အက်ကွဲမှန်..💔💔..unizg 23

430 45 5
                                    


"ဒီအပတ်ထဲ နိုင်ငံခြားထွက်နိုင်မယ့် လေယာဥ်နဲ့အချိန်ဇယားကိုငါ့ဆီမြန်မြန်ပို့ပေး "

"....."

"ရတယ် ဒီနိုင်ငံနဲ့ဝေးလေကောင်းလေပဲမို့ ငါ့ကို စကားတွေထပ်မများတော့ပဲငါပြောတာကိုနား​ထောင်"

"...."

"ကျစ် မင်းတတ်နိုင်ရင်ခုပဲလိုချင်တယ် မရရင်ငါ့ကိုစကားတွေများမနေပဲ မနက်ဖြန်အမြန်ဆုံးပို့နိုင်အောင်ကြိုးစား.."

ဖုန်းပြောရင်းစိတ်တို ကျစ်သပ်နေတဲ့သူ့အချစ်ကိုကြည့်ပြီး နမ်းဂျွန် သက်ပြင်းသာအခါခါချနေမိသည်။ဟိုဘက်က ဘာပြောတာလည်းသူမကြားပေမဲ့ ဆက်ဆက်တွေးမယ်ဆို ဘာဆိုတာကို သူသိပါသည်။ကုတင်ပေါ်မှာ မျက်ဝန်းတို့မှိတ်စက်အိပ်မောကျနေတဲ့ ကောင်ငယ်လေးကိုကြည့်ပြီးသူ့မှာစိတ်မကောင်းဖြစ်ရပြန်တယ်။အချစ်ရယ် အတ္တတွေကြီးလိုက်တာလို့ မစွပ်စွဲရက်တာကြောင့် ပွဲကြည့်ပရိတ်သတ်တစ်ယောက်လို ဘေးကနေကြည့်နေရသည်။သက်ပြင်းမောကိုသာ အခါခါချနေမိသည် ။ အတ္တ​တွေကြီးရင် ထိခိုက်မဲ့သူက နှစ်ဖတ်လုံးဖြစ်တာကြောင့်သူဝင်ပါမှဖြစ်တော့မည်။ပရိတ်သတ်တစ်ယောက်လို ကြည့်ခဲ့ရပေမဲ့ သူဝင်ပါမှဖြစိမယ်။
ဂျင် ဖုန်းပြောနေတာကိုပြီးအောင်စောင့်နေလိုက်သည်။ခနအကြာတော့ ဖုန်းကိုချပြီးသူ့ဘက်ကိုလှည့်ကြည့်လာသည်။

"အချစ် မင်းဘာတွေလုပ်နေလည်း မင်းကိုမင်းသိရဲ့လား.."

"သိတာပေါ့ သိပ်သိတာပေါ့"

"မင်းရှေ့ဆက်တိုးရင်အထိနာမှာ မင်းညီနော် မင်းညီကိုမသနားတော့ဘူးလား ဟမ် အချစ် သူရွေးချယ်တဲ့အချစ်မှာ သူ့ဘာသာသူပျော်ရွှင်ပါစေလား အချစ်ရယ် မင်းအတ္တတွေနဲ့ မင်းညီရဲ့ဘဝကိုရောစိတ်ကိုရောမသတ်လိုက်ပါနဲ့ကွာ..မင်းအတ္တတွေကြောင့် မင်းညီကိုပြန်မသတ်ပါနဲ့လားကွာ"

"ဘာ!!!!မင်းဘာပြောလိုက်တယ် ငါ့အတ္တကြီးတယ် ငါ့အတ္တကြောင့်ငါ့ညီကိုမသေစေပါနဲ့ဟုတ်လား ဂျွန် မင်းမို့ပြောထွက်ရက်တယ် ငါအတ္တတွေကြီးနေတာမဟုတ်ဘူး သူ့ဘဝလေးကိုကောင်းစားစေချင်လို့ သူ့ဘဝလေးလှလှပပလေးဖြစ်စေချင်လို့ ငါလူကြမ်းကြီးဝင်လုပ်နေရတာ ငါခုလိုလုပ်နေတာတွေအားလုံးက သူ့အတွက်ပဲ..."

အက်ကွဲမှန်...💔💔💔Where stories live. Discover now