အက်ကွဲမှန်..💔💔unizg 18

394 39 6
                                    

"ကောင်လေး ကောင်းလေး"

"ဟင် အင်းး.."

"ဆေးသောက်ချိန်ရောက်နေပြီ ဆန်ပြုတ်လေးသောက်ပြီးဆေးလေးသောက်ရအောင်လေနော် ခနလောက် ထဦးနော်"


ယွန်းဂီ ကိုင်လာတဲ့ဆန်ပြုတ်ပန်းကန်လေးကိုစားပွဲပေါ်တင်လိုက်ပြီ အိပ်ယာထပ်မှာလှဲအိပ်နေတဲ့ ကောင်လေးကို သာသာလေးလှုပ်နှိုးလိုက်သည်။ပြသနာ​တွေဖြစ်သွားကတည်းက ဒီကောင်လေးကျန်းမာရေးက သိသိသာသာဆိုးလာခဲ့သည်။ခနခနမောမောနေတာကိုသူ့ကိုမပြောပဲတစ်ယောက်ထဲကြိတ်ခံစားနေခဲ့တာ သူသာအသိမမြန်ခဲ့ရင် မတွေးရဲစရာ..။


"ဦး ဦးလားဟင်"

"ဟုတ်တယ် ကလေးလေးရဲ့ဦးပါ ထနော် ဆန်ပြုတ်လေးသောက်ရအောင်"

"ဦးဘယ်မှမသွားနဲ့နော် ထယ့်အနားမှာပဲနေပေးနော်"

မျက်လုံးမဖွင့်ပဲ သူ့လက်ကိုဆုပ်ကိုင်ကာပြောတာကြောင့် ယွန်းဂီ ရင်ထဲကြင်ခနဲခံစားလိုက်ရသည်။ကောင်လေးက သူ့ကိုဒီလောက်ထိချစ်တာတဲ့လား။


"စိတ်ချနော် ဦးကလေးနားကဘယ်မှမသွားဘူး ဦးက်ိုကလေးလေးကပိုင်သလို ကလေးလေးကလည်းဦးအပိုင်မို့စိတ်ချနော် ကဲထ ခုတော့ဆန်ပြုတ်လေးသောက်လိုက်နော်"

"ဦး အဟင့် ဟီး "

သူ့ရင်ခွင်ထဲတိုးဝင်ကာငိုချလိုက်တာကြောင့် ယွန်းဂီပြာပြာသလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားရတယ်။

"ကောင်လေး ကလေး ဘာလို့ငိုတာလည်းဟင် နေလည်းကောင်းသေးတာမဟုတ်ပဲနဲ့မငိုပါနဲ့လားနော် တိတ်တော့နော်"

"ထယ်လေ ထယ် ဦးကိုဆုံးရှုံးသွားရင် ထယ်အသက်ရှင်နိုင်မှာမဟုတ်ဘူး ထယ် ဦးကိုဘယ်သူ့ကိုမှပြန်မပေးနိုင်ဘူး ထယ်ဦးကိုအဆုံးရှုံးမခံနိုင်ဘူး ပြီး​တော့လေ ထယ်အိမ်မက်မက်တယ် ဦးကထယ့်ကိုထားခဲ့ပြီးအဝေးကိုထွက်ပြေးသွားတာတဲ့ ထယ်ရူးမတတ်ငိုနေခဲ့တာ ထယ်လေ ဦးကိုဆုံးရှုံးမှာအရမ်းကြောက်တယ် ဦးရယ်"

"မဆုံးရှုံးရပါဘူး ဦးထယ့်အနားမှာပဲသေတစ်ပြန်သက်တစ်ဆုံးတူတူရှိနေပေးမှာမို့ မငိုပါနဲ့တော့နော် ဦးကလေးလေးကလိမ်မာပါတယ်နော် ကလေးလေးကနေမကောင်းသေးဘူးလေနော်"

အက်ကွဲမှန်...💔💔💔Onde histórias criam vida. Descubra agora