အက်ကွဲမှန်..💔💔..unizg 25

462 46 7
                                    

"ဗျာ!!!!!!"

ဂျောင်ဂု ကြားလိုက်ရတဲ့ စကားများကြောင့်သူ့နားကိုသူပင်မယုံနိုင်ဖြစ်နေရသည်။ ဂျီမင်းကိုသူစိုးရိမ်လွန်းအားကြီးတာမို့ ဆေးခန်းကိုမပြပဲဆေးရုံကိုသာခေါ်လိုက်ခဲ့သည်။ထိုဆေးရုံမှာသူနဲ့အသိဆရာဝန်တစ်ဦးရှိနေခြင်းကြောင့်လည်း အားကိုးပြီးလညခဲ့သည်။ဆေးရုံရောက်တာနဲ့ထိုဆရာဝန်ဆီမှာပဲ သူ့အရိပ်လေးကိုစစ်ဆေးစေလိုက်သည်။ ဆရာဝန်လုပ်ကိုင်စစ်ဆေးနေတာကိုဂျောင်ဂု ဒီအတိုင်း ရပ်ကြည့်ရင်း ဘာမှမဖြစ်ပါစေနဲ့လို့သာ စိတ်ထဲ၌ဆု​တောင်းနေမိတယ်။ ထိုစဥ် ဆရာဝန်ကဘာမှမပြောပဲ သူ့နောက်လိုက်ခဲ့ပါဆိုတဲ့အရိပ်ယောင်ပြတာကြောင့် ဂျောင်ဂု လိုက်လာခဲ့မိခြင်း။ထိုဆရာဝန်ရဲ့ ကိုယ်ပိုင်အခန်းထဲရောက်​တော့ခုံပေါ်ဖင်​တောင်ချမထိုင်နိုင်သေး ကြားရတဲ့စကားကြောင့် လေပေါ်မှာတန့်သွားရသည်။

"မဟုတ်တာ ဆရာ ကျွန် ကျွန်တော့်ကိုမစပါနဲ့.."

"ဒီလိုကိစ္စမျိုးက စရမဲ့ကိစ္စမှမဟုတ်တာ ကျွန်တော်ကစ စရာလား..ခဗျားအမျိုးသားမှာ ကိုယ်ဝန်ရှိနေပါပြီ.."

"ဂျီ ဂျီမင်းကယောင်္ကျားလေးလေ သာမန် သာမန်မိန်းကလေးမှမဟုတ်တာ ဘယ်လို ဘယ်လိုလုပ်ကိုယ်ဝန်ဆောင်နိုင်ပါ့မလဲ ကျွန်တော့်ကို မစ ပါနဲ့.. "

"ဟင်းးးးးးခက်တယ်ကွယ် ဆရာကိုယ်တိုင်ပြောတာထပ် မောင်ရင်အမျိုးသားနိုးလာမှကိုယ်တိုင်ပေးကြည့်ပါတော့ တခုပြောချင်တာကတော့ ခေတ်မှီနေတိုးတတ်နေတဲ့နိုင်ငံတိုင်းမှာ ဆေးဝါးအပြည့်စုံနည်းပညာနဲ့ ဘာမဆိုဖြစ်နိုင်တာကိုတော့ မောင်ရင်မမေ့လိုက်ပါနဲ့..."

"ကျွန် ကျွန်တော် ရိုင်းပြသလိုဖြစ်သွားရင်​တောင်းပန်ပါတယ်"

"ရပါတယ် ဆရာနားလည်ပါတယ် မောင့်ရင့်အမျိုးသားကိုသေချာOGနဲ့စစ်ဆေးကြည့်ပါ အဲအခါကျပိုတိကျတဲ့အဖြေရပါလိမ်မယ်.."

"ကျွန်တော့်အမျိုးသားအတွက် အန္တာရယ်ရှိနိုင်လားဆရာ "

"အမျိုးသားကိုယ်ဝန်ဆောင်ဖြစ်နေတဲ့အတွက်အန္တာရာယ်မရှိနိုင်ဖူးလို့မပြောနိုင်ပေမဲ့ သေချာစောင့်မယ်ဆို 90%အန္တာရယ် ကင်းပါတယ် မောင်ရင်စိတ်ပူနေတာကိုဆရာသိပါတယ် ဒါပေမဲ့ ဆေးဝါးနည်းပညာတွေတိုးတတ်နေတာမို့ စိတ်ကိုအေးအေးထားစေချင်တယ် ကဲကဲ မောင်ရင့်အမျိုးသား သတိရနေရင်မတွေ့လို့ရှာနေလိမ့်မယ် ပြန်သွားလိုက်ပါဦး နောက်ပြီးဆရာအကြံပေးချင်တာက ကိုယ်ဝန်ဆောင်နိုင်အောင်ခွဲစိတ်ပေးတဲ့ ဆရာဝန်ဆီသွားပါလို့အကြံပြုချင်တယ်.."

အက်ကွဲမှန်...💔💔💔Where stories live. Discover now