်စောင့်နေလိုက်သည်။

"ဂျောင် ဂျောင်ဂု "

ဂျောင်ဂု ခေါင်းကမိုးရေအနည်းငယ်စိုသွားတာကြောင့် တဘတ်နဲ့သုတ်နေတုန်း အခန်းတံခါးဖွင့်သံနဲ့အတူ ကြားလိုက်ရတဲ့အသံတုန်တုန်လေးကြောင့် မော့ကြည့်မိသည်။သူဝတ်နေကျ တီရှပ်အင်္ကျီကသူ့အရိပ်လေးနဲ့စိုအတော်ပင်သိသိသာသာကြီးနေသည်။အင်္ကျီပွပွနဲ့ ဒူးလောက်ပဲရှိတဲ့ဘောင်းဘီတွဲဖတ်ဝတ်ထားတာကြောင့် ခြေသလုံးသားဖွေးဖွေးလေးကိုအတိုင်းသာမြင်နေရသည်။လှုပ်ရှားနေတဲ့စိတ်ကိုတံတွေးမြိုချရင်း အရှိန်သတ်နေရသည်...။

"ဂျီမင်း လာလေ လာ ကိုယ့်အိမ်လိုပဲသဘောထား.."

သူ့အနားမှာဝင်ထိုင်လိုက်တဲ့သူကို မပြောမဆိုနဲ့သူ့ခေါင်းသုတ်ထားတဲ့တဘတ်နဲ့ဖွဖွလေးသုတ်ပေးနေမိသည်။သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းကြည်ကြည်လေးတွေ ထိုမှတစ်ဆင့်နှာခေါင်းလုံးလုံးလေး ပြီး​နောက် စတော်ဘယ်ရီရောင်သန်းနေတဲ့နူတ်ခမ်းဖူးဖူးလေးကိုအကြည့်က ချောက်ချမိသွားလေသည်။ဘယ်လောက်ထိဂျောင်ဂုကြည့်မိသွားလည်းမသိ ဂျီမင်းဆီကလှုပ်ရှားမှုကြောင့်ပြန်သတိဝင်ကာ။သူ့လက်ထဲကတဘတ်ကို ဂျီမင်းလက်ထဲထည့်ပေးကာ။

"ဖျားနေဦးမယ် ဆံပင်​တွေကိုသုတ်လိုက်ဦးနော် ကျွန်တော်ဂျီမင်းအချမ်းပြေသောက်လို့ရအောင် ကော်ဖီပူပူလေးသွားဖျော်ပေးမယ်"

မျက်လုံး​တွေမငြိမ်ပဲသူ့လက်ထဲတဘတ်ထည့်ကာ ထသွားရန်ပြင်နေတဲ့ကောင်လေးလက်ကိုဂျီမင်းပြန်ဆွဲထားကာ။ သူ့ဆွဲထားတဲ့လက်ကိုငုံ့ကြည့်ကာ မျက်ဝန်းချင်းဆုံမိသွားကျပြန်သည်။

အက်ကွဲမှန်...💔💔💔Where stories live. Discover now