အက်ကွဲမှန်.💔💔unizg ဇာတ်သိမ်း ပိုင်း

529 52 19
                                    

"မောင်.."

"အင်း ဟင် ဂျီမင်းသတိရပြီလား နေရတာအဆင်ပြေရဲ့လားဟင် ဗိုက်ကော အောင့်နေသေးလား.."

စိုးရိမ်တကြီးနဖူးလေးကဆံပင်သပ်တင်ပေးလိုက် ပါးလေးကိုကိုင်လိုက် လက်ဖဝါးလေး​တွေကိုဆုပ်ကိုင်လိုက်လုပ်နေတဲ့မောင့်ကိုကြည့်ပြီးဂျီမင်းပြုံးမိသည်။မောင့်သွေးသားလေးကို မွေးထုတ်ခွင့်ပေးလိုက်နိုင်ပြီဆိုတဲ့အသိက သူ့ရင်ထဲမှာကြည်နူးပျော်ရွှင်မိတာ ဘာနဲ့မှ မလဲနိုင်..။မောင့်ကိုသူအဲလောက်ထိကိုချစ်သွားတာ။သူ့ဘဝကို မောင်က သူ့အချစ်တွေနဲ့မွမ်းမံပျော်ရွှင်စေခဲ့တဲ့လူသားလေးတစ်ဦး ထိုလူသားလေးကိုအသက်ထပ်မက ချစ်မြတ်နိုးရပါ၏။

"မောင့်ကိုပြောလေ ဘယ်နေရာက နာနေသေးလည်းဟင် မောင့်မျက်နာမှဘာရှိနေလို့ အဲလောက်ကြည့်နေရတာလည်း.."

"မောင် ငါ ငါလေ..."

"ဟော မငိုရဘူး မငိုကောင်းဘူးလေ မောင့်ဂျီမင်းလေးက ခုမှသွေးနုသားနုမို့ငိုလို့မရဘူးလေနော် လိမ်မာတယ်မငိုနဲ့.."

ဂျောင်ဂု သူ့မျက်ကိုကြည့်ရင်းမဲ့မဲ့လေးငိုချလိုက်တဲ့ သူ့အရိပ်လေးကြောင့် မျက်ဝန်း​ထောင့်ကမျက်ရည်စလေးတွေကိုဖွဖွလေးတို့သုတ်ပေးရင်းချော့လိုက်တယ်..။.

"မောင်.."

"ဗျာ...."

"ငါမောင့်ကိုချစ်တယ်.. "

"မောင်ကလည်း မင်းကို ချစ်."

"ဟိတ် ဟိုနှစ်ကောင် အခန်းထဲမင်းတို့ကြည့်ရှိတယ်ထင်နေကျလား ကုတင်ပေါ်ကကောင်ကလည်း ကိုယ်မွေးလိုက်တာဘာလေးလည်းအရင်မမေးဘူးမောင်ပဲ အရင်တနေတယ် ဟိုတစ်ကောင်ကရော ကလေးကိုခုထိမချီသေးဘူး ဂျီမင်းလေးနိုးလာမှတူတူချီမယ်နဲ့ ကလေးကြီးလာမှ ငါပြန်တိုင်ပြမယ်ကြည့်နေ..."

ဟိုဆော့ စကားကြောင့်အခန်းထဲကလူအကုန်ရယ်ချလိုက်ကျမိတယ်..။ပျော်ရွှင်ကြည်နူးစရာဆိုတာ ဒါပါလားလို့လည်း ဟို​ဆော့တွေးမိတယ် သူချစ်တဲ့သူအနားခုချိန်ထိနေခွင့်ရတာကိုလည်း သူကျေနပ်မိသည်။သူ့စကားကြောင့် မျက်နာလေးရဲရှက်နေတဲ့ ဂျီမင်းကိုကြည့်နေတဲ့ဂျောင်ဂု မျက်ဝန်းတွေထဲမှာ ဘယ်လောက်ထိမြတ်နိုးလည်းအတိုင်းသားမြင်နေရသည်။


အက်ကွဲမှန်...💔💔💔Where stories live. Discover now