အက်ကွဲမှန်..💔💔 14unizg

415 36 3
                                    

"ဟင် ဂျောင်ဂု မင်း ဘယ်ကနေ ဘယ်လိုရောက်လာတာလည်း.."

ထယ်ယောင်းတံခါးဖွင့်ဖွင့်ချင်း တံခါးဘောင်မှာခေါင်းစိုက်ထားတဲ့ဂျောင်ဂုကိုမြင်တာကြောင့် အံသြသွားရသည်..။အမှန်ဆိုဒီနေရာကိုသူနဲ့ဦးနဲ့သိသာသိထားခြင်း.။ဒါကိုဘယ်ကနေဘယ်လိုဒီကောင်ကသိလာရတာလည်း..။သူ့ကိုမော့ကြည့်လာတဲ့ဂျောင်ဂုမျက်နာက ပြိုတော့မယ့်မိုးလိုဖြစ်နေတာကြောင့် ထယ်ယောင်းတံခါးကိုအမြန်ဖွင့်ကာ အိမ်ထဲဝင်စေလိုက်သည်..။

"မင်းက ငါဒီမှာရှိနေတာဘယ်လိုသိလည်း"

မေးတာကို မဖြေသူ့ကိုသာတချက်မော့ကြည့်ပြီးဧည့်ခန်းထဲမှာဝင်ထိုင်နေတဲ့ဂျောင်ဂုကြောင့် ထယ် ခေါင်းသာခါရမ်းမိသည် ။အိမ်ပေါက်ကိုသေချာပြန်ပိတ်ပြီးတာနဲ့ ဂျောင်ဂုအနားမှာပဲကပ်ထိုင်လိုက်သည်..။

"ဘာဖြစ်လာပြန်တာလည်း မျက်နာက မျောက်နာကြီးအီးမှန်ထားတာကျနေတာပဲ
ဘာလည်း အကိုကြီးနဲ့ရန်ဖြစ်လာပြန်ပြီလား"

သူမေးသမျှကိုခေါင်းခါငြင်းနေတဲ့ဂျောင်ဂုကြောင့်ထယ်စိတ်တိုလာရသည်.။ဦး ကလွဲမရှည်တတ်တဲ့စိတ်ကြောင့် ။

"ဟ့ ဘာဖြစ်လာတာလည်း မျက်နာကခုချက်ချင်းပဲဆေးရုံတင်ရတော့မလိုလိုနဲ့"

"ဘာလို့ငါ့ကိုလာအော်နေတာလည်းမင်းက လူကအလိုလိုမှညစ်နေတာနော်.."

"အ့မာ မင်းကတစ်ပြန်စီး မင်းကိုငါကောင်းကောင်းမေးနေတုန်းကဖြေပါလား အ့တာအသာထား မင်းကငါဒီမှာရှိနေတာဘယ်လိူသိတာလည်း.."

"ငါလုပ်လိုက်ရ မင်းပဲ မင်းနဲ့ဦးရဲ့အိမ်လေးအလည်လာခဲပါဆ်ု မင်းပဲငါ့က်ုလိပ်စာပေးခဲ့တာလေ.."

"ငါ့က မင်းကိုအ့လိုပြောခဲ့တယ်.."

အမှန်တော့ထယ်ယောင်းသူ့ကိုဘာလိပ်စာမှမပေးခဲ့ သူ့ဘာသာထယ်ယောင်း​နောက် ခိုးလိုက်ရင်းသိရခြင်းပေ..။အကင်းပါးလွန်းတဲ့ထယ့်ကို သူစကားစအမြန်ဖျက်မှဖြစ်တော့မည်..။

"အဲ့ဒါ​တွေထားကွာ ခုငါအသည်းကွဲချင်သလိုဖြစ်နေတယ်.."

"အသည်းကွဲရင်ကွဲတယ်ပေါ့ ဘယ်နှယ့်အသည်းကွဲချင်သလိုလိုလည်း ဘာလည်းမင်းလူကမင်းက်ုအဖြေမပေးလို့လား"

အက်ကွဲမှန်...💔💔💔Where stories live. Discover now