3

162 15 3
                                    

ရိပေါ်တို့ သုံးယောက်အခု စကိတ်ကွင်းထဲမှာရောက်နေကြတာဖြစ်သည်။

ရိပေါ်က စကိတ်မစီးပဲ စကိတ်ပေါ်ကျကျနန ထိုင်ကာ
ကောရဲ့ ကားသော့လေးကို မြောက်ကာပင့်ကာဆော့ကစားနေသည်။
မျက်နှာမှာလဲ အပြုံးပန်းတွေပွင့်နေ၏။

"ရိပေါ်...မင်းမျက်နှာက ဘာဖြစ်နေတာလဲ"

စကိတ်စီးရင်အနားရောက်လာတဲ့ ချူးမင်အမေးကြောင့်
ရိပေါ်က သူ့မျက်နှာသူ ပြန်ကိုင်ကြည့်ကာ

"ဘာဖြစ်နေလို့လဲ"

"အော်...မင်းဘာဖြစ်နေလဲ မင်းကိုမင်းမသိဘူးလား
မနေ့ကတည်းက ပြန်ပေးလိုက်တဲ့
ရှောင်ကျန့်ကောရဲ့ကားသော့ကိုကိုင်ပြီး
ပြုံးစိစိကြီးဖြစ်နေတာလေ"

"အော်ဒါလား..."

"ဒါလားလုပ်မနေနဲ့ရိပေါ် မင်း ရှောင်ကျန့်ကော အပေါ် ရိုးရောရိုးရဲ့လား"

မော့ရန်ကပါ အနားရောက်လာကာ ဝင်မေးတော့
ချူးမင်က ခေါင်းတငြိမ်ငြိမ့်ဖြင့်

"ဟုတ်တယ် ငါလဲသိချင်နေတာ မင်းနဲ့ရှောင်ကျန့်ကောက
ဘယ်လောက်ပဲ ညီအစ်ကိုတွေပါလို့ပြောပြော
အရင်းအချာမှမဟုတ်တာ အဲ့တော့ မင်းမဟုတ်မှ..."

"ဟေ့...ဟေ့...
မင်းတို့ ပေါက်ကရတွေလျောက်ထင်မနေနဲ့ ငါနဲ့ကောက ရိုးသားတယ်"

"ရှောင်ကျန့်ကောဘက်ကမရိုးသားဘူးလို့မပြောပါဘူး
ငါတို့ပြောချင်တာမင်း..."

"ငါကဘာလို့ကောအပေါ် မရိုးရမှာလဲ
ပြီးတော့ကောက မိန်းကလေးမှမဟုတ်တာ"

"အေး မင်းရဲ့ကောက မိန်းကလေးမဟုတ်လို့ ငါတို့မင်းကိုသံသဃဝင်တာပေါ့
တကယ်လို့မိန်းကလေးသာဆို မင်းတို့ကြိုက်နေကြပြီလိုပဲ ငါတို့ထင်မှာ"

"ဟုတ်တယ်..."

"တော်ပြီတော်ပြီ မင်းတို့ပေါက်ကရပြောမှာဆို ငါပြန်တော့မယ်"

ရိပေါ် စကိတ်ကိုကောက်ကာ ကားသော့ကို ဘောင်းဘီ အိတ်ကတ်ထဲ
အသာထည့်ရင်း ပြန်ရန်ခြေလှမ်းပြင်တော့
အချစ်တော်သူငယ်ချင်းနှစ်ယောက်က လှမ်းပြောလာ၏။

"မင်းစိတ်ကိုမင်းအသိဆုံးဖြစ်မှာပါ ရိပေါ်
ငါတို့ကဘေးလူပေမဲ့ မြင်နေရတယ်" တဲ့

love dropWhere stories live. Discover now