အက်ကွဲမှန်💔💔unizg (2)

556 37 1
                                    


ပထမဆုံး စတွေ့ခဲ့တဲ့နေ့ကတည်းက သူ့နှလုံးသားတစ်စုံက အမည်မသိတဲ့ထိုလူဆီကိုပါသွားသည်.. ။သူ့ကိုထိုလူကဘယ်​တေင်စွမ်းဆောင်းသွားလည်းဆို ထိုနေ့ကချိန်းဆိုထားတဲ့ဟို​ဆော့ဆီမရောက်ဖြစ်သလို..မာမီဝင်ယူခိုင်းတဲ့ လက်ဝတ်ရတနာတွေကိုလည်းမေ့ကာ အိမ်ကိုသာပြန်ရောက်လာခဲ့သည်..။လူကဘယ်လောက်ထိရင်တွေခုန်နေခဲ့လည်းမသိ ဘာမှမစားသောက်ပဲထိုညက ထိုမျက်နာလေးကိုမြင်ယောင်ရင်းအိပ်ပျော်ခဲ့သည်..။ထိုလူက ဘယ်လောက်တောင်ဆိုးလိုက်သလည်း သူ့အိမ်မက်ထဲထိကိုလာပီး သူ့နှလုံးသားကိုခိုးယူသွားပြန်သည်..။

စားလည်းထိုလူကိုသတိရ ရေသောက်လည်း ထိုလူကိုသတိရ ဘာလုပ်လုပ်ထိုလူရဲ့မျက်ဝန်းနက်လေးတွေကိုပြန်မြင်ယောင်နေမိသည်..။

*ဘယ်သူကများကြိုသိခဲ့မှာလည်း ခုလိုချစ်ခဲ့တဲ့အတိုင်ူအဆတိုင်းပြန်ခံစားရမယ်လို့...*

🦋🦋🦋🦋🦋🦋🦋

"လာခဲ့ လာခဲ့ပါ ကိုယ်​တော်ချော မနေ့ကတနေကုန်စောင့်လိုက်ရတာ မလာနိုင်တဲ့အကြောင်းပြချက်လေးတစ်ခုလောက်ပေးစမ်းပါဦး.."

"အား...အား နာတယ် ဟို​ဆော့နာတယ် လွှတ် ငါတကယ်နာနေပီ.."

ဆိုင်ထဲကိုဝင်လာလာချင်း နာရွက်ကိုအဆွဲခံလိုက်ရတာကြောင့် ဂျီမင်းအော်မိသည်..။ဒီဆိုင်လေးကဟိုဆော့ကိုယ်ပိုင်ဆိုင်လေးမို့ သူတိူ့လွတ်လွတ်လပ်လပ် အော်ပြောနေလို့ရသည်..။

"နာအောင်လုပ်မှ​တော့နာမှာပေါ့ ငါမှာ မအားတဲ့ကြားက ကိုယ့်ဆိုင်ကိုယ်ပြစ်ပီး သူများဆိုင်မှာတနေကုန်ထိုင်နေခဲ့ရတာ ဘာကြောင့် မလာတာလည်း ပြောစမ်းပါ.."

"ဟီး မနေ့က ဘာလို့မလာလည်းဆို ငါ့နှလုံးသားလေးက တခြားလူနောက်ပါသွားလို့လေ.."

"ဟမ် ဘာပြောတာလည်း စကားကိုရှင်းအောင်ပြောစမ်းပါကွာ.."

"ဒီလို... "

ထိုသို့ဖြင့် ဂျီမင်းဟိုနေ့ကအဖြစ်ပျက်ကိုပြောပြလိုက်သည်..။သူ့စကားကြားတော့ ဟိုဆော့မျက်လုံးပြုးများနဲ့ သူ့ပါးတွေကိုထိကိုင်လာကာ လှုပ်ယမ်းဖိဖျစ်နေတော့သည်...။

အက်ကွဲမှန်...💔💔💔Where stories live. Discover now