အက်ကွဲမှန်..💔💔11uni zg

456 38 4
                                    

နက်နက်ရှိုင်းရှိုင်းနမ်းနေမိကျသည်မှာ အချိန်တွေအတော်ပင်ကြာခဲ့သည်။ဗိုက်သားချပ်ချပ်ပေါ် ကျရောက်လာတဲ့ လက်တစ်ဖတ်ကြောင့် ဂျီမင်း အသိစိတ်တွေပြန်ဝင်လာခဲ့ရသည်..။

"ဟင့်အင်း.ဟင့်အင်း.. "

ဒီလိုအခြေနေသည်ဘယ်ကိုဦးတည်နေမှန်းသိတဲ့ဂျီမင်း ထိုအခြေနေကိုအရောက်ခံလို့မဖြစ်..သူကအိမ်ထောင်ရှိတဲ့လူတစ်ယောက်..သူ့အတွက်ဒီလိုအရာကမထူးဆန်းပေမဲ့ ဒီကောင်လေးကအရမ်းကိုသန့်စင်လွန်းတာကြောင့် ဒီနွံထဲကိုအရောက်ခံလို့မဖြစ်..။

"ဟင့်အင်း မလုပ်နဲ့ ဟင့်အင်း မလုပ်ပါနဲ့.."

ဗိုက်သားကနေ တဖြေး​ဖြေးလျောဆင်းကာ တင်သားပေါ်ကိုကျလာတဲ့လက်ကြောင့် ဂျီမင်းထိုလက်ကိုဆွဲဖမ်းထားလိုက်သည်...။ဂျောင်ဂု အတားဆီးခံလိုက်ရတာကြောင့် ညှပ်ရိုးလေးမှာခိုနာနေတဲ့သူ့အနမ်း​တွေရပ်တန့်ကာ သူ့ရင်ခွင်အောက်မှာရှိနေတဲ့လူကိုငုံ့ကြည့်မိသည်..။ထိုတော့မှာ မျက်ဝန်းကြည်ကြည်လေးတွေက အရည်လဲ့ကာသူ့ကိုခေါင်းခါငြင်းဆန်နေတဲ့ သူ့အရိပ်လေးကြောင့် ဂျောင်ဂု အသိစိတ်တွေဝင်လာရသည်..။သူမှားသွားတာပဲ သူလုံးဝကိုမှားသွားခဲ့တာပဲ မူးနေတဲ့လူကိုသူအခွင့်ရေးယူသလိုဖြစ်နေခဲ့ပြီ..။

"sorry sorry ဂျီမင်း ကျွန်တော်ကျွန်တော် အသိစိတ်လွတ်သွားခဲ့လို့ပါ ကျွန်တော် တောင်းပန်ပါတယ်.."

"ဟင့်အင်း ရတယ် ခုငါအိမ်ပြန်ချင်တယ် ငါ့ကိုအိမ်ပြန်ပို့ပေးပါလားဂျောင်ဂု.."

"အွန်း ရတယ်လေ ကျွန်တော်ပြန်ပို့ပေးပါ့မယ်.."

သူနဲ့မျက်လုံးချင်မဆိုင်ပဲအိမ်ပြန်ပို့ခိုင်းနေတဲ့သူ့ရဲ့အရိပ်လေးကြောင့် ဂျောင်ဂု ရင်ထဲစိုးရိမ်စိတ်ဝင်လာရသည်..။သူအခွင့်ရေးယူသလိုများဖြစ်ခဲ့တာလားဆိုတဲ့စိတ်က သူ့ရင်ထဲအမျိုးအမည်မသိခံစားလိုက်ရသည်..။

"သွားရအောင်လေ ဂျီမင်း... "

"ဟွန် အွန်းပြန်ရအောင် ငါ့ကိုသူငယ်ချင်းအိမ်ပဲလိုက်ပို့ပေးနော်ဂျောင်ဂု.."

"အွန်း "

မျက်နာလေးငယ်သွားတဲ့ကောင်လေးကြောင့်ဂျီမင်းရင်ထဲမကောင်းဖြစ်သွားရသည်..။ရိုးသားဖြူစင်လွန်းတဲ့ကောင်လေးက ခုဖြစ်သွားတဲ့ကိစ္စမှာသေချာပေါက်သူ့ကိုသူအပြစ်တင်နေတော့မှာ..။ဂျီမင်းသူ့ရှေ့ကအရင်ထွက်သွားမို့ပြင်နေတဲ့ကောင်လေးလက်ကိုလှမ်းဆွဲကာ..။

အက်ကွဲမှန်...💔💔💔Where stories live. Discover now