အက်ကွဲမှန်💔💔💔unizg 6

471 32 3
                                    


"ဒါက ဘယ်ကပြန်လာတာလည်း "

ဂျောင်ဂု အိမ်ပြန်ရောက်​တော့ ခြံထဲဝင်လာတဲ့ထယ်ယောင်းကားကြောင့် ရပ်စောင့်နေလိုက်သည်..။ကားပေါ်ကဆင်းလာတဲ့ ထယ့်ကိုအရင်ဦးအောင်မေးလိုက်ခြင်းပေ။

"အံမှာ မင်းကရော ဘယ်ကပြန်လာတာလည်း "

"ဟျောင့် ငါအရင်မေးတာ အရင်ဖြေစမ်း.."

"ငါလုပ်လိုက်ရ မင်းထက်ငါကြီးတယ်နော်.."

"အိမ်ရှေ့ကနှစ်ကောင် တွေ့ထာတဲ့ကိုက်မနေနဲ့ အိမ်ထဲဝင်ခဲ့ကျ.."

တစ်ယောက်လည်ပင်းကိုတစ်ယောက် ဖက်ညစ်နေကျရင်းမှ အိမ်ထဲက အကိုဂျင့်အသံကြောင့် နှစ်ယောက်သား ဘုကြည့်ကြည့်ပီးမှ ဝင်လာကျသည်..။တကယ်တော့ ဂျောင်ဂုနဲ့ အကိုဂျင် ထယ်ယောင်းနဲ့က သွေးသားရင်းတွေမဟုတ်ကျပေ တဝမ်းကွဲအကိုနမ်းဂျွန်နဲ့ပတ်သတ်ပီးမှသိခဲ့ရသည်..။သိုပေမဲ့ သူ့အပေါ်ကို သူတို့သွေးသားရင်းလို သတ်မှတ်ပေးခဲ့သည် ဒါကြောင့်လည်း အကိုဖြစ်သူနောက်ကိုလိုက်နေခြင်းပင်..။အကိုနမ်းဂျွန်နဲ့အကိုဂျင်က တရားဝင် လက်ထက်ထားတဲ့လင်လင်တွေဖြစ်သည်..။အကိုဂျင်နဲ့ထယ်ယောင်းက​တော့ ညီအစ်ကိုရင်း​တွေပင်..။

နှစ်ယောက်သား အိမ်ထဲရောက်တော့ ယောင်းမကြီးကိုလျှက် ခါးထောက်ကာ သူတို့ကိုကြည့်နေတဲ့ ဂျင့်ကြောင့် နှစ်ယောက်သားခြေလှမ်း​တွေရပ်တန့်ကုန်သည်..။

"​ပြောစမ်းပါဦးကင်ထယ်ယောင်းရှီး ဘာအလုပ်ကြီးအလုပ်ကိုင်​တွေရှိနေကျလို့ ညက ပြန်မလာတာလည်း နောက်ပီး ဟိုကောင်လေး ညကcompanyကပြန်လာတာ ငါခိုင်းတာမသွားပဲ ဘယ်သဝေးထိုးနေတာလည်း.."

ထယ်ယောင်းသွားလေးဖြီးကာ ဂျင့်အနားကိုသွားပီး ဂျင့်လက်မောင်းလေးကိုမှီတွဲကာ ချွဲတဲ့အသံလေးနဲ့ အရေးဆိုလေသည်။။

"ကိုကြီးကလည်း ကျွန်တော့ကဒီတိုင်း သူငယ်ချင်းဆီသွားနေတာ ဟီး..."

"ဖယ်လွှတ်စမ်း ငါ့ကိုဘယ်လိုအသံနဲ့လာပြောနေတာလည်း ဖယ် ဖယ် ဖယ် သွား သွား ရေမိုးချိုးချေ ပီးရင်ပြန်ဆင်းလာခဲ့ နေ့လယ်စာစားရအောင်.."

သူ့ကို ကပ်ချွဲပွတ်သီးကပ်သီးလုပ်တာမကြိုက်တတ်တဲ့ဂျင့်ကြောင့် သူ့အတွက်အပြစ်ဘေးကလွှတ်အောင်ထိုနည်းကိုသုံးလိုက်ခြင်းပင်။ဂျင့်ဆီက သွားခွင့်ရတညကြောင့် အိမ်ပေါ်ထပ်ကိုအပြန်တတ်ခဲ့သည်.။တကယ်လို့ သူ့သာခြေလှမ်းနောက်ကျကြည့် အချွန်ကောင်ဂျောင်ဂုကြောင့်သူနားပူဦးမယ်..။အ့ဒီအချွန်ကောင်က ဘာကြောင့် company ရဲ့CEOတစ်ယောက်ဖြစ်လာလည်းမသိ တခါတခါ သူလောက်အတိုင်တောထူ အကျင့်ပုတ်တာလောက်မရှိဘူး..။ထယ်အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်မှာ ကန့်လန့်လဲချလိုက်ပီး သူနဲ့ဦးရဲ့ကြည်နူးခဲ့တဲ့အချိန်​တွေကိုပြန်​တွေးကြည့်ရင်း နူတ်ခမ်းထကယပ်အပြုံးတို့ကဝေ့သီလာပြန်သည်...။

အက်ကွဲမှန်...💔💔💔Where stories live. Discover now