အက်ကွဲမှန်.. 💔💔..unizg21

418 52 2
                                    


ဂျောင်ဂု ဂျီမင်းအိမ်ထဲကိုအဝင်အပေါက်ဝမှာ ဆုံလိုက်ရတဲ့လူကြောင့် မဖြစ်နိုင်ပါဘူးလို့အထပ်ထပ်ပြောနေတဲ့စကား​တွေ ယုံကြည်ထားမှုတွေကအလဲလဲအပြိုပြိုဖြစ်ခဲ့ရသည်။ မျင်နာချင်းဆိုင်တွေ့ပေမဲ့ ယွန်းဂီကိုစူးစိုက်ကြည့်နေမိသည်။ကိစ္စတွေအလုံးစုံကိုခြုံငုံကြည့်ရင် အမှား​တွေကြူးလွန်ခဲ့တာ မင်းယွန်ဂီ ဆိုတဲ့သူမလား။ငေးစိုက်ကြည့်နေကျပြီးမှ ဂျောင်ဂု အရင်မျက်နာလွဲကာ အိမ်ထဲကိုဝင်လာခဲ့သည်။အောက်ထပ်မှာဂျီမင်းကိုမ​တွေ့ရတာကြောင့် အ​ေပါ်ထပ်လှေကားအတိုင်းတတ်လာခဲ့သည်။လှေကား တစ်ထစ်ကိုနင်းချလိုက်တိုင်း သူ့နှလုံးသားကတစ်စစ်စစ်နဲ့နာကျင်လာပြန်တယ်။ တွေ့ပါပြီ သူ့အရိပ်လေးကို ဘယ်လောက်ထိငိုနေလည်းမသိ ခန္ဓာကိုယ်သေးသေးလေးကလှုပ်ခါနေသည်။သူပြေးပွေ့နှစ်သိမ့်ချင်ပေမဲ့ လက်သီးကိုသာ တင်းနေအောင်ဆုပ်ထားမိတယ်။ သူကအစစ်အမှန်နဲ့ချစ်ခဲ့ပေးလျှက်နဲ့ ဘာကြောင့်သူ့ကို လှည့်စားရတာလည်း ဒီအဖြေကို ဂျောင်ဂုဒီနေ့သိရမှဖြစ်မယ်။တစ်လှမ်းချင်း ဂျီမင်းဆီငိုတိုးကပ်လာရင်း မျက်ဝန်းကမျက်ရည်​တွေက အလိုက်မသိ ကျဆင်းလာပြန်သည်။



"ဒေါက် ခွမ်း.."

ဂျီမင်းကြမ်းပြင်ပေါ်ဒူးထောက်ငိုနေစဥ်..။လေမတိုက်ပါပဲနဲ့ စားပွဲပေါ်မှာ ဒေါက််တိုင်လေးနဲတင်ထားတဲ့ပုံက ကြမ်းပြင်ပေါ်ကိုကျရောက် ကွဲအက်ကုန်သည်။ ထိုပုံလေးက သူနဲ့ကိုကိုတို့ရဲ့ အိမ်ထောင်သက်တစ်နှစ်တုန်းကတူတူရိုက်ခဲ့ပုံပ င်။ နောက်ဆုံးအချိန်ထိ သူ့ကိုဘယ်အရာကမှမရွေးချယ်ခဲ့တာပဲ သူသိပ်ကိုချစ်မြတ်နိုးခဲ့ရတဲ့ကိုကိုရော နောက်ပြီး သူပိုင်ထားတဲ့ကိုကို့ပုံတွေရော   သူ့ကိုသိမ်းထားခွင့်ပါမပြုတော့ဘူးထင်ပါရဲ့။ ကြမ်းပြင်မှာကျကွဲသွားတဲ့မှန်နဲ့အတူ သူနှလုံးသားတစ်ခုလုံးကလည်းဘအင်ကြောင်းတွေဖြစ်ပေါ်လာသည်။


"ဂျီမင်း.."

ဂျီမင်းမျက်လုံးရှေ့ ခြေဖမိုးနှစ်စုံက်ိုမြင်လိုက်ရခြင်းနဲ့အတူ အသံပါကြားလိုက်ရတာကြောင့် ခေါင်းမော့ကြည့်တော့ သူ့ကိုဆွေးဆွေးလေးငုံ့ကြည့်နေရှာတဲ့ ကောင်လေးကိုတွေ့လိုက်ရသည်။ သူ့အတွက်နွေးထွေးတဲ့လက်တစ်စုံလိုအပ်လာတိုင်း သူ့ဆီကိုအကြောင်းမကြားရောက်လာတတ်တဲ့ကောင်လေးပါလား။ဒီကောင်လေး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါလား ဘာများဖြစ်လာတာပါလည်း..။

အက်ကွဲမှန်...💔💔💔Where stories live. Discover now