အက်ကွဲမှန်..💔💔10unizg

455 30 4
                                    

"ဘယ်လိုလည်း အ​တော်ပျော်ခဲ့ရဲ့လား.."

အိမ်ထဲကိုဝင်လိုက်တာနဲ့ အမှောင်ထုကကြိုဆိုနေသည်..။အမှောင်ထုကိုအသာကျတာနဲ့ ရှာကြည့်မိ​တော့ မီးစတစ်ခုကို​တွေ့လိုက်ရသည်။.ထိုမီးစရဲ့ပိုင်ရှင်ကဘယ်သူလည်းဆိုတာဂျီမင်းသိသည်..။တော်ယုံဆေးလိပ်မသောက်တတ်တဲ့ကိုကိုကခုဆေးလိပ်​တွေကာ​တွေသောက်လို့ပါလား။

"ချောက်.."

မီးဖွင့်သံနဲ့အတူ တခန်းလုံးလင်းထိန်သွားရသည်..။အရင်ဆိူ သပ်သပ်ရပ်ရပ်ဖီးသင်ထားတဲ့ဆံပင်က ခု​တော့ပွယောင်းနေသည်..။ဂျီမင်းကိုကိုနဲ့ရင်မဆိုင်ချင်သေးတာကြောင့် လှည့်ထွည့်ထွက်လာခဲ့သည်။

"အ့.."

"ငါမေးတာကိုဖြေ မင်းဘယ်ကပြန်လာ ဘယ်သူနဲ့ရှိနေခဲ့တာလည်း"

ဂရုမစိုက်သလိုလှည့်ထွက်သွားတဲ့ဂျီမင်းကြောင့် ယွန်းဂီသောက်လက်စဆေးလိပ်ကိုပြစ်ချကာခြေလှမ်းကြဲများနဲ့လျှောက်လာခဲ့သည် ပီးနောက် ဂျီမင်းလက်ကောက်ဝတ်လေးကို ဆွဲလှည့်ကာ ပခုံးသားတွေကိုဆုပ်ကိုင်လိုက်သည်.။

"မင်းဘယ်ခြေလှမ်း​တွေလှမ်းနေလည်း ပတ်ဂျီမင်း မင်းဘာ​တွေလျှောက်လုပ်နေတာလည်း.."

ထိုစကားကြောင့် ဂျီမင်း ကိုကိုမသိအောင်ပြုံးလိုက်မိသည် ကိုကိုကသူ့ကိုစိတ်ပူနေတယ်ပေါ့...။

"နာတယ် လွှတ်"

"မလွတ်ဘူး ငါမေးတာကိုဖြေ မင်းဘာတွေလုပ်နေတာလည်း ဘယ်ခြေလှမ်း​တွေလှမ်းနေတာလည်း အ့ဒီကြာကူလီကောင်ကရော ဘယ်ကကောင်လည်း.."

ကြာကူလီဆိုတဲ့စကားကြောင့် ဂျီမင်းနားထဲခါးသွားရသည် ။ဂျောင်ဂု လိုဖြူစင်တဲ့ကောင်လေးက သူ့​ကြောင့်ခုလိုအပြောမခံနိုင်ပေ..။

"သူများ တစ်ဖတ်သားကိုကြာကူလီပြောရအောင် ကိုကို့အငယ်နှောင်းကရော ဘာလည်း ကာမပိုင်ရှိတဲ့လူတစ်ယောက်ကြာခိုနေတာကျ ဘယ်လို.ခေါ်လည်းဟမ်ကိုကိုပြောလေ ပြော.."

"မင်းဘာမှပြောဖို့မလိုဘူးပတ်ဂျီမင်း ငါပဲမှားခဲ့တာမင်းပြောချင်ငါ့ကိုပြော တခြားလူကို ဆွဲထည့်နေစရာမလိုဘူး"

အက်ကွဲမှန်...💔💔💔Where stories live. Discover now