အက်ကွဲမှန်..💔💔.unizg 22

437 48 5
                                    

"ဒေါက် "

ဂျင် ကိုင်လာတဲ့ ဆန်ပြုတ်ဗန်းလေးကိုစားပွဲပေါ်အသံမြည်အောင်ချလိုက်ပြီး ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ထယ်ယောင်းကို စိတ်မကြည်သလိုကြည့်လိုက်မိတယ်။မနက်စာလာပို့ထားတဲ့ ကော်ဖီနဲ့မုန့်ကိုထိတို့ထားဟန်မတူ မနက်ကသူလာပို့ထားတဲ့အတိုင်းရှိနေလေတယ်။
သူ့ကိုကျောပေးအိပ်နေတဲ့ကောင်လေးကို ကြည့်ကာ။

"ထယ်ယောင်း ဘယ်ချိန်ထိငါ့ကိုခုလိုကလန်ကဆန်တွေလုပ်နေဦးမှာလည်းဟမ်
ဆေးရုံမှာမနေချင်ဘူးပြောလို့ မင်းဆန္ဒအတိုင်းအိမ်ကိုချက်ချင်းပြန်ခဲ့ပြီလေ ဒါကိုမင်းကဘာတွေဖြစ်နေပြန်တာလည်း အစားလည်းမစားဘူး မင်းကိုယ်မင်း အာဟာရ​တွေရှိနေတယ်ထင်နေလားဟမ်"

ကိုကြီးပြောတဲ့စကားတွေက်ု ထယ်ယောင်း မကြားသလိုပြုထားရင်း လက်ကစောင်တွေကိုသာ တင်းနေအောင်ဆုပ်ကိုင်ထားမိသည်။သူ့က်ိုလေသံမာမာနဲ့မပြောနဲ့ ဒေါသမထွက်ဘူးတဲ့ ​ကိုကြီးက ခုဆိုသူ့ကိုအလိုမကျချင်တော့ပေ သူခုလိုတွေလုပ်နေခဲ့တာကလည်း ဦးဆီကိုပြန်သွားချင်လို့ပါ။တောင်းပန်ပါတယ်ကိုကြီးရယ်လို့သာ ထယ်ယောင်းစိတ်ထဲကပြောနေမိသည်။

"မင်းဘဝတစ်လျှောက်လုံး မင်းဆန္ဒမင်းအလိုကိုသာငါလိုက်ခဲ့တာနော်ကင်ထယ်ယောင်း မင်းကို မင်းယွန်ဂီ လိုလူမျိုးနဲ့တော့ ငါဘယ်​တော့မှသဘောမတူနိုင်ဘူး ဒါကြောင့်အစာငတ်ခံဆန္ဒပြနေလည်းဘာမှမထူးဘူး"

ဦးအသံကြားတာနဲ့ ထယ်ကိုကြီးဆီကိုမျက်နာမူမိသည်။

"ဘာလို့လဲ ဘာလို့ဦးနဲ့ထယ့်ကိုခွဲချင်နေရတာလည်းဟင်ကိုကြီး ဦးမှာဘာအပြစ်တွေရှိနေလို့ ကိုကြီးကခါးခါးသီးသီးဖြစ်နေရတာလည်းဟင် ဘာလို့ ထယ်ပျော်ရွှင်နေတာကို ကိုကြီးမကြည့်နိုင်ရတာလည်း"

"တိတ်စမ်း ကင်မ်ထယ်ယောင်း ဘာအပြစ်ရှိလို့လဲဟုတ်လား အေးငါပြောမယ် မင်းချစ်နေတဲ့လူက ဦး​ထောင်ကွဲတစ်ယောက်မို့  ဖောက်ပြန်တတ်တဲ့လူစားမို့ ငါခါးသီးနေရတာ ပထမအကြိမ်ဖောက်ပြန်ဖူးတဲ့လူက ဒုတိယအကြိမ်မဖောက်ပြန်ဘူးလို့မင်းပြောနိုင်လားဟမ် မင်းဘဝတစ်လျှောက်လုံးမျက်နာညှိုးတာ​တောင်မခံနိုင်တဲ့ငါက မင်းပျော်နေတာကိုမကြည့်ချင်တာလားမင်းမို့မေးရက်တယ် ငါ့စေတနာမေတ္တာတွေကို မင်းမို့လှလှပပစော်ကားရက်တယ် "

အက်ကွဲမှန်...💔💔💔Where stories live. Discover now