အက်ကွဲမှန် 💔💔unizg3

438 41 2
                                    

ကိုကိုဆိုတဲ့လူသားကို နာမည်သိ လိပ်စာသိ ဆိုင်တည်ရှိနေရာကိုသိကတည်းက သိယသိသာသာရော မသိမသာရော နောက်ပိုးပိုးခဲ့ပါတယ်.။စစတုန်းက ကိုကိုဆိုတဲ့လူသားက သူ့ကို​တွေ့တိုင်းမျက်မှောင်ကုတ်ကြည့်တတ်ပေမဲ့ တရက်နဲ့တရက်တွေ့ပါများခဲ့တော့ သူ့ကိုကြည်ကြည်သာသာပဲလက်ခံစကားပြောပြန်ခဲ့ပါတယ် ဒီလိုနဲ့ပဲ ကိုကို့ကိုဖွင့်ပြောခဲ့ပါတယ်..ကိုကိုဆိုတဲ့နာမ်စားကတော့ သူ့ရင်ထဲကရော အပြင်မှာပါလက်​တွေ့ခေါ်တဲ့နာမ်စားလေးပေါ့..။

"ဟူးရင်တွေခုန်လိုက်တာ အရမ်းပဲ.."

"ပြောစရာရှိတယ်ဆို ပြောလေ ကိုယ်မအားဘူး.."

ကိုကိုဆိုတဲ့လူသားက အ့လိုမျိုးရယ်ပါ ပန်းဆိုင်တစ်ဆိုင်လူံးဖွင့်ထားတာတောင် ပန်းအမှာတွေကို နီးရင်နီးသလို သူကိုယ်တိုင်စက်ဘီးလေးနဲ့လိုက်ပို့တတ်ပါသည်..။

"အ့ဆို ​ပြော ပြောတော့မယ်နော်  ဟူး...."

သူ့ကိုစိုက်ကြည့်နေတဲ့ကိုကို့အကြည့်တွေကြောင့် လူကခြေမခိုင်ချင်​တော့ မနည်းအားကိုတင်းထားရပါတယ် ပီးနောက် ဖြစ်ချင်ရာဖြစ်သဘောပိုက်ကာ လက်သီးကိုတင်းနေအောင်ဆုပ်လိုက်ပီး..မျက်စိစုံမှိတ်ကာ။

"ကိုကို့ ကို အရမ်းချစ်တယ်.."

ထိုသို့ပြောပီး မျက်လုံးတွေကိုချက်ချင်းပြန်မဖွင့်ရဲပေ ခံစားချက်နဲနဲကောင်းလာတဲ့အငွေ့အသက်ကြောင့် မျက်လုံးတစ်ဖတ်ကိုအရင်ဖွင့်ကြည့်မိသည်  ထို​တော့မှ သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ ကိုကိုကြောင့်မျက်လုံးကိုပြန်မှိတ်ထားလိုက်ရသည်..။

"အဟွန့် အ့စကားက ကိုယ်အရင်ဖွင့်ပြောရမယ်ထင်နေတာ.."

ကြားလိုက်ရတဲ့ စကားကြောင့် ဂျီမင်း အံသြသွားကာ မျက်လုံးတွေဖွင့်မိသည် ကိုကို့ကိုကြည့်မိတော့ သူ့မျက်လုံးတွေကိုတည့်တည့်ကြည့်ကာ ပခုံးလေးကိုလာရောက်ဆုပ်ကိုင်တာကြောင့် ဂျီမင်း ပိုအံသြရပါသည်..။

"ဟုတ်တယ် မင်းကို ကိုယ်စတွေ့တုန်းက ကြည့်မရပေမဲ့ မင်းနဲ့ဒုတိယအခေါက်ဆုံတဲ့အချိန်တုန်းက ရင်ခုန်ခဲ့တာ နောက်​တော့ မင်းရဲ့ ချစ်စရာအမူအရာလေးတွေ ကလေးလေးဆန်ဆန်ရိုးရိုးသားသားနေတတ်တဲ့ကောင်လေးမို့ ကိုယ်ချစ်ခဲ့တာထင်တယ်.."

အက်ကွဲမှန်...💔💔💔Where stories live. Discover now