10

122 12 10
                                    

ရိပေါ် ကလပ်မှာ အပြင်းစားအရက်တွေကိုပဲ
တစ်ခွက်ပြီးတခွက်မှာသောက်နေတော့
ချူးမင်နဲ့ မော့ရန် စိတ်ပူလာရသည်။
သူတို့အမျိုးမျိုးပြောဆိုကာတားပေမဲ့ မရ

ထိုအချင်းအရာကို ရှေ့တည့်တည့်ကထိုင်ကြည့်နေတဲ့ ကွိုင်ရှစ်နဲ့
ကလပ်ရဲ့ မှောင်ရိပ်တစ်နေရာကကြည့်နေတဲ့ မုချန်ဟာ ကျေနပ်ပြုံးကိုယ်စီနဲ့ သဘောကျနေကြတော့သည်။ ခဏကြာတော့ မုချန်က ​မျက်ရိပ်ပြပြီး
လှမ်းခေါ်လိုက်တာကြောင့် ကွိုင်ရှစ်က သူတို့စားပွဲဝိုင်းကနေ
မုချန်ထိုင်နေတဲ့စားပွဲဝိုင်းကိုတိတ်တဆိတ်ကူးသွားတော့သည်။
ချူးမင်နဲ့ မော့ရန်ကလဲ ရိပေါ်ကိုပဲစိတ်ပူနေကြတာကြောင့်
ကွိုင်ရှစ်ကို အာရုံမထားမိပေ...

"ဘယ်လိုလဲ ကျုပ်တာဝန်ကျေတယ်နော်"

ကွိုင်ရှစ်ကာ မုချန်နဲ့မျက်နှာချင်းဆိုင်မှာထိုင်ကာ ထိုစကားကိုဆိုလိုက်၏။
ထို့နောက် မုချန်ရှေ့မှာချထားတဲ့အအေးခွက်ကိုလက်လှမ်းတော့

"အဲ့အအေးထဲမှာဆေးခတ်ထားတယ် မင်းသောက်ချင်သောက်"

မုချန်က သူ့အတွင်း အင်္ကျီ အိတ်ကပ်ထဲကနေ
စာအိတ်တအိတ်ထုတ်ပေးရင်း ထိုသို့ဆိုလိုက်တော့
ကွိုင်ရှစ်က အအေးခွက်ကိုလက်လှမ်းနေရာကနေ ဖယ်လိုက်သည်။
ထိုအချင်းအရာကို မုချန်က သဘောတကျရယ်ရင်း

"မင်းတာဝန်ကျေတယ် ဒါပေမဲ့ ဒီအအေးကို
ရိပေါ် သောက်အောင် တိုက်ပေးဖို့လိုသေးတယ်"

ကွိုင်ရှစ်ကာ စာအိတ်ထဲက ပိုက်ဆံကိုရေတွက်ကြည့်နေရင်းမှ
မုချန့်ရဲ့စကားကြောင့် ဘုကြည့်ကြည့်လာ၏။
ထို့​နောက်

"ကျုပ်ကဘာလို့ ခဗျားခိုင်းတဲ့အတိုင်းလုပ်ရမှာလဲ"

မုချန်က ဟန်ကျပန်ကျ ခြေချိတ်ထိုင်လိုက်ရင်း

"မင်းပဲ ဆိုင်ကယ်လောကမှာရိပေါ်ထပ်သာတဲ့
အကျော်အမော်တစ်ယောက်ဖြစ်ချင်တယ်ဆို"

"အဲ့တာနဲ့ပဲ ရိပေါ်ကိုဒီဆေးခတ်ထားတဲ့အအေးခွက်ပေးလိုက်ရမှာလား"

"ဒါကတော့မင်းသဘောပဲ မင်းရွေးချယ်မှု့အပေါ်မူတည်တာပေါ့
မင်းကိုယ်တိုင်အောင်မြင်မလား မင်းပြိုင်ဘက်အောင်မြင်တာကို
ထိုင်ကြည့်မလား မင်းဆုံးဖြတ်"

love dropWhere stories live. Discover now